Rec Comment OF M!иикy@иs^s Blog

webcam recorder

စာမေးပွဲနီးလာလို့ သိပ်မအားချင်တော့ဘူး ဖြစ်နေတယ်ဗျ။ ဒါပေမယ့် ရသလောက်ကိုတော့ ရေးနေအုံးမှာပဲဗျာ။ ဟိုတစ်နေ့က VZO က version အသစ်တောင်းတာနဲ့ တင်ပြီး စမ်းကြည့်လိုက်တော့ Recording function တစ်ခုပိုလာတာကို တွေ့လာရတယ်။ ပြောရင်းနဲ့ ရုပ်ရော အသံရော ဖမ်းထားလို့ ရတယ်ဆိုတော့ မဆိုးဘူးပေါ့။ ဒါပေမယ့် Recording လုပ်လို့ ရထားတဲ့ ဖိုင်က vcr အမျိုးအစားကြီးဖြစ်နေတော့ ပြန်ကြည့်ချင်ရင် VZO နဲ့ပဲ ပြန်ကြည့်လို့ ရပြီး တခြား Player နဲ့ ကြည့်လို့ မရဘူး ဖြစ်နေတာပေါ့။ VZO version 6.0 မပေါ်သေးခင်က ဟိုးအရင်ကတည်းက သုံးခဲ့ရတာကတော့ screen record ဆော့ဖ်ဝဲတွေ သုံးခဲ့ရပါတယ်။ အဲဒီဆော့ဖ်ဝဲကတော့ avi ဖိုင်နဲ့ ထွက်ပေးလို့ ဘယ် player နဲ့မဆို ရုပ်ရော အသံရော ပြန်ကြည့်လို့ရပါတယ်။ အဲဒီဆော့ဖ်ဝဲက screen မှာ presentation အနေနဲ့ လုပ်ပြပြီး မှတ်တမ်းတင်တာတွေကို Full screen recording လုပ်လို့လဲ အဆင်ပြေပါတယ်။ webcam နဲ့ ပြောသမျှတွေကို မှတ်တမ်းတင်ချင်တဲ့ ကိုကိုမမများအတွက်လည်း webcam ပေါ်ရာနေရာကို select window (or) select region ပေးပြီး recording လုပ်ထားလို့ ရပါတယ်။ vzo နဲ့မှ မဟုတ်ပဲ Yahoo, QQ, Skype, ooVoo စတဲ့ ဘယ် webcam software နဲ့ပြောပြော ဒီဆော့ဖ်ဝဲနဲ့ ရိုက်ပြီး ဘယ် player နဲ့မဆို ပြန်ကြည့်လိုက်တော့ဗျာ။ လိုချင်သူများ ဒီမှာ Download နိုင်ပါတယ်။ Latest version ကတော့ crack မရသေးလို့ ရက် (၃၀) သာ သုံးခွင့်ပြုတာမို့ crack ရပြီးသား version ကိုပဲ ပေးလိုက်ပါတယ်။ setup ကို Run လိုက်ရင် Trial version ဖြစ်ပါပြီ။ ပြီးရင် C > Program Files > ACASystems > ACARecorder203 ဖိုင်ထဲက acacam ကိုဖျက်ပြီး Download ယူထားတဲ့ဖိုင်ထဲက crack ဖိုင်ထဲမှာရှိတဲ့ acacam ကို အစားသွင်းထည့်ပေးလိုက်ရင် Full version ဖြစ်ပါပြီ။ webcam နဲ့ ပြောသမျှ ဆိုသမျှလေးတွေကို သတိရတိုင်း ပြန်ကြည့်နိုင်ကြပါစေဗျာ... razz

3D Desktop အတွက် Crack

သူငယ်ချင်းတွေ ပြောလာကြတယ်။ ကျွန်တော်မျှဝေထားတဲ့ 3D Desktop ဟာ expire ဖြစ်သွားလို့ သုံးလို့မရတော့ဘူးလို့ ပြောလာကြပါတယ်။ ဟုတ်ပါတယ်။ ကျနော် Download ပေးလိုက်တဲ့ ဖိုင်ထဲမှာ Crack ပါမသွားတာပါ။ ခု Crack သီးသန့် ပေးလိုက်ပါတယ်။ ဒီမှာ Download ယူနိုင်ပါတယ်။ ရလာတဲ့ Crack ကို copy ယူပြီး C >> Program File >> Deskspace ဖိုင်ထဲမှာ ထည့်ပေးလိုက်ပါ။ ရှိပြီးသား deskspace.exe နေရာမှာ လဲပြီး ထည့်ပေးလိုက်ရင် activate ဖြစ်သွားပါပြီ။ အားလုံး အိုကေသွားပါစေဗျာ wink

စွယ်စုံသုံးNotepad နဲ့ TimerShutdown

နှစ်သစ်မှာ အားလုံးရွှင်လန်းချမ်းမြေ့ပါစေဗျာ။ သင်္ကြန်တွင်းမှာ ပျော်ခဲ့ရွှင်ခဲ့ရသူတွေရှသလို သာမာန်ရက်တွေအတိုင်း ဖြတ်သန်းရသူတွေလဲ ရှိကြမှာပါ။ ကျနော်ကတော့ မြန်မာ သင်္ကြန်မှာလောက် မပျော်ရပေမယ့် မနှစ်ကထက်တော့ ပိုပျော်ခဲ့ရပါတယ်။ သင်္ကြန်ရက်တွေ ကျော်တော့လဲ လွမ်းတဲ့စိတ်တွေကို မေ့ထားလိုက်ပြီး ပုံမှန်ပြန်လည်ပတ်နိုင်အောင် ကြိုးစားရ အုံးမှာပေါ့ဗျာ။ cry

နှစ်သစ်အတွက် လက်ဆောင်လေးတွေ ပေးလိုက်အုံးမယ်ဗျာ။ တခြားတော့ ဟုတ်ပါဘူး။ စွယ်စုံသုံးလို့ ရနိုင်မယ့် Notepad နဲ့ TimerShutdown ဆော့ဖ်ဝဲလေးတွေပါ။ အရင်ဆုံး စွယ်စုံသုံး Notepad အကြောင်းကို အရင် ရှင်းပြပါမယ်။ စွယ်စုံသုံး Notepad ဆိုတာကတော့ တင်စားလိုက်တာပါ။ တကယ်နာမည်ကတော့ Notepad++ ပါ။ သူဆီမှာပဲ ရိုးရိုး Notepad အနေနဲ့ ရေးလို့ရသလို တခြားအမျိုးအစား ၅၀ အထိ ပြောင်းပြီး ရေးနိုင်ပါတယ်။ အသုံးအဝင်ဆုံး Language တွေကတော့ C, C#, C++, CSS, HTML, Java, PHP, XML တွေပါပဲ။ Notepad ထဲမှာတင်ပဲ တခါတည်း အဲဒီ Language တွေကို ရေးနိုင်ပါတယ်။ ဥပမာ- HTML code တွေကို ကိုယ်တိုင်ရေးသားတဲ့အခါ အရင်က Microsoft office မှာ Front Page ထပ်ပေါင်းပြီး ရေးခဲ့ရပါတယ်။ ခု ဒီ Notepad++ ထဲမှာ တခါတည်း ရေးပြီး အမှားအမှန် ကြည့်လို့ ရပါတယ်။ preview ကြည့်လို့ မရတာ တခုပါပဲ။ New window စခေါ်ရင်တော့ ရိုးရိုး Notepad (.txt) နဲ့ စပါတယ်။ နောက် မိမိရေးချင်တဲ့ အမျိုးအစားကို Language မှာ သွားပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ။ ဇော်ဂျီဖောင့်အတွက်တော့ မြန်မာလို မပေါ်ပါဘူး။ ကျနော်မသိသေးတဲ့ အသုံးပြုပုံတွေလဲ ရှိတော့ရှိပါသေးတယ်။ စိတ်ဝင်စားရင်တော့ စမ်းကြည့်ပေါ့။ မလေးပါဘူး။ ဒီမှာ Download ယူနိုင်ပါတယ်။ လေ့လာချင်ရင်တော့ ဒီမှာ ပါ။

နောက်တမျိုးကတော့ TimerShutdown ဆော့ဖ်ဝဲပါ။ ဆော့ဖ်ဝဲအကြောင်း မပြောခင် အရင်က သုံးခဲ့ပုံကို အရင် ပြောပြချင်ပါတယ်။ timershutdown နည်းတွေကတော့ အများကြီး ရှိပါတယ်။ ကျနော် သိသလောက်လေးတော့ ပြောပြပါမယ်။ အရင်က timer shutdown ချချင်ရင် Desktop ပေါ်မှာ New shutcut ခေါ်ရပါတယ်။ Location of item မှာ shutdown –s –t ပြီးရင် ထားချင်တဲ့ အချိန်(စက္ကန့်)ကို ရေးပါတယ် (ဥပမာ shutdown –s –t 300 လို့ ရေးလိုက်ရင် ၅မိနစ် အကြာမှာ shutdown ကျပါမယ်)။ ရေးပြီးလို့ Next ပေးလိုက်တဲ့အခါ exe တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီ shutdown.exe ကို Double-click လိုက်ရင် shutdown time ပြထားတဲ့ message ပေါ်လာပါလိမ့်မယ်။ ပေးထားတဲ့ အချိန်မပြည့်ခင် shutdown မကျချင်လို့ ပြန်ဖြည်ချင်ရင်တော့ control panel ရဲ့ Run (window+R) ကို ခေါ်ပါ။ Run မှာ shutdown –a လို့ ရေးလိုက်ရင် shutdown အတွက် message လည်း ပျောက်သွားပြီး shutdown မကျတော့ပါဘူး။

အထက်မှာ ရေးခဲ့တာတွေကတော့ အရင်က သုံးခဲ့တာပါ။ ခု အဲဒါတွေ လုပ်စရာမလိုတဲ့ ဆော့ဖ်ဝဲလေး မျှလိုက်ပါတယ်။ timer shutdown ပေးချင်တဲ့ အခါ ဒီဆော့ဖ်ဝဲလေးကို Double-click လိုက်ပြီး Enter Minutes မှာတော့ ကိုယ်ပေးချင်တဲ့ အချိန်ကို ရေးလိုက်ပြီး shutdown ဆိုရင် ပြီးပါပြီ။ ဆော့ဖ်ဝဲကို ဒီမှာ Download ယူနိုင်ပါတယ်။


တတ်သလောက် မှတ်သလောက်လေးကို ကလိထားတာလေးတွေနဲ့ ပေါင်းပြီး အသုံးဝင်မလားလို့ ရေးပေးတာဖြစ်ပါတယ်။ ကျနော် တတ်လွန်းလို့ မဟုတ်ပါဘူး။ ကျနော်ထက် တတ်တဲ့သူတွေ အများကြီးပါ။ မှားတာတွေ့ရင်လဲ ပြောပါဗျာ။ ကွန်ပျူတာ အသုံးပြုသူတိုင်း အဆင်ပြေနိုင်ပါစေ.... biggrin

တဆက်တည်းမှာပဲ ကြေညာဝင်ပေးလိုက်အုံးမယ်။ (သူတို့ဆီက ခေါက်ဆွဲစားထားလို့ mrgreen ) ကျနော့်ဆီကနေ ဘလော့ဂ်ရောဂါ ကူးစက်ခံသွားရပြီး ကြိုးစားရေးလာကြသူတွေပါ။ သူတို့ကတော့ အသားအနက်နုရောင်လေးနဲ့ ပိန်ပိန်ပါးပါး အရိုးထဲက အားတွေထုတ်ပြီး ကျနော့်အကြောင်း အကောင်းတစ်ခုမှ မပါအောင်ရေးတတ်တဲ့ နောင်တော် ဗိုလ်ဟိန်းမှ လူနှင့်မလိုက်အောင် နုပေးထားသော အညာသားလေး အမည်ဖြင့်၎င်းအွန်စောလို့ ချစ်စနိုးခေါ်ခဲ့တဲ့ သူငယ်ချင်းမစောမဏ္ဍိုင် အမည်ဖြင့်၎င်း ( ဘလော့မှာ မဏ္ဍိုင်ကြီး လို့ သူ့ကိုယ်သူ ရေးထားတာကို ကျနော်ကတော့ လေးလုံးမို့ ကောင်းကောင်း မဖတ်မိပဲ မနိုင်ကြီး လို့ပဲ မြင်နေတယ် mrgreen )နောက်တယောက်ကတော့ ဟာသကဗျာတွေ ကာတွန်းတွေနဲ့ ဘလော့သူငယ်ချင်းများကို ပြုံးရယ်ပြီး အသက်ပိုရှည်စေမယ့် ကိုရင်ညိန်း တို့ဖြစ်ပါတယ်။ သွားရောက်မွှေနှောက်လိုက်ပါအုံးဗျာ razz

Screen ကို Lock ချဖို့

ဒီရက်တွေမှာ တကယ်ကို စာနဲ့ လုံးချာလိုက်နေလို့ အသစ်ရေးတာ ကြာသွားတယ်ဗျာ။ ခြင်းခတ်လိုက် ပန်းသီလိုက်နဲ့မို့လဲ ပင်ပန်းသွားတာ :D ။ ဆောင်းပါးတစ်ခုရေးဖို့ အတွက်လည်း လေ့လာနေခဲ့ရလို့ပါ။ ပို့စ်အသစ် မတင်ရရင်လဲ စိတ်မှာမနေတတ်လို့ ဆော့ဖ်ဝဲလေး တစ်ခု လက်တို့လိုက်အုံးမယ်ဗျ။ ဒါလေးကတော့ မိမိကွန်ပျူတာရဲ့ screen ကို Lock ချတဲ့ ဆော့ဖ်ဝဲလေးပါ။ Lock ချထားတုန်းမှာ Matrix ထဲကလို စာလုံးလေးတွေ ကျနေပါတယ်။ အရင်က ကိုယ့်ကွန်ပျူတာနားမှာ ရှိမနေနိုင်တုန်း တခြားသူ မသုံးစေချင်ရင် Window + L နဲ့ window lock ချခဲ့ပါတယ်။ ဒါပေမယ့် လုပ်လက်စတွေ ပျက်သွားပါတယ် ( ဥပမာ- ဖွင့်ထားတဲ့ သီချင်းတွေ ပိတ်သွားပါတယ် ) ။ နောက်တမျိုးက screensaver ထားပြီးရင် password တောင်းအောင် လုပ်ထားပါတယ်။ ဒီမှာတော့ လုပ်လက်စတွေ ပိတ်မသွားပေမယ့် screensaver တက်သွားသည်ထိ စောင့်နေရပါသေးတယ်။ ခုဆော့ဖ်ဝဲနဲ့ကတော့ သွားစရာ ရှိတာနဲ့ ချက်ချင်း Lock ချခဲ့နိုင်ပြီး လုပ်လက်စတွေ ပိတ်မသွားစေပါဘူး။ screen တစ်ခုလုံးကို Password နဲ့ Lock ချခဲ့မှတော့ ဘာမှကို မလုပ်နိုင်တော့ဘူး ရှင်းရော :D ဆော့ဖ်ဝဲအသုံးပြုပုံကလည်း လွယ်ပါတယ်။ ဒီမှာ Download လုပ်နိုင်ပါတယ်။ 614KB ပဲရှိပါတယ်။ ပြီးရင် Run လိုက်ပါ။ Taskbar မှာ X ပုံလေးပေါ်လာပါလိမ့်မယ်။ R-click နဲ့ password ထားလိုက်ပါ။ ဒါဆို ပြီးပါပြီ။ Lock ချချင်တာနဲ့ Xလေးကို clickလိုက်ရင်ရပါပြီ။ အားလုံး ဖုံးဖုံးဖိဖိလေးနေနိုင်ပါစေဗျာ ဟတ်ဟတ်

3D Desktop

ဆော့ဖ်ဝဲလေးတစ်ခု လက်တို့လိုက်ပြန်ပြီဗျာ။ ကွန်ပျူတာမှာ သုံးတာတွေ များလို့ Desktop မှာ ရှုပ်ရှက်ခပ်သွားတာ ၊ taskbar မှာ နေရာမရှိလောက်အောင် များသွားတာကို မကြိုက်တဲ့ သူများအတွက် Desktop နေရာအပိုတွေ ရနိုင်တဲ့ ဆော့ဖ်ဝဲလေးပါ။ သာမာန် ကွန်ပျူတာမှာ Window တစ်ခုမှာ Desktop နေရာ တစ်ခုတည်း ရှိပါတယ်။ သုံးရင်းနဲ့ ဖွင့်တာတွေ များလို့ taskbar မှာ နေရာမရှိတော့တာ ၊ Desktop မှာလည်း အများကြီး ရှုပ်နေတာတွေ ကြုံရတတ်ပါတယ်။ လိုချင်တာ ရှာရရင်လည်း တော်တော်နဲ့ မတွေ့နိုင်ဘူး ဖြစ်နေတတ် ပါတယ်။

ခု ဒီဆော့ဖ်ဝဲကတော့ Window တစ်ခုတည်းမှာကိုပဲ Desktop နေရာ ၄ ခုပေးသွားမှာပါ။ Desktop တစ်ခုမှာ ဖွင့်တာ များနေလို့ ဒါမှမဟုတ်လည်း မရှုပ်ချင်လို့ တခြား Desktop မှာ သီးသန့် ဖွင့်ချင်တာတွေကို လုပ်နိုင်ပါတယ်။ ဟိုဘက် Desktop မှာ ဖွင့်ထားတဲ့ Application တွေက နောက်ထပ် ပြောင်းထားတဲ့ Desktop ဘက်မှာ ရှိမနေပါဘူး။ Desktop မှာရော taskbar မှာပါ အလွတ် (ပြောင်) အနေနဲ့ ပြမှာ ဖြစ်ပါတယ်။ (အရေးအကြောင်း ရှိလို့ လုပ်လက်စတွေကို ပိတ်စရာ မလိုပဲ ဖွက်လိုက်သလိုလဲ ဖြစ်စေပါတယ် :P) နောက် Desktop မှာ ဖွင့်တာ သုံးတာတွေကလည်း ရှေ့ Desktop မှာ ပေါ်မှာ မဟုတ်ပါဘူး။ Desktop တစ်ခုမှ တစ်ခုကိုလည်း နည်းမျိုးစုံနဲ့ အလွယ်တကူ ပြောင်းနိုင်ပါတယ်။ Desktop များရဲ့ အနေအထားက 3D သဘောအတိုင်းပါပဲ။ အံစာတုံးလိုပုံပေါ့။ ခု ပေးလိုက်တဲ့ ဆော့ဖ်ဝဲရဲ့ version က နောက်ဆုံး မဟုတ်သေးပါဘူး။ နောက်ဆုံး version က Desktop ၆ ခုတောင် (အပေါ်+အောက်) ရပါတယ်။ ဒါပေမယ့် Trial version ဖြစ်နေတာရော အသုံးပြုရတာ နည်းနည်း ကွာနေတာရောကြောင့် ခု တစ်ဆင့်နိမ့် version ကိုပဲ ပေးလိုက်ပါတယ်။ ဒီမှာ Download ယူနိုင်ပါတယ်။

အရင်ဆုံး ပုံမှန်အတိုင်းပဲ Run လိုက်ပါ။ ပြီးရင် taskbar မှာ သူ့ရဲ့ Item ပေါ်လာပါလိမ့်မယ်။ R-click ကနေ options ကိုသွားပါ။ Activation မှာ မိမိပြင်ချင်သလို ပြင်နိုင်ပါတယ်။ ပုံမှန် အတိုင်းတော့ Shift + Ctrl + Alt တို့ကို တွဲနှိပ်ရင် 3D Desktop ပုံလေး ဖြစ်သွားပါလိမ့်မယ်။ Arrow key နဲ့ တခြား Desktop တွေကို ရွှေ့လိုက်ရင် ရပါပြီ။ တခြား Desktop တွေမှာ မိမိကြိုက်ရာ Background picture ထားလို့ရပါတယ်။ ( Desktop တစ်ခုချင်းဆီမှာ Background picture တစ်ခုဆီထားရင် ပိုရှင်းသွားလိမ့်မယ်။ ) Desktop တစ်ခုချင်းစီမှာ ပေါ်စေချင်တဲ့ Icon တွေလဲ ရွေးလို့ရပါတယ်။ Desktop တစ်ခုမှာ သုံးနေချိန် တခြား Desktop က Attention Messages တွေ ပေါ်စေချင်တာ / မပေါ်စေချင်တာတွေ ရွေးချယ်နိုင်ပါတယ်။

Mouse နဲ့ ပတ်သက်တာတွေမှာလည်း Desktop ရဲ့ ထောင့်စွန်း တစ်နေရာမှာ Cursor ကို click ပေးလိုက်ပြီး အလယ်ကို ပြန်ရွှေ့တာနဲ့ DeskSpace Activate ဖြစ်ပြီး လိုရာ Desktop ဘက်ကို Drag ဆွဲပြီး ပြောင်းနိုင်ပါတယ်။ မိမိလိုရာ Desktop ဆီရောက်ရင် double click ပါ။ နောက်တခုက taskbar ပေါ်မှာ Mouse ရဲ့ Rotation wheel ကို ဖိလိုက်တာနဲ့ activate ဖြစ်တဲ့ နည်းပါ။ နောက်တစ်ခုက Rotation wheel ကို လှည့်လိုက်တာနဲ့ ( Ctrl နှင့်လည်း တွဲပြီး လှည့်ရန်လည်း ရွေးနိုင်သည် ) activate ဖြစ်တဲ့နည်းပါ။ (ဒါကတော့ shortcut key နဲ့ မဟုတ်ပဲ Mouse နဲ့ ချက်ချင်း ပြောင်းနိုင်တဲ့ နည်းတွေပါ။ ကြိုက်တာ တမျိုးတည်းလည်း ထားနိုင်ပါတယ်။ )

Zoom မှာတော့ ထူးထူးခြားခြား သိပ်မရှိပါဘူး။ Display မှာတော့ Background Type မှာ Static Image ပေးပြီး အောက်မှာ မိမိကြိုက်တဲ့ ပုံတစ်ပုံကို ရွေးပေးနိုင်ပါတယ်။ ဒါက Desktop ပြောင်းတဲ့အခါ activate ဖြစ်နေတုန်းမှာ ပေါ်မယ့် နောက်ခံပုံပါ။ Desktop Background ပုံတွေနဲ့ မဆိုင်ပါဘူး။

Desktop မှာတော့ Desktop တစ်ခုချင်းဆီကို မိမိကြိုက်ရာ Hot key သတ်မှတ်ပေးတာပါ။ ဥပမာ- Desktop 1 အတွက် None + win (window) မှာ 1+win လို့ သတ်မှတ်ထားရင် Hot key ဖြစ်တဲ့ win+1 ကို တွဲနှိပ်တာနဲ့ Desktop 1 ကို ချက်ချင်း ရောက်နိုင်ပါတယ်။ Desktop 2, 3, 4 အတွက် window key + 2,3,4 လို့ မှတ်လိုက်ရင် အလွယ်တကူ မှတ်မိနိုင်ပါတယ်။

ကဲ..... အတတ်နိုင်ဆုံးတော့ ရှင်းအောင် ရေးထားပါတယ်။ တကယ်လို့ စိတ်ဝင်စားပေမယ့် ဖတ်ရတာ မရှင်းသေးရင် ဒီမှာ လည်း လေ့လာနိုင်ပါတယ်။ မိမိကွန်ပျူတာမှာ Desktop အမျိုးမျိုးနဲ့ ရှင်းရှင်းလင်းလင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အပိုင်းလိုက် သုံးချင်သလို သုံးနိုင်ပါစေဗျာ။

သတင်းအတွက်

တခါက မီးလောင်ပြင် ဒုတိယပိုင်းကို ဆက်ရေးနေတာ မပြီးသေးတာရယ် ခုတလော အမိမြန်မာပြည်ရဲ့ အဆက်မပြတ် ဖြစ်နေတဲ့ သတင်းတွေကို စိတ်ဝင်စားနေမိတာကြောင့် ဒီပို့စ်လေး ရေးပေးလိုက်တာပါ။ မြန်မာရေဒီယို Toolbar လေး အကြောင်းပါ။ ကျနော် သုံးနေတာတော့ တစ်နှစ်လောက် ကြာပါပြီ။ ခုတလော မြန်မာမှာ အဆက်မပြတ်ဖြစ်နေတဲ့ သတင်းတွေကို လက်မလွတ်တမ်း နားထောင်နိုင်ကြဖို့ အခုမှ ရေးဖြစ်လိုက်တာပါ။ မသိသေးသူတွေ အတွက် ရည်ရွယ်ခြင်းပါ။

သတင်းဆိုတာကတော့ အမြဲမပြတ်သိနေနိုင်ရင် ကောင်းသားလား။ ကျနော် အသိလေး ကြွယ်စ အရွယ်ကတည်းက ရေဒီယိုနားထောင်တာကို ဝါသနာပါသူလေ။ ညဘက် ရေဒီယိုလေးနဲ့ လွှင့်သမျှလိုင်းတွေ လိုက်ဖမ်းရင်း နားထောင်ရင်းနဲ့ အိပ်ပျော်သွားတတ်ခဲ့တာ။ ခုရေခြားမြေခြား ရောက်နေပေမယ့်လည်း မြန်မာ့သတင်းတွေ သိချင်တော့ ဟိုကလိ ဒီကလိနဲ့ ဒါလေး သွားတွေ့ဖြစ်လိုက်တယ်။ အရင်က နားထောင်ချင်တဲ့လိုင်းရဲ့ website ကိုဝင် ပြီး တိုက်ရိုက် ဒါမှမဟုတ် download ချပြီးမှ နားထောင်နိုင်တာပါ။ ဒီ Toolbar ကတော့ ရေဒီယိုလိုင်း တော်တော် များများကို အလွယ်တကူ နားထောင်လို့ ရနိုင်ပါတယ်။ သီချင်း အစီအစဉ်တွေလဲ ပါပါတယ်။ သီချင်းတွေကတော့ ရှားသွားတဲ့ သီချင်းအဟောင်းတွေကို အမြဲလွှင့်ပါတယ် မပြောင်းပါဘူး။

နည်းကတော့ လွယ်ကူပါတယ်။ ဒီနေရာမှ တဆင့် သွားပြီ Download ယူပြီး မိမိနှစ်သက်ရာ IE (သို့)Mozilla Browser မှာ Run လိုက်ယုံပါပဲ။ မြန်မာဖောင့် အနည်းငယ်တော့ ပါပါတယ် Padauk OT Font ကို သုံးထားပါတယ်။ များသောအားဖြင့်တော့ english လိုပဲ ရေးပေးထားပါတယ်။ ဖောင့်မြင်အောင် လုပ်ရမယ့် နည်းတွေတော့ ပြထားပါတယ်။ ဒါပေမယ့် ဘလော့အတွက် ဖောင့်တွေ ပြင်ဆင်ထားတာနဲ့ ရောမှာစိုးရင်တော့ မပြင်ပါနဲ့တော့။ Toobar မှာ ရေဒီယိုလိုင်းတွေအပြင် အပိုပါတာလေးတွေက Weather , Skype နဲ့ Mail Notificer တွေပါ။ Weather နဲ့ Mail Notificer ကလည်း အသုံးတည့်ပါတယ်။ Mail Notifier မှာ မိမိ Mail အားလုံး Add ထားနိုင်ပါတယ်။ Mail အသစ်ဝင်တာနဲ့ Alarm ပေးပါတယ်။ မိမိနှစ်သက်ရာ အသံလည်း ပြောင်းထားနိုင်ပါတယ်။ Mail account တွေ ဝင်မထားဖြစ် ရင်တောင် Browser သုံးနေသရွေ့ New Mail ဝင်လာရင် ချက်ချင်း သိနိုင်တာပေါ့။ အင်တာနက် မကောင်းသူတွေလဲ နားထောင်လို့ အဆင်ပြေပါတယ်။ တက်လိုက်ကျလိုက် အချိန်မှာတောင် သူက ချက်ချင်း မပြတ်သွားပါဘူး။

Toolbar မှာကတော့ ပြည်ပအသံလွှင့်ဌာနတွေ များပါတယ်။ သတင်းတွေလည်း စုံပါတယ်။ ကျနော်က မြန်မာသတင်း သီချင်း ရေဒီယို အစီအစဉ်များ နားထောင်နိုင်အောင်အတွက်သာ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ အခြား ရည်ရွယ်ချက်များ လုံးဝ (လုံးဝ) မပါရှိကြောင်း အသိပေးလိုပါသေးတယ်။ သတင်းဆိုတာကတော့ ယုံကြည်သင့်သည်များကို ယုံကြည်၍ မယုံကြည်သင့်သည်များကိုတော့ ဥပစ်ခါပြုထားသင့်သည်ပဲလေ။ ဘာပဲဖြစ်ဖြစ် ဒီ Toolbar လေးကြောင့် ကျနော် သိခဲ့ရတာတွေအတွက် ကျေးဇူးတင်နေမြဲပဲ...

တဖွဲ့လုံး အာဖျံခွီးနိုင်ဖို့

ဒီတစ်ခါတော့ သူငယ်ချင်းတွေနဲ့ တပျော်တပါး မျက်နှာစုံညီ ကြည့်ရင်း အာဖျံကွီးလို့ ရမယ့် software လေး တစ်ခုပါ။ သိပြီးသား ဖြစ်နေရင်တော့ သီးခံပါ။ အရင်က webcam နဲ့ ကြည့်ကြ ပြောကြဖို့ တွင်တွင် ကျယ်ကျယ်သုံးတာတွေက VZO , QQ, Yahoo, Skype စတာတွေပါ။ တခြားလည်း ရှိမှာပါ။ ကျွန်တော် သိသလောက်တွေက နှစ်ယောက်ပဲ ကြည့်ရင်း ပြောလို့ ရတာတွေပါ။ ရေခြားမြေခြားက သူငယ်ချင်းတွေ အဖွဲ့ကျပြီး တဖွဲ့လုံး ဝိုင်းဖွဲ့ရင်း ရှုမငြီးတဲ့ မျက်နှာတွေ ကြည့်ရင်း စကားပြောချင်ရင် အခက်တွေ့ပါတယ်။ တစ်ယောက် တစ်လှည့်စီ ပြောနေကြရတယ်။ ဒါမှ မဟုတ် speaker တွေ ဖွင့်ပြီး ပြောနေကြရတယ်။ ခု software နဲ့ ဆိုရင် သူငယ်ချင်း ၆ ယောက် တပြိုင်နက် မျက်နှာကြီးတွေ ကြည့်ရင်း အာဖျံခွီးလို့ ရပါတယ်။ ကိုးနတ်ရှင်သာ ကောင်းရင် အသံလည်း ကြည်လင် ရုပ်လည်း ပြတ်သားပါတယ်။ Yahoo, Skype လို အသုံးပြုပုံ အတိုင်းပါပဲ။ မခက်ခဲပါဘူး။ video mail လဲ ပို့လို့ ရနိုင်ပါတယ်။ Type chat ကို Room လိုက် Presonal လိုက်လည်း ချက်လို့ ရပါတယ်။ မြန်မာ (ဇော်ဂျီ) ဖောင့်နဲ့လည်း ရိုက်လို့ အဆင်ပြေပါတယ်။ စိတ်ဝင်စားရင်တော့ ဒီမှာ Download နိုင်ပါတယ်။ လေ့လာချင်ရင်တော့ ဒီမှာ လေ့လာနိုင်ပါတယ်။ သူငယ်ချင်း အားလုံး အခက်အခဲတွေ ကျော်လွားနိုင်ပါစေဗျာ...

PDF File ပြောင်းလဲရန်

လာပြန်ပြီ နောက်တစ်မျိုးလို့ အပြောမစောနဲ့နော့်။ စပ်စုထားတာလေးကို ဖောက်သည် ချလိုက်အုံးမယ်။ Word, Exel, Notepad, HTML, Outlook စတာတွေကို PDF File (အများအခေါ် - စာအုပ်ဖိုင်) အမျိုးအစားကို အပြန်အလှန် ပြောင်းလဲလို့ ရတဲ့ software တစ်ခုပါ။ စာမျက်နှာ အများကြီး ရှိတဲ့ PDF File မှ အလိုရှိရာ စာမျက်နှာကို Word File အဖြစ် ချက်ချင်း ခွဲခြမ်းပြီး ယူနိုင်ပါတယ်။ Word, Exel, Notepad တွေကို save ထားပေမယ့် တစ်ခုခုလုပ်ရင်း ပြောင်းသွားတာကို အမှတ်တမဲ့ ပိတ်မိတဲ့အခါ အမှားကြီးအတိုင်း save သွားတတ်ပါတယ်။ PDF File ကတော့ မပြောင်းတော့ပါဘူး။ security ဖြစ်အောင်လည်း Password ထားဖို့ ဒီ software နဲ့ အလွယ်တကူ လုပ်နိုင်ပါတယ်။ serial key မဝယ်နိုင်လို့ အတိုအရှိုနဲ့ Crack လည်း ရှာပေးပြီး Full version ဖြစ်အောင်လည်း လုပ်ပေးထားပါတယ်။
အရင်ဆုံး PDFT20_TB.exe ကို Run လိုက်ပါ။ ဒါဆို Trial version တော့ ရပါပြီ။
Full version ဖြစ်ဖို့ Crack ကို ဖွင့်ပြီး Patch ကို Click ပါ။
Yes or No မေးပါလိမ့်မယ်။ Yes ပေးပြီး Program File ကို သွားပါ။
ပြီးရင် ABBYY PDF Transformer 2.0 File ထဲက PDFTransformer လေးကို Click တချက်ပေးပြီး Open လိုက်ရင် Full version နဲ့ သုံးဖို့ အဆင်သင့် ဖြစ်ပါပြီ။

အသုံးပြုနည်းကတော့ Create PDF file ကို သွားပါ။ မိမိ ပြောင်းချင်တဲ့ Word, Exel, Notepad, HTML, Outlook တို့ကို ညွှန်းပေးပါ။ မိမိ ပြောင်းလိုက်သော PDF file ကို Open ဒါမှမဟုတ် Edit & Print တဲ့အခါ Password ထားချင်ရင်တော့ Restrict opening နဲ့ Restrict editing & printing တို့မှာ click ပေးပြီး Password ထားလို့ရပါသေးတယ်။ မေးလ်နဲ့ ပို့လည်း ဒီ Password က ပျက်မသွားပါဘူး။ PDF Password remover နဲ့ ဖျက်မှ ပျက်နိုင်ပါတယ်။ ဒါကိုတော့ နောက်မှ ထပ်တင်ပေးပါတော့မယ်။ ရိုးရိုး ပြောင်းချင်ရင်လဲ ပြောင်းချင်တဲ့ Word, Exel, Notepad, HTML, Outlook တို့ကို R-click နဲ့ တခါတည်း ပြောင်းနိုင်ပါတယ်။

စာမျက်နှာ အများကြီး ရှိတဲ့ PDF File မှ အလိုရှိရာ စာမျက်နှာကိုသာ ခွဲယူတာဖို့ကတော့ Transform PDF ကို ဖွင့်ပါ။ ခွဲယူချင်တဲ့ PDF File ကို ဖွင့်ပြီး Page to transform ရဲ့ ကွက်လပ်မှာ လိုချင်တဲ့ စာမျက်နှာ နံပါတ် ဘယ်လောက်မှ ဘယ်လောက် ဆိုတာ ရိုက်ပေးလိုက်ပြီး Transform လုပ်လိုက်ရင် ရပါပြီ။

စိတ်ဝင်စားရင်တော့ ဒီမှာ Download နိုင်ပါတယ်။ သူငယ်ချင်း အားလုံး အဆင်ပြေနိုင်ပါစေ။

တစ်ခုလောက် ပြောချင်ပါသေးတယ်။ ခုတစ်လောက် ကျွန်တော့်ကို မေးနေကြပါတယ်။ minkyansit@gmail.com kyansit@yahoo.com တွေဟာလဲ ကျွန်တော်ပဲလား ဆိုတာတွေပါ။ မဟုတ်ပါဘူး။ minnkyansis@gmail.com သာ ကျွန်တော့် မေးလ်လိပ်စာ ဖြစ်ပြီး အသံထွက်တူတဲ့ အခြား မေးလ်လိပ်စာများမှာ ကျွန်တော် မဟုတ်ကြောင်း သူငယ်ချင်း အားလုံးကို အသိပေးလိုက်ပါတယ်။

File & Document များ လုံခြုံရန်

ဘလော့ကို ခုမှအာရုံပြန်စိုက်နိုင်တယ်ဗျာ။ အသစ်မရေးဖြစ်တာရော လိုက်မလည်ဖြစ်တာရော ခွင့်လွှတ်ကြပါ။ Software တွေ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ တောင်းဆိုကြလို့ ထပ်ပေး လိုက်ပါတယ်။ ခုပေးမှာတော့ မိမိ ကွန်ပျူတာထဲမှာ ရှိတဲ့ File တွေ Document တွေကို တခြားလူ မဖွင့်စေချင်ရင် Lock ချတဲ့ software ပါ။ အရင်က File တွေ Document တွေကို Hidden လုပ်ပြီး ဖွက်လို့ပဲရပါတယ်။ နေရာ သေချာမသိတော့ရင်လည်း ပြန်ရှာရတာ ခက်ပါတယ်။ Folder Options ကနေ Hidden ပြန်ဖော်လိုက်တာနဲ့ လုံခြုံမှု မရှိတော့ပါဘူး။ ခု software ကတော့ password နဲ့မို့ စိတ်ချရပါတယ်။ မိမိပေးထားတဲ့ password မဟုတ်ပဲ ထင်ရာ password များ ရိုက်တာနဲ့ alarm မြည်ပြီး shutdown နှင့် real password မှတပါး လက်မခံတော့ပါဘူး။ (computer owner မဟုတ်တဲ့ သူတစ်ယောက် ခိုးဖွင့်နေခြင်း သိစေနိုင်ပါတယ်) Lock ချထားတဲ့ File တွေ Document တွေကို ဖျက်ပစ်ဖို့ ၊ software ကို password မသိပဲ ဖြုတ်ပစ်ဖို့လည်း မရနိုင်ပါဘူး။ လုံခြုံမှု အရမ်းရှိပါတယ်။ password သာ မေ့နေခဲ့ရင် Lock ချထားတဲ့ File တွေ Document တွေကို window ပြန်ချမှပဲ အသုံးပြုလို့ ရနိုင်ပါတယ်။ Full vertion ဖြစ်ဖို့ Register အတွက် Crack လည်း ပေးထားပါတယ်။

အသုံးပြုနည်းကိုတော့ သိသလောက် ပြောပြလိုက်ပါ့မယ်။ အရင်ဆုံး software Install လုပ်ပြီးတာနဲ့ original password ကတော့ security ပါ။ password ရိုက်ဝင်ပြီးရင် Register အတွက် Crack မှာ ကြိုက်ရာ Name ရိုက် key ရယူပြီး ဖြည့်လိုက်ရင် အဆင်ပြေပါပြီ။ နောက် setting မှတဆင့် မိမိကြိုက်ရာ password ပြောင်းလဲနိုင်ပါတယ်။password အမှားရိုက်တာနဲ့ alarm မြည်အောင် ပုံအတိုင်း လုပ်ကြည့်ပါ။ Active နေရာမှာ click ပေးပြီး ဂဏန်းကတော့ ဘယ်နှစ်ခါပဲ အမှားခံမယ် ဆိုတဲ့ သဘောပါ။အဆင်သင့် ဖြစ်ပါပြီ။ File တွေ Document တွေကို R-click မှ Lock / unlock / (unlock & open ကတော့ password ရိုက်ပြီးတာနဲ့ တခါတည်း File / Document ပွင့်မှာ ဖြစ်ပါတယ်)။ အသုံးပြုပြီးတာနဲ့ Lock ပြန်လုပ်ဖို့တော့ မမေ့ပါနဲ့။ အခြားနေရာ (internet lock, exploder control, system lock) အမျိုးမျိုး အသုံးပြုလို့ ရပါသေးတယ်။ Lock ချထားတဲ့ File ကို Hidden လည်း လုပ်ထားလို့ ရပါသေးတယ်။ သူငယ်ချင်း အားလုံးရဲ့ ဘာညာကွိကွ မသိစေချင်တာတွေကို လုံလုံခြုံခြုံ သိမ်းဆည်းထား နိုင်ကြပါစေဗျာ... :P ။ စိတ်ဝင်စားရင် ဒီမှာ software download နိုင်ပါတယ်။

ကွန်ပျူတာ မျက်နှာဖုံးလေးများ

သူငယ်ချင်းတို့ရေ စာမေးပွဲကြီး ရှိနေပြန်ပြီဗျာ။ စိတ်က ရောက်နေပေမယ့် မအားမလပ် တာလေးတွေ ရှိနေလို့ ပုံမှန် ပို့စ်မတင်ဖြစ်ရင် ခွင့်လွတ်ပါအုံး။ အားရင် အားသလိုတော့ ဗဟုသုတ ဖြစ်စရာ တစ်ခုခုလေး တင်ပေးပါ့မယ်။ ခုတော့ ပို့စ်ကောင်းကောင်း မရေးဖြစ်ပေမယ့် ကွန်ပျူတာ မျက်နှာလေးတွေ လှစေချင်လို့ သနပ်ခါး မိတ်ကပ်လေးတွေ ပေးလိုက်တယ်ဗျ။ ကွန်ပျူတာ မျက်နှာလေး လှနေရင် သုံးသူလည်း စိတ်ကြည်လင် အေးချမ်းတယ် မဟုတ်လား။ Desktop Background အတွက် ပုံလှလှလေးတွေပါ။ ရှာထားနိုင်သလောက် ပေးလိုက်တာပါ။ (၁၄၃) ပုံ ပါပါတယ်။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်နိုင်ပါတယ်။ ဖိုင်ဆိုဒ်လည်း ချုံ့ထားပါတယ်။ ကွန်ပျူတာ အသုံးပြုနေတဲ့ သူငယ်ချင်း အားလုံး စိတ်ကြည်လင် လန်းဆန်းစွာနဲ့ နေ့ရက်တိုင်း ဖြတ်သန်းနိုင်ပါစေဗျာ…