Rec Comment OF M!иикy@иs^s Blog

ဖြစ်စေချင်တယ်...

ကျောင်းကပွဲအတွက် ဒိုးပတ်ဝိုင်းတိုက်နေလို့ မအားရဘူး ဖြစ်နေတယ်ဗျာ။ ကျောင်းကတဖက် အနားကပ်မှ သိရတာတဖက်ကြောင့် ညဘက်တွေပါ လေ့ကျင့်နေကြရတယ်ဗျာ။ ဒိုးပတ်ဝိုင်းတိုက်ရင်း နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတော်တော်များများမှာ ဖြစ်တတ်တဲ့ အချက်လေး တစ်ခုတွေ့ရလို့ ဒီပို့စ်ကို ရေးလိုက်တာပါ။ တခြားနိုင်ငံတွေမှာကတော့ ကျောင်းတစ်ကျောင်းမှာ အများအားဖြင့် မြန်မာဆိုရင် ကျောင်းသားနဲ့ကျောင်းသူ မျှပြီး ရှိတတ်ကြပါတယ်။ ကျနော်တို့ မော်စကိုမှာလဲ တခြားနိုင်ငံက ပညာသင်သူတွေမှာလဲ ကျောင်းသား ကျောင်းသူတွေ မျှပြီး ရှိတတ်ကြပါတယ်။ ကျောင်းကပွဲတိုင်းမှာလဲ နိုင်ငံအလိုက်က ပြိုင်ပွဲအဖွဲ့မှာ မိန်းကလေးကျောင်းသူတွေရဲ့ အကအဖွဲ့တွေပါ တွဲဖက်ပါတတ်ကြပါတယ်။ ကျနော်တို့ မြန်မာတွေကတော့ မိန်းကလေးဆိုလို့ မူးလို့ပင် ရှုစရာမရှိပေမယ့် မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်နဲ့ ဦးရွှေရိုး ဒေါ်မိုး အကတွေ ရှိနေလို့ တော်ပါသေးတယ်ဗျာ။ တခြားနိုင်ငံတွေက ခေတ်ပေါ် ဒစ်စကိုတီးလုံးတွေ ဒီဂျေတွေနဲ့ စုံတွဲအကတွေနဲ့ ပြိုင်မယ့်အချိန်မှာ ကျနော်တို့ကလဲ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်ဝိုင်းနဲ့ သံချပ်တွေဆို ဦးရွှေရိုးအကနဲ့ ပြိုင်ကြမှာပေါ့။ ကျောင်းမှာရှိတဲ့ ကျောင်းသားထဲက တကယ်တတ်သူတွေရော ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်သူတွေ ( ကျနော့်လိုပေါ့ mrgreen ) စုပြီး ဝိုင်းလေးဖွဲ့လိုက်ကြတယ်။ နိုင်ငံရပ်ခြားမို့ မရှိမဲ့ရှိမဲ့ မစုံမလင် အိုးစည် ဒိုးပတ်တွေနဲ့ပဲ မြိုင်ဆိုင်အောင် ၊ ပြိုင်ပွဲမှာ မျက်နှာမငယ်အောင် စိတ်ပါလက်ပါ ကြိုးစားကြတာတွေ့တော့ အားရှိစရာပါ။ ဒါပေမယ့် အဝတ်အစားမှာ အခက်အခဲ ဖြစ်လာပါတယ်။ ပြောချင်တာလဲ အဲဒါပါပဲ။ အိုးစည် ဒိုးပတ်ဝိုင်းဆိုတော့ ဝိုင်းသားတွေလဲ မြန်မာပီပီ တိုက်ပုံနဲ့ ပုဆိုး ဝတ်ကြမယ်လို့ သတ်မှတ်လိုက်ကြတယ်။ အဲဒီမှာ စတွေ့တာပဲ။ ပုဆိုးက မြန်မာ တော်တော်များများမှာ ပါလာတတ်ကြသေးတယ်။ မရှိသလောက် ရှားတာက လည်ကုတုံးအကျီနဲ့ တိုက်ပုံ။ နိုင်ငံခြား လာမှာမို့ မဝတ်ရဘူး မလိုဘူးလို့ သတ်မှတ်ပြီး မယူလာတတ်ကြဘူးဗျာ။ နိုင်ငံခြားမှာလဲဖြစ် ဝတ်လေ့ဝတ်ထလဲမရှိ လေဆိပ်မှာ အဝတ်အစား အလေးချိန်ကျော်မှာ စိုးလို့ ယူမလာတာလို့ ဆိုချင်ဆိုကြပါလိမ့်မယ်။ လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်ဖြစ်ပေမယ့် အရေးအကြောင်းရှိလို့ မြန်မာဟေ့လို့ ကြွေးကြော်ရမယ့် အချိန်မှာ မြန်မာ့ရိုးရာ ဝတ်စုံတောင် ကိုယ်ကိုယ်တိုင်က ဝတ်မပြနိုင်ပဲနဲ့ ငါ မြန်မာရယ်လို့ ဘယ်လိုဟစ်ကြွေးနိုင်ပါ့မတဲ့လဲ။ ဒါ့ကြောင့် ပြည်ပကို ထွက်ခွာလာတဲ့ မြန်မာတိုင်း မြန်မာဆန်ဆန် ရိုးရာဝတ်စုံ တစ်စုံလောက်တော့ ပါလာသင့်တယ်လို့ ထင်မိတယ်ဗျာ။ ပါလာအောင်လဲ ကြိုးစားပြီး ယူလာစေချင်တယ်။ ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ကိုယ်တိုင် ထိမ်းသိမ်းရင်း နိုင်ငံတကာ အလယ်မှာ မြန်မာရယ်လို့ မော်ကြွားနိုင်ပါစေဗျာ

9 Comments:

Anonymous said...

ကျေးဇူး experience တွေကြားရလို့။ ပုံတွေလဲတင်ပေါ့ ပြိုင်ပွဲပြီးရင်။
ဒီကတော့ ရှိးရာဝတ်စုံ တွေပါလာတဲ့အပြင် တခြားထသွားထလာ တွေလဲယူလာတယ်… ရိုးရာဝတ်စုံနဲ့ cultural show မှာလမ်းလျှောက်ဖြစ်တယ်… ကဲယုံပြီလား အနောက်တိုင်းမဆန်ဒါ….

စိုးထက် - Soe Htet ! said...

ခေါင်းပေါင်း ကလွဲ လို့ အကုန် ပါအောင် ယူခဲ့ ပါတယ် ခင် ဗျ :P

Anonymous said...

ဒိုးပတ်ဝိုင်းဆိုတော့ ဦးရွှေရိုး နဲ့  ဒေါ်မိုး ဟုတ်
ဒါဆို ဒေါ်မိုးက ဘယ်သူလုပ်တာလဲ ဟီးးးးးး ကြည့်ချင်လိုက်တာ ကျနော်ကတော့ ဘာမှမယူခဲ့ဘူး ဒှီမှာ အားလုံးဝယ်လို့ ရတယ်လေး)

မောင်မျိုး
အကောင့် ၀င်ရတာ ပျင်းလို့  :P

Anonymous said...

အင်းပေါ့. နိုင်ငံရပ်ခြားသွားလည်း
ရိုးရာဝတ်စုံ တစ်စုံတော့ ယူလာနိုင်ရင် ကောင်းတာပေါ့
အဲလိုလေး ရေးထားတော့ ဖတ်မိသူအားလုံး
သတိထားမိနိုင်သွားတာပေါ့.
မြန်မာဝတ်စုံဆိုတာ လိုချင်ရင် .
နိုင်ငံရပ်ခြားမှာ တော်တော်နဲ့ရှာလို့မှ မရတာ...
မစုံမလင်ဖြစ်နေပေမယ့်လည်း အိုးစည်ဝိုင်းလေး
မြိုင်ဆိုင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်.
မြန်မာတိုက်ပုံလေးနဲ့ ခန့်ညားနေမယ့်
မင်းကျန်စစ်တို့ အိုးစည် ဒိုးပတ်ဝိုင်းလေး
တိုင်းတပါး လူမျိုးခြားတွေအလယ်မှာ
မြန်မာ့ယဉ်ကျေးမှုတွေကို
အောင်မြင်စွာ ဖော်ထူတ်ပြနိုင်ပြီး
ဒါဟာ မြန်မာဟေ့လို့ ၀င့်ကြွားနိုင်ပါစေ..
(တိုက်ပုံလေး အခက်အခဲရှိနေလည်း ကြိုးစားမှုနဲ့ အတူ ရှပ်အကျီ ပုဆိုးလေးတွေနဲ့ဖြစ်နေဦးတောင်
ချစ်စရာအိုးစည်ဝိုင်းအကလေး ပွဲလည်တင့်မှာပါနော်. )
ကပွဲလေးကို ကြည့်ချင်စိတ်ပေါက်လာပြီ
စိတ်ထဲကပဲ မှန်းကြည့်လိုက်တော့မယ် အဟဲ

emayarKhin said...

သိပ်ကိုမှန်ပါတယ်..........
ကိုယ့်မြန်မာဝတ်စုံတခုတော့ပါသင့်
တာပေါ့..........................

ကြယ်စင်နတ်သမီး said...

မြန်မာပြည်က အကုန်လုံးသယ်လာပါတယ်ဗျို့... သေတ္တာလိုက်ကို သယ်ချလာတာ... ဟိ ဟိ... အစားအစာတွေ ပြောတာပါ... ကြံဖတ်ပုပ်တို့ ပြိုင်ပွဲမှာ အနိုင်ရပါစေလို့ ဆုတောင်းပေးတယ်နော်... မုန့်ဝယ်ကျွေး... ဒါပဲ... ဂလောက်...

Burmese Gold Bull said...

ya.. everybody should be proud of their country now matter how poor, even the Africans or Burmese. ;D

ein said...

ဒိုးပတ်ဝိုင်းလေး မြိုင်မြိုင်ဆိုင်ဆိုင်...း)
ပုံဖော်ပီးကြည့်သွားသကွ... :P

Layma said...

အင်မတန်ကောင်းတဲ့ တိုက်တွန်းချက်လေးပဲ..။
ဦးရွှေရိုး..ဒေါ်မိုးနဲ့ အဖွဲ့ သားတွေပုံကြည့်ချင်တယ်..။