Rec Comment OF M!иикy@иs^s Blog

ကဲ ဘယ်လိုလူစားမျိုးလဲ

“ကဲ... ဘယ်လိုလူစားမျိုးလဲ”

ယဉ်ကျေးသူ - အီးမပေါက်ခင် “ခွင့်ပြုပါနော်” ဟု ပြောပြီး အီးပေါက်ပြီးသောအခါ “ဆောရီး” ဟု ပြောတတ်သူ
မရိုးသားသူ - ကိုယ်က အီးပေါက်သော်လည်း ဝန်မခံပဲ “ကျွန်တော့်ခွေးလက်ချက်ပေါ့” ဟု လွှဲချတတ်သူ
မိုက်မဲသူ - အီးပေါက်ချင်သော်လည်း မပေါက်ပဲ အတင်းအောင့်ထားတတ်သူ
ဗဟုသုတကြွှယ်ဝသူ - ဘယ်အချိန် ဘယ်နေရာမှာ အီးပေါက်ရမလဲ သိတတ်သူ
ဒုက္ခရောက်နေသူ - အီးအလွန်ပေါက်ချင်သော်လည်း အီးပေါက်ရန် ဘယ်လိုမှ ကြိုးစား၍ မရသူ
လျှို့ဝှက်တတ်သူ - လက်သည်မပေါ်အောင် (သို့မဟုတ်) သူ့လက်ချက်မှန်း ဘယ်သူမှ မသိအောင် အီးပေါက်သူ
ကြွားဝါသူ - အီးပေါက်နိုင်ခြင်းနှင့် ပတ်သက်၍ ဂုဏ်ယူနေတတ်သူ
နှိပ်စက်တတ်သူ - လူများသော နေရာတွင်မှ ရွေးပြီး အီးပေါက်တတ်သူ
သိပ္ပံပညာရှင် - အီးပေါက်ပြီးလျှင် လေထုညစ်ညမ်းမှာကို စိုးရိမ်နေတတ်သူ
ရှက်တတ်သူ - အီးပေါက်ပြီးလျှင် မနေတတ် မထိုင်တတ်နှင့် မျက်နှာတစ်ခုလုံး နီရဲနေတတ်သူ
အကြံပိုင်သူ - အီးပေါက်သံကို မကြားအောင် အသံအကျယ်ကြီး စကားပြောပြီး ရယ်မောပြတတ်သူ
အလွန်တုံးပြီး အသုံးမကျသူ - အီးပေါက်ပြီးသည်နှင့် ကိုယ်ထဲက လေတွေ လျော့သွားပြီ အထင်နဲ့ ပြန်မျှတအောင် လေကို တဝကြီး ပြန်ရှုသွင်းတတ်သူ
ကပ်စေးနဲသူ - အီးကို အကုန်မပေါက်ပဲ ချန်ထားတတ်သူ
အတ္တကြီးသူ - ငါ့အီးက မနံဘူးဟု ယုံကြည်နေတတ်သူ
အပေါင်းအဖော်မက်သူ - သူငယ်ချင်းများစုပြီး အီးအပေါက်ပြိုင်နေတတ်သူ
သီးသန့်ဆန်သူ - ဆိတ်ကွယ်ရာသို့သွားပြီးမှ အီးပေါက်တတ်သူ
ရေကိုချစ်သူ - ရေကူးကန် ၊ ရေချိုးဇလုံထဲတွင် ရေချိုးသန့်စင်ရင်း အီးပေါက်သူ
သန်စွမ်းသူ - အင်အား မစိုက်ထုတ်ရပဲ အီးပေါက်နိုင်သူ
ရိုးသားသူ - အီးပေါက်ကြောင်း ဝန်ခံသူ
အာရုံစူးစိုက်သူ - အသံကြားရုံနှင့် ဘယ်သူအီးပေါက်တာဟု ဖော်ထုတ်နိုင်သူ
ကံဆိုးသူ - အီးပေါက်ရန်ကြိုးစားရာမှ အီအီးထွက်သွားသူ

ကဲ စာဖတ်သူများလဲ ဘယ်လိုလူဖြစ်သလဲဆိုတာ ကွန်မက်မှာ ရေးပေးသွား mrgreen

16 Comments:

Tea said...

ယဉ်ကျေးသူ - အီးမပေါက်ခင် “ခွင့်ပြုပါနော်” ဟု ပြောပြီး အီးပေါက်ပြီးသောအခါ “ဆောရီး” ဟု ပြောတတ်သူ

ကျွန်တော်က အဲ့ဒါထက်အဆင့်မြင့်တယ်..
အီးပေါက်ချင်ရင် ဆောတီးလို့ ၃ခါတိတိပြောပြီး.. နီးစပ်ရာ လူဝေးရာနေရာသို့သွားပြီး အီးသွားပေါက်သည်။

emayarKhin said...

အမရာရဲ့အီးပေါက်နည်းကို
အိုခိရဲ့ဘလော့ဂ်တွင်ဖော်ပြထား
ပြီး....................

အညာသား said...

ညီတော်ရေ..
နောင်တော်ကတော့ အတ္တကြီးတယ်လို့ပဲဆိုချင်ဆို..
နောင်တော် EE ပေါက်ရင် ဘယ်တော့မှ မနံဘူး
:P

Unknown said...

ဟား....ဟား..... ကြံကြံဖန်ဖန် တွေးလဲတွေးတတ်တယ်ဗျာ။ စကားမစပ် ကိုရင်ကော ဘယ်လိုပေါက်လဲ။ ဒါမှမဟုတ် ဒိုးပတ်ကျင့်ရင်း ၇ှုခဲ့ရတယ် မှတ်တာဘဲ.....ဟီး.... ဟီး

NatShinNaung said...

မနံဘူးဟ။ ဒါပေမယ့် သိပ်တော့ မညှစ်လိုက်ရဘူး။ … :P သြော်… ၀န်ခံသွားတယ်နော်။ :D

Anonymous said...

မင်းကျန်စစ်တို့ကတော့ တော်တော်လေး
ပေါက်ပေါက်ရှာရှာတွေး ရေး နိုင်တယ်နော် ဟာဟာ့
သူများပေါက်တာ ပြောပြစရာလား :p
ကျောပြဘူးနော်..
သိချင်ဝယ်ဖတ် ၁၅.. (၁၅ကျပ်ဟုတ်ဘူးနော်)
ဟာသဥာဏ်တွေ ကွန့်မြူးနေတဲ့
မင်းကျန်စစ်ရော ဘယ်လိုပေါက်တာလဲလို့. :P

Apprenticeship said...

Good thinking! But who are you :P

လားရှိုးသူ said...

ဒါက ပြောလို့မဖြစ်ဘူးလေ၊ ကော်ပီလိုက်လုပ် နေရင်ဒုက္ခ၊

Anonymous said...

မပြောပြပါဘူး ဘာလို့ ပြောရမှာလဲး)
ဘီယာတိုက်ရင်ပြောပြမယ် ။ ကေလားးးးးးးး

Yan said...

ဟားဟားဟဟဟဟားးးးးးးးးး

ဘယ်သူမှမကြားလိုကိပါဘူးနော်....

ဟားဟားဟားဟား


;)

သက်မီမီထိုက် said...

နှင်းစက်ကတော့ ဗဟုသုတကြွယ်ဝသူ နော်
ဟားဟားဟားဟားဟား

su wai said...

တတ်လဲတတ်နိုင်တဲ့ ကိုမင်းကျန်စစ်ပဲနော်... ပေါက်ပေါက်ရှာရှာ တွေးပြထားတာတွေဖတ်ပြီး ဘယ်လိုလူလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး စဉ်းစားလိုက်ရတယ်... ဒါပေမယ့် မပြောပြပါဘူး... တော်ကြာ ရှက်တတ်တာ လူသိသွားမှာစိုးလို့ :D

Saing Khan Tun said...

ဟီး ...
ဘယ်လိုလူစားထင်လဲ ...
ဘူ ......

Layma said...

သူကျတော့ မပြောဘူး..။ လာဖတ်တဲ့သူတွေကျတော့ ဘယ်လိုလူစားလဲ..တဲ့..။ ညစ်စုတ် ...။။။။။။။။

Anonymous said...

EE ပေါက်တာကို သုသေတန လာလုပ်နေတယ် ။
သေချာတယ် မင်းပြန်ရောက်ရင် တော့ ဟင်း ဟင်း ..
ဒါနဲ့ မင်းကော ဘယ်လို ကိစ္စရှင်းလဲ နင် အရင်ပြောမှ ငါတို့ပြောမယ် :P ths

Anonymous said...

လူလည်ကျသူ...သူများတွေကိုသာမေးပြီးသူ့ဘယ်လိုအီးပေါက်လဲမပြောသူ..အီးပရော်ဖက်ဆာ...ကိုမင်းကျန်စစ်...
ဘာပဲပြောပြောဒီပိုစ့်ဖတ်ပြီးဘလော့ပါတော်တော်များများဘယ်လိုလူစားလဲသိလိုက်ရပြီ..ကိုရန်ကြီးအရမ်းရီနေရင်နောက်ဆိုသတိထားမှ..ဟား..ဟား...မဗေဒါကတော့..အခြေအနေနဲ့အချိန်ခါလိုက်ပြီးအဲ့ထဲကတမျိုးမဟုတ်တမျိုးဖြစ်တာပဲ..အီးဆိုတာမျိုးကအချစ်ထက်တောင်အောင့်အီးဖို့ခက်တဲ့အရာလေ..