Rec Comment OF M!иикy@иs^s Blog

ဒုတိယသင်္ကြန်အကျနေ့ရဲ့ သင်္ကြန်ပွဲ

သင်္ကြန်အကြိုနေ့မှာ သူငယ်ချင်း ဘလော့ဂါတွေနဲ့ လည်ခဲ့ပြီး ဒီနေ့လို နှစ်တိုင်းမကြုံနိုင်တဲ့ သင်္ကြန်ဒုတိယအကျနေ့မှာတော့ ကျနော်တို့ ကျောင်းမှ မြန်မာနိုင်ငံတော် သံရုံးမှ လူကြီးများနဲ့ ရုရှားဆရာ ဆရာမများကို ဖိတ်မဏ္ဍကပြုကာ သူငယ်ချင်း ညီအကိုတစ်တွေနဲ့ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ ဒီနိုင်ငံသားများမှ မြန်မာတို့ရဲ့နှစ်သစ်လို့ အသိအမှတ်ပြုကြတဲ့ နေ့ရက်လေးတစ်ရက်လဲ ဖြစ်ပါတယ်။ ရောက်စကဆို ဧပြီလမှာမှ နှစ်သစ်ကူးတဲ့ ကျွန်တော်တို့ရဲ့ မြန်မာဓလေ့ကို အထူးအဆန်းမေးလို့ ရှင်းပြခဲ့ရတာလေးကို မှတ်မိပါသေးတယ်။ နောက်တော့ အက်ဆေးရေးရင်လဲ မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲအကြောင်းကို အလေးပေးပြီး ရေးခဲ့ကြပါတယ်။ အပိုင်နိုင်ဆုံးဖြစ်အောင် ရေးလာကြတော့ ဒီနိုင်ငံမှ ဆရာ ဆရာမများရဲ့ စိတ်အဝင်စားဆုံး အက်ဆေးတစ်ပုဒ်လဲ ဖြစ်ခဲ့ရပါတယ်။ ယဉ်ကျေးမှုတွေ ဘယ်လိုပင် ကွာခြားပါစေ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုတဲ့ မြန်မာ့ဓလေ့ကို သဘောကျ နှစ်သက်ကြတာကို တွေ့လာရပါတယ်။ မနှစ်ကဆိုရင် မြန်မာကို သုံးခေါက်လောက် ရောက်ခဲ့ဖူးတဲ့ ရုရှားနိုင်ငံသားများနဲ့ မြန်မာဘာသာ သင်နေသော သင်တန်းသားများပါ တက်ရောက်ခဲ့ပါတယ်။ မြန်မာစကားတတ်ထားသူက ကျေးဇူးတင်စကား ပြောသွားတဲ့အခါ မြန်မာသင်္ကြန်တွင်းမှာ ရဟန်းတစ်ခါ ဝတ်ခဲ့ဖူးတယ်လို့တောင်ဆိုလို့ အံ့သြဝမ်းသာခဲ့ရပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာ ကျယ်ပြန့်လာတဲ့အတွက် ဂုဏ်ယူခဲ့ရပါတယ်။ ဒီနှစ်တော့ သူတို့မရောက်လာခဲ့ပါဘူး။

ကျွန်တော်တို့ရဲ့ ဒီနေ့ပွဲလေးက ဓါတ်ပုံတွေကို သူငယ်ချင်းများ ခံစားနိုင်အောင် မျှဝေလိုက်ပါတယ်။ သင်္ကြန်တွင်း ကွန်ပျူတာရှေ့မှာတင်နေပြီး ပွဲအမျိုးမျိုး တက်ရအောင်ပေါ့ဗျာ။သင်္ကြန်ပွဲကျင်းပတာကတော့ ကျွန်တော်တို့ကျောင်းက ကျောင်းသားကျောင်းသူများအတွက် ဖွင့်လှစ်ထားတဲ့ ကော်ဖီဘားပါပဲ။ မနက်အစောကြီး ထပြီး အိပ်ချင်မူးတူးနဲ့ အခမ်းအနား ပြင်ဆင်ခဲ့ရပါတယ်။

သူတို့ကတော့ ခက်ခက်ခဲခဲ မှာယူထားရတဲ့ ဒိုးပတ်အိုးစည်များနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ခဲ့ကြတဲ့ တီးဝိုင်းသားများ ဖြစ်ပါတယ်။ ကီးဘုတ်နဲ့ ဂစ်တာတီးခတ်နိုင်သူနဲ့ ပေါင်းစပ်ထားတဲ့ BAND လေးတစ်ခုသဖွယ်ပါပဲ။

မြန်မာ့ရိုးရာ ဦးရွှေရိုးနဲ့ ဒေါ်မိုးအက ကပြနေကြတာပါ။ ရုရှားဆရာ ဆရာမများ သံချပ်ကို နားမလည်ကြပေမယ့် ဦးရွှေရိုးနဲ့ ဒေါ်မိုးတို့ရဲ့ အကနဲ့ အမူအယာတို့ကို စိတ်ဝင်တစား ကြည့်ပြီး ရီမောနေခဲ့ကြပါတယ်။

လှပျိုဖြူတို့ရဲ့ သင်္ကြန်ယိမ်းအက ဖြစ်ပါတယ် :P တကယ်ကို ညီညီညာညာနဲ့ ကခဲ့ကြတဲ့ ညီလေးနှစ်ယောက်ပါ။ မအံ့သြနဲ့နော် တော်ရုံ ယိမ်းအဖွဲ့လောက်ရဲ့ အချိုးအဆစ်တော့ အသာလေးပဲဗျ။ သူတို့လဲ ကျောချမ်းချမ်းနဲ့ ကြိုးစားကပြခဲ့ကြပါတယ်။ အဆိုကောင်း အကကောင်းနဲ့ပေါ့။း)

ရေလောင်းရင်းနဲ့ ပျော်ပျော်ပါးပါး ကနေကြတာ ဖြစ်ပါတယ်။ ရေလောင်းမခံဖူးတဲ့ ဆရာ ဆရာမများကတော့ ရေစိုမှာ စိုးလို့ ဟိုပြေး ဒီပြေးဖြစ်နေလေရဲ့း) သင်္ကြန်သီချင်းတွေကြားမှာ အားလုံး နစ်မျောလို့ပေါ့။

မှတ်တမ်းတင် ဗီဒီယိုရိုက်ပေးရာကနေ ဒါရိုက်တာအကျော်အမော် ဖြစ်အောင်ထိကြိုးစားနေတဲ့ ကျွန်တော်ပေါ့ဗျာ။ ရှင်ပြု နားသ အလျှူမင်္ဂလာပွဲများ မှတ်တမ်းတင်ရန် အော်ဒါလက်ခံသည် ဟတ်ဟတ်

7 Comments:

Anonymous said...

မြန်မာသင်္ကြန်ကို ကျင်းပတဲ့
ပွဲတော်လေးက ပျော်စရာလေးနော်
မြန်မာ့ရိုးရာ ဦးရွှေရိုးနဲ့ ဒေါ်မိုးအက ဆိုတာ
ဘယ်တော့မှ မရိုးနိုင်တဲ့
ကျော်ကြားတဲ့ အကတစ်ခုပဲ
ကောင်းပါ့ရှင်...
အမယ် သူ့ပုံနဲ့ပါလား
တော်တော်လေး ပဲများတဲ့ မင်းကျန်စစ်..
ဘယ်လိုလဲ ကြွက်ခြောက်ဖို့ ယူသွားရမလား
စတာနော် ချိတ်ချိုးနဲ့ .ဟိဟိ

Unknown said...

အောင်ဇော်ဦးကြီးက အဲ့ဒီရောက်နေတာကိုး..။ ဒီကောင်လည်း ကျောင်းတကာပတ်ပြီး Keyboard လိုက်တီးနေရပါလား..။ မိုက်တယ်ကွာ လုပ်ထားတဲ့ အခန်းအနားဒီဇိုင်း...။ ပျော်ဖို့ကောင်းမဲ့ပုံပဲ...။ ဒါနဲ့ စကားမစပ် မင်းကဘာလို့ ဟိုနေ့ကတည်းက အကျီင်္ကြီး ထပ်ဝတ်ထားတာလည်း...။ ဖွတာ...ဖွတာ..ဟိ

Anonymous said...

ကီးဘုတ်တီးတဲ့ ကိုဝင်းဦးက သိတယ်မဟုတ်လား ဘလက်ရဲ့ သူက ဒီလိုပွဲတွေ များများ တွေ့မှ
ဟဲ ဟဲ ..
အေးလေ ကျန်စစ်က လဲ ဟိုနေ့က အကျီ င်္နဲ့ပဲလား
ပဲက များချင်သေးတယ် :P

ein said...

ဘယ်တော့မှ ရိုးမသွားမဲ့ မြန်မာ့ရိုးရာ ယှဉ်ကျေးမှု ဦးရွှေရိုးနဲ့ ဒေါ်မိုးအကပေါ့ကွာ...း)
ဟိဟိ နာ့ချာတယ်ရင်းလေးကို ပြောနေတယ် ဘလက်ဒရင်းကတော့လေ ...း)
ဒါရိုက်တာအကျော်အမော် ကြီးကို လာခေါ်မယ်ဗျို့ အော ပွဲရှိတဲ့အခါကိုပြောတာပါ လန့်အသွားနဲ့ဦးနော် ဟိဟိ ...း)
မင်္ဂလာနှစ်သစ် ၁၃ရ၀ မှသည် ပျော်ရွှင် အဆင်ပြေပါစေချာတယ်ရင်းလေးရေ...း)

သက်မီမီထိုက် said...

ကောင်းတယ်... ဓာတ်ပုံတွေပါတွဲတင်တော့ ဖတ်ရတာကောင်းတာပေါ့....

ကြယ်စင်နတ်သမီး said...

အောင်မာ... ကြံဖတ်တို့များ ဂေါ်မစွံတာကို ထပ်ကြွားချင်နေသေးလို့လားတော့ သိဘူး... သူ့ဓာတ်ပုံကြီးကိုတောင် ချိတ်ထားသေးတယ်... သင်္ကြန်ကနေတဲ့ ကောင်ကလေးပျိုဖြူလေးတွေ ဟိုတစ်ခါက က တာကြည့်ရတယ်... အရမ်းကောင်းတာပဲ... စွယ်စုံရမင်းသားတွေဆိုတော့ ဒီလောက်ဆိုအပျော့ပဲပေါ့... ဟုတ်တယ်ဟုတ်...း)

Anonymous said...

ဦးရွှေရိုး..ဒေါ်မိုးကတာ သေချာကြည့်ချင်တယ်..။
ယိမ်းကတဲ့ ညီလေးတွေကလည်း တော်ပါ့..။
layma