မင်းနဲ့ငါ
ကွဲပြားလိုက်ပုံများ
ရပ်တည်နေကြတာကိုက
ဆန့်ကျင်ဘက်....
ဆန့်ကျင်ဘက်အရပ်တွေဆီ
ရှေ့ရှုထားတဲ့ မင်းနဲ့ငါ
ကျောချင်းကပ်လျှက်တော့ မဟုတ်ဘူး
မျက်နှာချင်းဆိုင်လျှက် ......
ဆန့်ကျင်ဘက်တွေဆီ
တို့နှစ်ယောက်လျှောက်လှမ်းရင်း
တဖြည်းဖြည်း ဝေးသွားမှာလား
တဖြည်းဖြည်း နီးလာမှာလား
တို့နှစ်ယောက်က
တကယ့်ဆန့်ကျင်ဘက်တွေလား ???
-
22 Comments:
အယ်...ဆန့် ကျက်ဘက်မလုပ်ပါနဲ့  ကျောချင်းကပ်ထားတယ်ဆိုရင် ပြိုင်တူ နှစ်ယောက်လုံး လှည့်လိုက်တယ် အဲ့တော့ မျက်နှာချင်းဆိုင်ဖြစ်သွားပြီး .................ပြီးတော့ ပြီးတော့ ဘာလုပ်ရမလဲသိတယ်ဟုတ် ဂလောက်ပဲ မှာခဲ့မယ် ကျန်ရစ်မဖြစ်စေနဲ့  :P
မျက်နှာချင်းဆိုင်လျှက်နဲ့တော့ ဆန့်ကျင်ဘက် မဖြစ်လောက်
်ပါဘူး :)
ဆရာကတော့လုပ်ပြီ .. ဖတ်ရတာ အတွေးကြပ်အောင်လုပ်တယ် .. :P
ကျောချင်းကပ်နေရင်လဲ ရှေ့ဆက်မလျှောက်နဲ့။ (တဖြည်းဖြည်း ဝေးသွားလိမ့်မယ်)
မျက်နှာချင်းဆိုင်နေရင်လဲ.. ရှေ့ဆက်မတိုးနဲ့။
(အန္တရာယ်ရှိတယ်) :P
ကောင်းလိုက်တဲ့ ကဗျာလေး...မျက်နှာချင်းဆိုင်လျက် ဆန့်ကျင်ဘက်ပဲနော် သိပ်မှန်တယ်း)
ဆန့် ကျင်ဘက်ကို သွားတဲ့ လူနှစ်ယောက် ကမ္ဘာကြီးရဲ့ 
တစ်နေရာမှာ မျက်နှာချင်းဆိုင် ပြန်ဆုံကြဦးမှာပါဗျာ။ :)
မျက်နှာချင်းဆိုင်လျှက် လျှောက်နေတဲ့ ငါနဲ့မင်း ဆုံမှတ် တစ်ခုသတ်မှတ်ပီး ရောက်အောင်သွားကြတာပေါ့.. :P
မေးခွန်းလေး ကောင်းတယ် မင်းကြီးရေ... ဆက်တွေး :D :Pd
ဟူး... လက်ရှိအဖြစ်အပျက်နဲ့ ကွက်တိဆိုတော့ ခံစားရတယ်ကွာ..
ဟုတ်တယ်အစ်ကိုရေ...မျက်နှာချင်းဆိုင်လျှက်နဲ့ဆန့်ကျင်ဘက်တွေဖြစ်နေတယ်.... :( :(
ကောင်းလိုက်တဲ့  ကဗျာလေးနော်
အရှေ့ ကိုလျှောက်ပါလို့  အနောက်ကိုလဲ မမျှော်ရပေါင်..
အဲ့ ဒီ ဆန့် ကျင်ဘက်တိုင်း ရှေ့ ဆက်တိုးမယ်
တဖြည်းဖြည်းနဲ့ နီးရအောင်..;)
အနောက်ကို မျက်နာလေး လှည့်ရင်တောင် ရဘူး အတင်း ဆွဲလှည့်ထားမယ် :P
ကမ္ဘာကြီးက လုံးနေတာကိုး။ ခက်တာက ၂၃ ၂ပိုင်း၁ပိုင်း ဒီဂရီ စောင်းနေတော့ တေ့လွဲလေး လွဲသွားနိုင်တယ်။
အခုမှတွေးမိတယ်.. မျက်နှာချင်းဆိုင်နေလည်း ဆန့်ကျင်ဖက်ကိုပဲ မျက်နှာမူထားတာပဲနော်.. နီးလောက်ပါတယ်. ပဲာပဲာ
ကျောချင်းကပ်ထားတာနဲ့ စာရင်..
မျက်နှာချင်းဆိုင်လျှက်အနေအထားက...
အများကြီး ကျေနပ်စရာကောင်းပါတယ်..
တဖြည်းဖြည်းနဲ့ ဝေးသွားကြမယ်
ဆိုခဲ့ရင်တောင်....
သူ့ မျက်နှာလေးကို ငေးရင်း
တစ်လှမ်းခြင်းပေါ့..
.......
..............
.....................
သားရယ် မျက်နှာချင်းဆိုင်မှတော့ ဆန့်ကျင်ဘက်ဆိုတာ မဖြစ်တော့ဘူးလေ...တွေးလို့တော့ ရတာပေါ့ သူတို့ရဲ့ လားရာသာ မတူတာ ဆုံမှတ်တူတယ်လေ.. ကျောချင်းကပ်နဲ့စာရင် မျက်နှာချင်းဆိုင်က ပိုနီးစပ်တာပေါ့ သားရယ်... ပိုဝေးကွာဖို့ထက် ပိုနီးဖို့က ပိုများတာပေါ့...။ သားကသိပ်တော်တာယ် အမေလောက်နီးနီးပဲ...:P
ဘာပဲပြောပြော အမေ့သားက လိမ်မာပြီးသား အမေ့ထက် :P
ပုဂ္ဂိုလ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ကျွန်တော့်ဆရာ ဆရာချစ်... (အသံကုန်အော်ခေါ်သည်)...
အဲဒါ မျိုးကြီးအော်တာ... ခင်ဗျားက ဘာအော်မလဲဗျ... အဟတ်ဟတ်...
အဟဲ.... ဖွားဖက်တော်အစ်ကိုတော်ကလည်း ဟားဟား..
ချန့်ကျင်ဖက်ချိုဒေါ့ တချင်းထွေ များရားရို့... ဟဲဟဲ.. :P :P
၃ နဲ့ ၄ ပေါ့... နော့်.... :P :P
မျက်နှာချင်းဆိုင်ကြီးနဲ့ ဆန့်ကျင်ဖက်ကိုလျှောက်မယ်ပေါ့။ နီးနီးလေးနဲ့ ဝေးဆိုတာ ဒါကိုပြောတာနေမယ်နော်။
ဆန့် ကျင်ဘက်ပေမယ့် နီးပါစေ ညီလေးရေ။
ကမ္ဘာကြီးက ပြားနေတာမဟုတ်ပဲ လုံးနေတာဖြစ်တဲ့အတွက် မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက်တွေဟာ တနေ့နေ့ တချိန်ချိန်မှာ ကျောချင်းကပ် ပြန်ဆုံကြမှာ ဖြစ်သလို ကျောချင်းကပ် ဆန့်ကျင်ဘက်တွေကလည်း မျက်နှာချင်းဆိုင် ပြန်ဆုံကြမှာ သေချာပါတယ် မင်းကျန်စစ်။ အကြောင်းအမျိုးမျိုးကြောင့် ဆန့်ကျင်ဘက်ဖြစ်နေသူတွေ တနေ့နေ့တချိန်ချိန်မှာ ပျော်ရွှင်စွာ ဆုံစည်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကဗျာလေး ရင်ကိုတည့်တည့်ထိသွားတယ်
ကောင်းပါတယ်။
Post a Comment