ကျွန်တော်အရမ်း ကြည်နူးနေမိတယ်။ နှစ်သစ်ကို ကြိုတာ တော်တော် စောနေသေးမှန်း သိပါတယ်။ အရင်ကလို ပြင်ဆင်ခွင့်မရှိလို့ တမ်းတစိတ်နဲ့ ဘလော့မှာ ပြင်ဆင်ပြီး စောစော ရေးမိတာလဲ ပါပါတယ်။ လာလည်ပြီး ဆုတောင်း ၊ ကောင်းချီးပေးသွားကြတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူး အရမ်းတင်မိတယ်။ ဟိုး အရင်နှစ်တွေကတော့ ခုလို ရက်မျိုးတွေမှာ ခရစ်စမတ်ပင်နဲ့ တူတဲ့အပင်လေးတွေ လိုက်ရှာပြီး ကိုင်းကိုခုတ် ၊ တချို့နှစ်တွေမှာတော့ ပလပ်စတစ် အပင်လေးတွေ ဝယ်ပြီး ပန်းအိုးကြီးကြီးထဲ အတင်းထိုးစိုက် ၊ မီးဆိုင်းလေး ဖဲကြိုးလေးတွေပတ် ၊ လက်ဆောင် ပစ္စည်းလေးတွေ ချိတ် ၊ အနီးစပ်ဆုံး တူအောင် ဖန်တီးပြီး ကြည်နူးနေခဲ့ရတာပေါ့။ နှင်းကျတာနဲ့ တူအောင် ဂွမ်းစလေးတွေ မွပြီး အပင်မှာတောင် ကိုက်ကပ်ခဲ့ရသေးတာ။ မိသားစု စကားပြောရင်တောင် ခရစ်စမတ်ပင်လေးနားမှာ စကားဝိုင်းဖွဲ့ခဲ့တာပေါ့။ ခုတော့ ဂွမ်းစလေးတွေ မဟုတ်ပဲ တကယ့် နှင်းတွေ ဖွေးဖွေးဖြူ ကပ်နေတဲ့ ခရစ်စမတ်ပင် အကြီးကြီးတွေ ရှေ့ရောက်နေရတာလေ။ အရင်ကလို သီချင်းလေးတွေ တိုက်နေခွင့် ဆိုနေခွင့် မရပေမယ့် ရင်ထဲမှာတော့ လွမ်းဆွတ်စွာနဲ့ အမှတ်တရ လိုက်ဆိုနေမိပါတယ်။ ရစ်သမ် ဂစ်တာလေးနဲ့ ဆိုထားတဲ့ ခရစ်စမတ် သီချင်းလေးတွေ သူငယ်ချင်းတို့မှာ ရှိနေရင် ပို့ပေးဖို့ တောင်းဆိုပါတယ်ဗျာ။ မနေ့က ရှာထားတဲ့ ဓါတ်ပုံလေးတွေလဲ တင်ပေးလိုက်ပါတယ်။ နှစ်သက်ရင် ကူးယူပြီး ကြိုက်နှစ်သက်ရာ နေရာမှာ အလှဆင်နိုင်ပါတယ်ဗျာ။
-






6 Comments:
နှစ်သစ်ကိုကြိုတဲ့ ဓာတ်ပုံတွေကြည့်သွားတယ်...
ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ပါဂျာ...
နှစ်သစ်ကို ကြိုဖို့ အစောကြီး ၀ရီယကောင်း နေတာပေါ့။ ပုံလေးတွေ လှတယ်၊ နှစ်သစ်မှာ ပျော်ရွင်ပါစေ၊ အတူတူ နှစ်သစ်ကို ကြိုကြတာပေါ့
နွေကဗျာလေးက မင်းကျန်စစ်ဘာတင်တင် ကြိုက်ပြီးသားမို့. ခုလဲပုံလေးတွေကို.ကူးယူ
ပြီးပြီ ရှင့်...မင်းကျန်စစ်ပြောတဲ့ နှင်းတွေဖွေးဇွေး
ခရစ်စမတ် ပင်ကြီးကို.အရမ်းကိုကြည့်ချင်တာ ပဲ..ပြီးရင်
စတား မင်းကျန်စစ်နဲ့တူတူ အပင်ကြီးအောက်.ဓတ်ပုံတွဲ ရိုက်ဦးမှာ. အ ဟိ.. :P
nice photos !!
မယ်ရီ ခရစ်စမတ်ပါ..ကိုကျန်ရေ
နှစ်သစ်ကို ကြိုတာစောတယ်နော်။
နှစ်သစ်ရောက်ချင်နေပြီလား။
ပုံလေးတွေ ကြိုက်တယ်။
ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေရှင်။
Post a Comment