Rec Comment OF M!иикy@иs^s Blog

ကျွန်မသိပြီ

ဂီတပညာရှင်ကြီး မစ္စတာထင်ပေါ် နှင့် မစ္စစ်ထင်ပေါ်တို့၏ အိမ်ထောင်သက် အနှစ် လေးဆယ်ပြည့် မင်္ဂလာပွဲသို့ မစ္စတာ ထုံပေတို့ ဇနီးမောင်နှံလာရောက်ကြသည်။ ဧည့်ခံပွဲတွင် စားသောက်ကြပြီးနောက် မစ္စတာထုံပေမှာ အတော်လေး မူးနေပြီဖြစ်သည်။ အပေါ့သွားချင် သဖြင့် မစ္စတာ ထင်ပေါ်အား ရေအိမ်ရှိရာကို မေးမြန်းပြီး တယိမ်းတယိုင်ဖြင့် သွားခဲ့ရသည်။

ဧည့်ခံပွဲမှ အပြန်တွင် မစ္စတာထုံပေက သူ့၏ဇနီး မစ္စစ်ထုံပေအား
“ထင်ပေါ်တို့ ချမ်းသာလိုက်ပုံများ ဆီးသွားတဲ့ခွက်ကိုတောင် ရွှေနဲ့ လုပ်ထားတယ်ကွာ။ အံ့ရောပဲ”
“ဟုတ်ပမလားရှင်…။ ရှင်မူးနေခဲ့လို့ အမြင်မှားတာ နေမှာပါ။ ကျွန်မတော့ မယုံဘူး”
“ငါ အဲလောက်မမူးပါဘူးကွ။ သေချာပါတယ်။ ရွှေမှ ရွှေအစစ် ပြောင်လက်နေတာပဲ။ မယုံရင် မနက်ဖန် မစ္စစ်ထင်ပေါ်ကို မေးကြည့်ပေါ့”

မနက်ဖြန် နံနက်တွင် မစ္စစ်ထုံပေမှ မစ္စစ်ထင်ပေါ်အား ဖုန်းဆက်ပြီး မေးမြန်းရာ
“ဟဲလို မစ္စစ်ထင်ပေါ်။ ရှင်တို့ အိမ်မှာ ဆီးသွားတဲ့ခွက်ကိုတောင် ရွှေနဲ့ လုပ်ထားတယ်လို့ ကျွန်မယောက်ျားက ပြောနေလို့ အဲဒါဟုတ်လားဟင်”
မစ္စစ်ထင်ပေါ်ထံမှ အဖြေစကားထွက်မလာသေးခင် မစ္စတာထင်ပေါ်ထံသို့ လှမ်းပြောလိုက် သော စကားသံထွက်လာသည်။
“ယောင်္ကျားရေ ညက ရှင့်ဆိုက်ဆိုဖုန်းကြီးထဲကို ဆီးသွားခဲ့တဲ့ တရားခံကို ကျွန်မသိပြီရှင့် ! ”

7 Comments:

thonn thonn said...

ဟား ဟား ဟား ...

SintSintMoe said...

ကြံကြံဖန်ဖန် ဖြစ်မှဖြစ်ရလေကွယ်
ဟေဟေးးးးးးးးးးးးး

Anonymous said...

အဟိ... မစ္စတာထုံပေ တအားဖြစ်နေလို့ နေမှာပါဗျာ... :) တအား ရယ်ဖို့ကောင်းတယ်... တအားပဲ... :P :D

Anonymous said...

မူးလို့ မှားသွားတာပါ..

Apprenticeship said...

ကိုယ်တိုင်တွေ့ကြုံတာ ထင်တယ်နော်... :P

Anonymous said...

ဟာသ ဥာဏ်ကလည်း ကွန့်မြူးသလား မမေးနဲ့
ကျွန်မသိပြီ ကျွန်မသိပြီ... :P

တင့်ထူးရွှေ said...

အခုတော့ကျွန်မသိပြီ.. :P