Rec Comment OF M!иикy@иs^s Blog

မန်းနေးဂျင်းသို့ ...

သို့ /
မန်နေးဂျင်း ဒါရိုက်တာ (သို့) ဘော့စ်
အကြောင်းအရာ။ ။ လစာမဲ့ခွင့် ခံစားခွင့်တောင်းခံခြင်း။

ကျွန်တော် အနုပညာ ဖြန့်ဖြူးရေး ကိုယ်စားလှယ် ကိုကျန်သည် ယခုရက်ပိုင်းအတွင်း ဇနီးသည် မပရိုဂရမ်မှာ ကိုယ်ဝန်အရင့်အမာ ဖြစ်နေသည်ကတစ်ကြောင်း ၊ သမီးငယ် သီအိုရီ၏ ကျန်းမာရေး အခြေအနေ မကောင်းသည်ကတစ်ကြောင်း ၊ ( 0 နှင့် 1 ) နှစ်လုံးတည်းသာသိကာ ဥာဏ်ရည်မမှီဖြစ်နေသော သားကြီး မောင်ဒစ်ဂျစ်တယ်ကို သွန်သင်ဖြောင့်ဖြပေးနေရသည်ကတစ်ကြောင်း ထိုသို့သော အကြောင်းကြောင်းများကြောင့် ရုံးတက်ချိန်မမှန် ၊ စာရင်းစစ်များ လာသော်လည်း စာရင်းရှင်းတမ်းများ ထုတ်မပေးနိုင် ၊ နယ်လက်ခွဲများလို့ ဖြန့်ဖြူးရာတွင်လည်း လစ်ဟင်းနှောင့်နှေးခဲ့သည်များကြောင့် ကုမ္ပဏီအတွက် အကျိုးအမြတ်များစွာ ယုတ်လျော့ခဲ့ရသည်။ မန်းနေးဂျင်းတို့၏ နားလည် ခွင့်လွှတ်ပေးမှုများကြောင့်သာ အရေးယူခြင်း မခံရသည်ကိုလဲ ကျေးဇူးများစွာ တင်ရှိပါသည်။

ယခုရက်များအတွင်း ကုမ္ပဏီတွင် အလုပ်တက်နေသော်လည်း လုပ်ငန်းတာဝန်များ လစ်ဟင်းနေနိုင်သည့်အတွက် ဇနီးသည် မပရိုဂရမ်နှင့် နှစ်ကိုယ်တူ ကျိုးကျိုစားစား ရယူခဲ့သော ကိုယ်ဝန်လေးကို မွေးဖွားပြီးချိန် ၊ သမီးငယ် သီအိုရီ၏ ကျန်းမာရေး ကောင်းမည့်အချိန် ၊ သားကြီး ဒစ်ဂျစ်တယ်၏ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာမည့် အချိန်လေးအထိ လစာမဲ့ခွင့် ခံစားခွင့်ပေးပါရန် လေးစားစွာဖြင့် တောင်းခံအပ်ပါသည်။

ရုံးမတက်နိုင် ၊ ဖြန့်ဖြူးရေး မလုပ်နိုင်သေးသော်လည်း ကုမ္ပဏီ၏ ဝန်ထမ်းကောင်းပီသစွာဖြင့် ပြင်ပဈေးကွက် အခြေအနေကိုတော့ လိုက်လံစုံစမ်းပေးနေမည်ဖြစ်ကြောင်းပါ အသိပေးအပ် ပါသည်။

မှ /
ကိုကျန်
အနုပညာ ဖြန့်ဖြူးရေး ကိုယ်စားလှယ်

razzrazzrazzrazzrazz mrgreenmrgreenmrgreenmrgreenmrgreen smilesmilesmilesmilesmile winkwinkwinkwinkwink rolleyesrolleyesrolleyesrolleyesrolleyes biggrinbiggrinbiggrinbiggrin

19 Comments:

အညာသား said...

သို့/
မောင်ကျန်
ကျန်ုပ်တွင် ISO 9002 လက်မှတ်ရ အတော်ဆုံး ဆရာဝန်များရှိသည်။ သားကြီးမောင်ဒစ်ဂျစ်တယ်အတွက် ကျုန်ုပ် တာဝန်ယူမည်ဖြစ်ကြောင်း။
မှ/
ဘီးဂိတ်

နွေမုန်တိုင်း said...

အိုကေ
ခွင့်ပြုသည်
ပုံ/
ဘော့စ် :P

စိုးထက် - Soe Htet ! said...

:D

Anonymous said...

ခွင့်ပြု၇က် တစ်ပါတ်သာရရှိပါသည် တစ်ပါတ်ထက်ကျော်လွန်လျှင် လစာ ၂ လခ နှုတ်မည်
ပုံ/
မန်နေကြောင်း)

ဒီဇင်ဘာနှင်း said...

တော်သေးတာပေါ့လစာမဲ့ခွင့်ပဲတောင်းလို့

ရွှန်းမီ said...

ခွင့်ယူတာတောင် အနုပညာ ဆန်ဆန်လေး =)

Unknown said...

သြော်...နားကြပြန်ပြီ...။

Layma said...

ဝန်ထမ်းကောင်းမောင်ကျန် အား ခွင့်ပေးသင့်ပါကြောင်း ထောက်ခံပါသည်..။

ein said...

လစာမဲ့ခွင့် ခံစားခွင့်တောင်းပြန်တော့လည်း အနုပညာ ဖြန့်ဖြူးရေး ကိုယ်စားလှယ်လေး ကိုကျန်အားခွင့်ပေးသင့်ပါကြောင်းထောက်ခံ
အပ်ပါသည်ရှင့်...:P

Anonymous said...

ဘယ်လောက် ကြာကြာလိုချင်လဲ။
လိုချင်သလောက် ခွင့်ယူစေဗျား။
လစာကတော့ ငါအစားယူထားလိုက်မယ်။ ဟီ...ဟိ
ပုံ/ ဦးစီးမှုး

ညိမ်းညို said...

မောင်ကျန်ရေ ခင်ဗျားကတော့ ရေးတတ်ပဗျာ ။ ခွင့်ပေးချင်စိတ်ကို တခါထဲ ပေါက်သွားတယ်ဗျ.. လစာမဲ့ဆိုလို့ ... အဟဲ :P :P ငိုက်မနေနဲ့ဗျ ကျက်စရာရှိကျက် တွက်စရာရှိတွက် :) ပျော်ရွှင်ပါစေဗျာ

Anonymous said...

သဘောကျတယ် စာလေးတွေကို ကာရံလေးတွေနဲ့ ရေးတတ်တဲ့ ပညာကိုတော့ လေးစားမိပါတယ်။
ခွင့်ပြုလိုက်ပြီ ခွင့်မဲ့လစာ အဲလေ မဟုတ်ဘူး လစာမဲ့ခွင့်

Anonymous said...

ကောင်းတယ်ဗျို့....အခုမှာမျက်စိလည်လမ်းမှားပြီးေ၇ာက်လာတာ...ကောင်းတဲ့post နဲ့လာတိုးတော့...ရီသွားပြီး....ထပ်ဆင့်ထောက်ခံသွားပါတယ်....မှန်ကန်ပါသဖြင့်...ခွင့်ပြုရန်.....မိ

Anonymous said...

ကိုကျန်စစ်
ပြင်ပဈေးကွက် တွေ့နေပြီလား
မပရိုဂရမ်မာရော အခြေအနေကောင်းသွားပြီလား
အစစ အဆင်ပြေပါစေ

Kaung Kin Ko said...

ဟားဟား
စာမေးပွဲ ဖြေနိုင်ပါစေ ညီလေးရေ။
သားကြီး ဒစ်ဂျစ်တယ်က ဥာဏ်ရည်မမီရင် Analog ဆိုတဲ့ သမီးလေးတစ်ယောက်မွေးလိုက်ကွာ။ :P

Anonymous said...

ချစ်ဇနီးလေး မပရိုဂရမ်မာ ရော နေကောင်းရဲ့လားဗျ နောင်ကြီး လွယ်လင့်တကူ မွေးဖွား အားလုံးပြီးစီးရင် ပြန်လာနော် .. ။ ။ ths

Anonymous said...

မွေးလာတဲ့ကလေးလေးကိုရောဘာနာမည်ပေးမှာလဲ..

Anonymous said...

ကလေးများ အဖေ မောင်မောင်ကျန်ရေ ခွင့်စာလေးဖတ်ပြီး မန်နေဂျင်းတောင် အရည်ပျော်သွားနိုင်ပါတယ်နော်
ဇနီးသည်က နောက်တစ်ယောက်ဆိုပါလား
ကဲကဲ ချစ်တတ်လွန်းတဲ့ ဖေဖေကျန် မိသားစုကို
သေချာဂရုစိုက်နော်. အဟက် :P
အရေးအသားတွေကတော့ ရှယ်မှရှယ်ပဲ.

sai said...

:):):)
you know what ! (it's not mine)