Rec Comment OF M!иикy@иs^s Blog

Video, Mp3 အတွက် Download နည်းများ

အရှုပ်တွေလုပ်ပြီး အလုပ်ရှုပ်နေတာနဲ့ ကလိစရာ အကြောင်းလေးတွေ မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီမို့ ရေးလိုက်ဦးမယ်ဗျာ။ သိပြီးသားဖြစ်သူများလဲ ရှိမှာပါ။

အပိုင်း(က) Youtube, metacafe video ဖိုင်တွေ Download ချဖို့ သိသမျှ နည်းလမ်းများ နဲ့
အပိုင်း(ခ) webpage ပေါ်ရှိ imeem, MySpace, eSnips, iJigg, MOG စတဲ့ Mp3 player မှ Mp3 သီချင်းများကို Download ချဖို့ ဖြစ်ပါတယ်။

(က) အရင်ဆုံး Youtube video ဖိုင်တွေ Download ချဖို့ နည်းလမ်းတွေ တော်တော်များများ ရှိပါတယ်။

(၁) Youtuber Downloader Software ကို အသုံးပြုပြီး Download ယူတဲ့ နည်းကတော့ ရှင်းပါတယ်။ Software ကို ဒီမှာ Download ယူနိုင်ပါတယ်။ Run ပြီးတာနဲ့ Youtube Downloader ထဲက video URL မှာ လိုချင်တဲ့ video ရဲ့ URL ကိုထည့်ပေးပြီး OK ကို Click လိုက်ရင် FLV ဖိုင်အမျိုးအစားနဲ့ ထွက်လာပါတယ်။ ဒါကတော့ ရှင်းပါတယ်။ ဆော့ဖ်ဝဲသုံးတာကိုး။

(၂) Real player သုံးသူများကတော့ Download ယူတာ လွယ်ကူပါတယ်။

(၃) Internet Download Manager (IDM) သုံးသူများ IDM ရဲ့ Downloads >> Options >> File types မှာ FLV လို့ ထပ်ထည့်လိုက်ရင်လဲ ရပါတယ်။ ဒါပေမယ့် ဒီလို လုပ်သူတွေက youtube မှာ တခါတည်း ကြည့်လို့ မရပဲ ဝင်လိုက်တာနဲ့ webpage မှာ ရှိသမျှ video တွေကို Download ချဖို့ တစ်ခုပြီး တစ်ခု မေးနေမှာ ဖြစ်ပါတယ်။

(၄) အကယ်၍ မိမိ computer မှာ software အပိုတွေကို Run မထားချင်ရင် လိုချင်တဲ့ video ရှိတဲ့ URL မှာ youtube အစား voobys ဆိုတဲ့ စာလုံးကို အစားထိုးရိုက်ထည့်ပြီး Enter ပါ။ Download လင့်ခ် တခါတည်း ထွက်ပေးပါလိမ့်မယ်။
ဥပမာ - http://www.youtube.com/watch?v=TIAWP2oFDyE ဒီလို URL မှာ
ဒီလိုလေး http://www.voobys.com/watch?v=TIAWP2oFDyE လို့သာ ပြောင်းထည့်လိုက် ရုံပါပဲ။ မရှင်းသေးရင် ပုံမှာ ကြည့်ကြည့်ပါဦး။



>> ပေးလာတဲ့ Download လင့်ခ်ကို click လိုက်တာနဲ့ Download ပါတယ်။ ဒါပေမယ့် Unknown file type နဲ့ save သွားပါတယ်။ ဒါ့ကြောင့် video ဖိုင်ကို အမျိုးအစား သတ်မှတ်ပေးဖို့အတွက် လိုအပ်ပါတယ်။
Folder Options >> View >> Hide extensions for known file types မှာ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ။
>> ပြီးရင် video ဖိုင်ကို အမည်အသစ်ပေးပြီး နောက်ဆုံးမှာ .flv (or) .wmv (or) .wma လို့ ပေးလိုက်ရင် ကြည့်လို့ရတဲ့ video ဖြစ်သွားပါပြီ။
>> Internet Download Manager (IDM) သုံးသူများကတော့ Download video ကို R-click မှတဆင့် Download with IDM ကိုရွေးလိုက်ရင် FLV ဖိုင်နဲ့ တခါတည်း Save သွားပါလိမ့်မယ်။

(၅) နောက်တမျိုးကတော့ youtube နဲ့ metacafe က လိုချင်တဲ့ video တွေရဲ့ URL ကို ဒီဝဒ်ဆိုက်မှာ ထည့်ရှာပြီး Download တဲ့ နည်းဖြစ်ပါတယ်။ ခုတလောတော့ အဲဒီဆိုက်ဒ်က ရလိုက် မရလိုက် ဖြစ်နေတတ်ပါတယ်။

အဲဒါကို လေ့လာချင်ရင်တော့ ဒီမှာ လေ့လာနိုင်ပါတယ်။

(၆) နောက်ဆုံး တစ်ခုကတော့ အပိုင်း(က) ရော (ခ) အတွက်ပါ သက်ဆိုင်ပါတယ်။
youtube / metacafe စတဲ့ website တွေရဲ့ video တွေကိုရော imeem, MySpace, eSnips, iJigg, MOG စတဲ့ Mp3 player မှ Mp3 သီချင်းများကို Download ချနိုင်တဲ့ software ဖြစ်ပါတယ်။ ဒီမှာ Download နိုင်ပါတယ်။ ဖိုင်ဆိုဒ်က 1MB တောင် မရှိပါဘူး။

အသုံးပြုဖို့ကလည်း လွယ်လွယ်လေးပါပဲ။
>> သူ့ကို Run ပြီးလို့ ဖွင့်ထားပြီး Taskbar နဲ့ Tray ကြိုက်တဲ့ နေရာမှာထားပါ။
>> ပြီးရင် ကိုယ်လိုချင်တဲ့ video (or) Mp3 ကို ဖွင့်လိုက်ရုံနဲ့ သူ့ဆီမှာ ဝင်နေပါလိမ့်မယ်။
>> ဖွင့်နေတဲ့ video (or) Mp3 ကို စောင့်ခိုင်းထားတဲ့ စက္ကန့်အထိ Download ချ ၊ မချ user's command ကို စောင့်နေပါတယ်။
>> Download ချချင်တဲ့ video (or) Mp3 ကို ရွေးပြီး Download ကို click တာနဲ့ မိမိလိုချင်တဲ့ video (or) Mp3 ကို ရမှာ ဖြစ်ပါတယ်။



ရလာမယ့် ဖိုင်ကို save မယ့် နေရာက C:/Downloads ပါ။ ရှာရလွယ်အောင် မိမိထားချင်တဲ့ နေရာကို General >> Browse မှတဆင့် ရွေးပေးပါ။


မိမိအသုံးပြုတဲ့ Brower ဟာ IE / Firefox အပြင် တခြား Browser ဖြစ်မယ်ဆိုရင်လဲ ထပ်ပြီး တိုးပေးလို့ရပါတယ်။ဒီဆော့ဖ်ဝဲအကြောင်းလေ့လာချင်ရင်တော့ ဒီမှာ လေ့လာပါ။

မျက်စိမလည်အောင်တော့ တတ်နိုင်သလောက် ကြိုးစားပြီး ရေးထားပါတယ်။ သိပြီးသား လူများအတွက် ကလေးဆန်ရင်လဲ ဆန်နေပါလိမ့်မယ်။ ကြိုက်ရာနည်းနဲ့ အသုံးပြုနိုင်ဖို့အတွက် သိသမျှကို အိပ်သွန်ဖာမှောက်လိုက်တာဖြစ်ပါတယ်။ သူငယ်ချင်း အားလုံး အဆင်ပြေ နိုင်ပါစေဗျာ...wink

6 Comments:

စိုးထက် - Soe Htet ! said...

Good ! :P

Anonymous said...

Very Very Good..
မင်းကျန်စစ်က တော်တီးတီးတော်..
ချော်ပြီးရင်တော့ မချော်ပါဘူး
ချောပဲ ချောတာနော့်
ဟိဟိ :P

khin oo may said...

အိပ်သွန်ဖာမှောက် ကို ကောက်သွားပါတယ်။ you tube downloader ကတော.အရှင်းဆုံးနားလည်လွယ်လို.အဲဒါဘဲ ယူသွားတယ်။ ကလေး ကစားသလို ကလေးဆန် သလိုမဖြစ်ပါဘူး။ဘာဖြစ်လို့လဲ ဆိုတော့ လူကြီးတွေလဲ သိမှ မသိဘဲ. ဥပမာ တို.ပေါ့.။

layma said...

မလည်အောင်ဆိုပေမယ့် လည်..သွားတာပဲ..။
လေးမ မှ မသိဘဲ..။ ဟဲ..။ စတာ..။ ခ ကို အရင်လုပ်မယ်..။

ကိုရင်နော်ခင်လေးငယ် said...

ကိုကျန်စစ်ကြီးကျေးဇူး..
လုပ်စရာရှိတာတွေ ဒေါင်းချင်နေတာ..
ဒေါင်းချင်တိုင်းမဒေါင်းရ လုပ်ချင်တိုင်းမလုပ်ရ ဖြစ်နေတာ..
ခုတော့ အိုကေသွားပြီ..
လုပ်ဒေါင်းတော့မယ်... အဲ့.. ဒေါင်းလုပ် လုပ်တော့မယ်.. ဟီးးးး....
(ကိုရင်နော်)

သံလုံငယ် said...

Downloading အတွက် ဘာမှ ထပ်ရေးစရာမလိုအောင် ပြည့်စုံနေလို့ မရေးတော့ပဲ လင့်လိုက်တယ် အစ်ကိုတော် .. ဘယ်ဘက်လက်နဲ့ ကြက်ကင်ကမ်းပေးပြီး .. ညာဘက်လက်နဲ့ ဘီယာ တိုက်ပါဗျို့ .. ဟီဟီ .. :P

http://www.thanlonengal.co.cc/2008/07/mp3-download-from-imeem.html