Rec Comment OF M!иикy@иs^s Blog

ကိုယ့်ကိုယ်ကိုဖော် မသူတော်

ဟိုတခါတုန်းက တက်တာတွေ ခေတ်စားလိုက်တုန်းက ဘလော့တွေမှာ ပြဿနာ နည်းနည်းဖြစ်ပြီးကတည်းက တက်တာတွေ ရပ်သွားလိုက်တာ ခုပြန်ပေါ်လာပြန်ပီပေါ့။ ရှေ့တစ်လကျော်လောက်ကတည်းက မအားဖြစ်လို့ ဘလော့ကို ပစ်ထားမိတာ တက်ကြွေးရေးပေးဖို့လဲ တော်တော်ကို နောက်ကျသွားတယ်။ နောက် - မွေးနေ့တုန်းကလဲ ပွဲလုပ်ပေမယ့် ဘာမှမရေးဖြစ်တာ ဘာရယ်မဟုတ်ပါဘူး မအားတာရယ် နောက် ဘလော့ဘက်မှာ ကွာနေတာကြာပြီး ခုရက်မှ ထမရေးတယ်ဖြစ်မှာ စိုးလို့ပါ။ သိသွားလို့ လာနှုတ်ဆက်ပေးကြတဲ့ သူငယ်ချင်းအားလုံးကို အားနာနာနဲ့ ကျေးဇူးတင်မိပါတယ်။ ကဲ ... တက်ဂိမ်းစလိုက်တဲ့ မီးငယ် နဲ့ ဘော့ဒကာကြိမ်း ကြိမ်းနေတဲ့ မောင်ငယ် ရေ .... စပြီကွ။

နာမည် -------- မင်းကျန်စစ် (ဘာလို့ ပေးမိလိုက်လဲတော့ နောက်မှ ရေးတော့မယ်)
သူငယ်ချင်းတွေက ဒီလိုခေါ်ကြတယ် ------- ကျန်စစ် ၊ ကျန်ရစ် ၊ ကြံဆစ် ၊ မောင်ကျန် ၊ ကိုကျန် ၊ ဆြာကျန် ၊ ကျန်ကျောင်း ၊ ကြံဖတ်ပုတ် (ကြယ်စင်နတ်သမီး) ၊ သား (ပန်းခရေ) ၊ ညီတော် (အညာသား) ၊ နယ်တား (ကိုရင်ညိန်း) ၊ ဖွားဘက်တော်အကို (Dream)
ဒီမှာနေတယ် -------- ကုတင် စားပွဲနဲ့ ဘီဒိုသေးသေးလေးသာ ပိုင်ဆိုင်ပြီး ရေနံမြေ လုပ်သားတန်းလျားလို နေရာမလောက်မငလေးသာရှိတဲ့ အခန်းကျဉ်းလေး
ဖုန်းဆက်ချင်ရင် -------- နံပါတ်နှိပ်ပေါ့ razz
အကြိုက်ဆုံးတွေက
အရောင်ဆိုရင် ----------- Skyblue
အဝတ်အစားဆိုရင် ----------- ခွေးမကိုက် ၊ ကျွဲမခွေ့ခံရရင်ပြီးရော (ဘာဝတ်ဝတ် လိုက်နေတော့လဲ ပြောစရာလိုတော့ဘူးပေါ့လေ ) တခါတလေကျ ၁၂ နှစ်သားစတိုင် ၊ တခါတလေကျ တရားစခန်းဝင်မယ့် အဖိုးကြီးပုံ ၊ တခါတလေကျ လုပ်ငန်းရှင်စတိုင် (အလုပ်လုပ်ရင်း ငန်းတာမဟုတ်ပါ) mrgreen
အစားအစာဆိုရင် ---------- လူစားတာမှန်သမျှ (နတ်အတွက်လည်းမရှောင် ၊ ကားအတွက်လည်း မရှောင် ဘယ်သူ့အတွက် ဘာအတွက်မှကို မရှောင်ဘူး။ ဧည့်သည်လုပ်ရင်လည်း အိမ်ရှင် ရွေးချက်နေရမှာ အားနာလို့)
ပစ္စည်းဆိုရင် ---------- အီလက်ထရောနစ်အသုံးအဆောင်
သီချင်းဆိုရင် ----------- ခွေးအော် ဝက်အော် ဒါမှမဟုတ် အီလေးဆွဲမနေရင် အားလုံးနားထောင်တယ်
စာရေးဆရာဆိုရင် ------------ ဟာသနဲ့ ဖော်ကျူးတဲ့အချစ်ဇတ်လမ်းများရေးသော နီကိုရဲ ၊ အတွေးအခေါ်ပါတဲ့ ဇတ်လမ်းများရေးသော တာယာမင်းဝေ ၊ မောင်လှမျိုး (ချင်းချောင်းခြံ) (ကြိုက်မုန်းစာရေးဆရာကြီး - ဖတ်လို့ကောင်းပြီး နောက်ဆုံး မရ ရအောင် ခွဲကိုခွဲတဲ့လူကြီး)
စာအုပ်ဆိုရင် ---------- ဖေဖေရဲ့ လက်ဆင့်ကမ်းအမွေစာအုပ်များ
Life Style ------------ ဘိုသီဘတ်သီ ဖိုးသိုးဖတ်သတ် ဖတ်သိုးဖတ်သီ
ဝါသနာ ---------- မသိသေးတာ တစ်ခုခုကို ကလိနေချင်တာ
အလိုချင်ဆုံးလက်ဆောင် ----------- ရင်းနှီးကျွမ်းဝင်မှု
အချစ်ဆုံး အလေးအထားဆုံးသူက ----------- မိဘနှစ်ပါး
အမုန်းဆုံးလူ -------- ပူစာလွန်း ထိမ်းချုပ်ဖို့တော်တော်ခက်လွန်းတဲ့ ကိုယ့်ကိုယ်ကို
အခင်ဆုံးသူငယ်ချင်းက --------- အညာသားလေး
ရင်အခုန်ဆုံးအချိန် ------------- ပြေးတဲ့အချိန်
အကြောက်ဆုံးအချိန် ------------- ကျောင်းနောက်ကျနေတုန်း ဓါတ်လှေကားပျက်တဲ့အချိန်
အချစ်ဆိုတာ -------- ပေါက်လုပ်ပဲစား သီအိုရီတွေ ၊ ကမြောက်ကချောက် ဖော်မြူလာတွေ ၊ ကဗျစ်ကညစ် ဒဿနတွေ ဖောင်းပွဲလာအောင် လုပ်တဲ့ တရားခံ
အမုန်းဆိုတာ ----------- ပါးရိုက်ခံရမယ့် အဓိက အကြောင်းရင်း
အလွမ်းဆိုတာ ----------- မင်းသမီးတွေ ပရုတ်ဆီသုံးဖို့လိုတဲ့ အကြောင်းရင်း
ဘဝဆိုတာ --------- လုံးလည် ချာလည်ကြီး
သူငယ်ချင်းဆိုတာ ------------ ညီအကို မောင်နှမမရှိတဲ့ ကျနော့်အတွက် အဓိက အဖော်မွန်
ချစ်သူဆိုတာ ----------- ချစ်ဖို့နဲ့ ရန်ဖြစ်ဖို့ wink
ကိုယ်ကိုယ်ကိုထင်တာ ---------- ဥစ္စချော ရုပ်ပေါ mrgreen
အပြောချင်ဆုံးစကား -------------- ဗိုက်ဆာပြီ။ razz mrgreen lol

13 Comments:

khin oo may said...

ဥစာပေါ ရုပ်ချော ဘိုသီဘတ်သီ ကိုကျန်းအတွက် အမ်းမား (တရုတ်လို အဖွားဟု အနက်ရပါသည်။) ကညာလေးတစ်ယာက် export လုပ်လိုက်ပါမယ်။

Anonymous said...

အဟားး ကိုယ့်ကိုကိုယ်ထင်တာကတော့ မိုက်တယ်.. ဟိ :P

မီးငယ် said...

ဥစ္စာပေါရုပ်ချောတဲ့...ဟိ...

အညာသား said...

မင်းဗိုက်ကလဲ ဆာပဲဆာနိုင်လွန်းတယ်။
ဥစ္စာချော ရုပ်ပေါ.. တဲ့... ငါနဲ့သူငယ်ချင်းဖြစ်နေပြီးတော့ ငါ့လို တည်တည်တန့်တန့်နေစမ်း။ ငါ့ကိုအားကျစမ်းပါ။ :P

ကျွန်တော် said...

တရားစခန်းမယ့် ဒီဇိုင်းက ပိုမိုက်တယ် အကိုကြီးရ

မောင်ထုဆစ်သော "ပန်းလေး" said...

ထမ္မင်းကျက်ပီဗျို့....
ဥစ္စာချော ရုပ်ပေါတဲ့...
အင်းကိုဆိုးသွမ်းပြောတာမှန်နိုင်တယ်...
မင်းကျန်စစ်လိုပဲ မျက်နှာများတာတော့ မဟုတ်ပါဘူးနော် :P

mgngal said...

အစ်ကိုက ရုပ်တည်ကြီးနဲ့  ပေါ... အဲအဲ မှားလို့  ချောတာပဲ
ဟဲဟဲ :P

Anonymous said...

ကိုကျန့် အကြောင်းလာဖတ်တယ် ခွေးကဘောင်းဘီရှည်ဝတ်ထားရင် ကိုက်မှာပဲတဲ့း) ဘာမှမ၀တ်ပဲ ချွတ်သွား ဟိ

Unknown said...

ငါလည်း ဆာလာပြီ ဟိ :P

ပန်းခရမ်းပြာ said...

ဘာဝတ်ဝတ် လိုက်တဲ့သူမျိုး တွေ့ဘူးချင်လိုက်တာ။ ဓာတ်ပုံလေး တင်ထားပါဦး။

Anonymous said...

နွေလဲ ကောင်းကင်အပြာလေးကြိုက်တယ်
ဖုန်းဆက်ချင်ရင်နံပတ်နှိပ်ဆိုတော့ 199လား အဟီ
ဘာဝတ်ဝတ်လှတော့လဲပြောအားရှိတာပေါ့လေ
အစားအသောက် ဂျီးမများတော့လဲ ချက်ကြွေးရတဲ့သူ မပင်ပန်းပဲ စိတ်ချမ်းမြေ့တာပေါ့နော်..
မင်းသမီးတော့ ပူစပ်ပူလောင်ကြီးဖြစ်တော့မှာပဲ ..
ချစ်သူဆိုတာ ချစ်ဖို့နဲ့ ရန်ဖြစ်ဖို့ဆိုပါလား
*ရန်ဖြစ်ပြီးရင်အချော့ခံရတာလဲ အရမ်းကြည်နူးဖို့ ကောင်းတာနော်*
ဪဗိုက်ဆာပြန်ပြီလား...........:P

Anonymous said...

၃ မိနစ်ပဲစောင့်.။။။။

ခေါင်းစဉ်က တစ်မျိုးပဲ... ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်.. မဟုတ်ဘူးလား... ကျန်ရစ်ရဲ့...။ တမင် နောက်ပြီး ရေးထားတာထင်တယ်။။။

ထွေးငယ် said...

ဟားဟား
တကယ်မိုက်တယ်ဗျာ... :D