Rec Comment OF M!иикy@иs^s Blog

webcam recorder

စာမေးပွဲနီးလာလို့ သိပ်မအားချင်တော့ဘူး ဖြစ်နေတယ်ဗျ။ ဒါပေမယ့် ရသလောက်ကိုတော့ ရေးနေအုံးမှာပဲဗျာ။ ဟိုတစ်နေ့က VZO က version အသစ်တောင်းတာနဲ့ တင်ပြီး စမ်းကြည့်လိုက်တော့ Recording function တစ်ခုပိုလာတာကို တွေ့လာရတယ်။ ပြောရင်းနဲ့ ရုပ်ရော အသံရော ဖမ်းထားလို့ ရတယ်ဆိုတော့ မဆိုးဘူးပေါ့။ ဒါပေမယ့် Recording လုပ်လို့ ရထားတဲ့ ဖိုင်က vcr အမျိုးအစားကြီးဖြစ်နေတော့ ပြန်ကြည့်ချင်ရင် VZO နဲ့ပဲ ပြန်ကြည့်လို့ ရပြီး တခြား Player နဲ့ ကြည့်လို့ မရဘူး ဖြစ်နေတာပေါ့။ VZO version 6.0 မပေါ်သေးခင်က ဟိုးအရင်ကတည်းက သုံးခဲ့ရတာကတော့ screen record ဆော့ဖ်ဝဲတွေ သုံးခဲ့ရပါတယ်။ အဲဒီဆော့ဖ်ဝဲကတော့ avi ဖိုင်နဲ့ ထွက်ပေးလို့ ဘယ် player နဲ့မဆို ရုပ်ရော အသံရော ပြန်ကြည့်လို့ရပါတယ်။ အဲဒီဆော့ဖ်ဝဲက screen မှာ presentation အနေနဲ့ လုပ်ပြပြီး မှတ်တမ်းတင်တာတွေကို Full screen recording လုပ်လို့လဲ အဆင်ပြေပါတယ်။ webcam နဲ့ ပြောသမျှတွေကို မှတ်တမ်းတင်ချင်တဲ့ ကိုကိုမမများအတွက်လည်း webcam ပေါ်ရာနေရာကို select window (or) select region ပေးပြီး recording လုပ်ထားလို့ ရပါတယ်။ vzo နဲ့မှ မဟုတ်ပဲ Yahoo, QQ, Skype, ooVoo စတဲ့ ဘယ် webcam software နဲ့ပြောပြော ဒီဆော့ဖ်ဝဲနဲ့ ရိုက်ပြီး ဘယ် player နဲ့မဆို ပြန်ကြည့်လိုက်တော့ဗျာ။ လိုချင်သူများ ဒီမှာ Download နိုင်ပါတယ်။ Latest version ကတော့ crack မရသေးလို့ ရက် (၃၀) သာ သုံးခွင့်ပြုတာမို့ crack ရပြီးသား version ကိုပဲ ပေးလိုက်ပါတယ်။ setup ကို Run လိုက်ရင် Trial version ဖြစ်ပါပြီ။ ပြီးရင် C > Program Files > ACASystems > ACARecorder203 ဖိုင်ထဲက acacam ကိုဖျက်ပြီး Download ယူထားတဲ့ဖိုင်ထဲက crack ဖိုင်ထဲမှာရှိတဲ့ acacam ကို အစားသွင်းထည့်ပေးလိုက်ရင် Full version ဖြစ်ပါပြီ။ webcam နဲ့ ပြောသမျှ ဆိုသမျှလေးတွေကို သတိရတိုင်း ပြန်ကြည့်နိုင်ကြပါစေဗျာ... razz

2 Comments:

Anonymous said...

ပိုင်ပနော် ကျန်စစ်တို့များ
မတိတာ ဘာမှမရှိသလိုပဲ
ကျန်စစ်ချစ်ချစ်လေးကိုရော
အဲလိုတွေရိုက်ပြီး
ပြန်ပြန်ကြည့်နေတယ်ထင်ပနော် ဟက်ဟက်
ဂေါ်မစွံဆိုပြီးတော့နော်..
ရှိရင်ကြောဦး လျိုနဲ့နော်.ဟိဟိ.

စိုးထက် - Soe Htet ! said...

ကျွန်တော်နဲ့ က ချစ်ချစ် ကွန် မကောင်းလို့ မသုံးဖြစ်တာ ကြာပေါ့ ... :P