ရုရှားနိုင်ငံရောက် မြန်မာကျောင်းသားများထံမှ ကောက်ခံရရှိသော မုန်တိုင်းဒုက္ခသည် အလှူငွေများအနက်မှ ဗုဒ္ဓကလျာနယုဝအသင်း (YMBA-MEPHI) မှ လက်ခံရရှိသော အလှူငွေ US $ 2500 အား (ပထမအကြိမ်) အဖြစ် မြန်မာနိုင်ငံ ဒုက္ခသည်များထံသို့ (တိုက်ရိုက်) ပေးပို့လှူဒါန်းရာတွင် ဆက်သွယ်မှု့ အခက်အခဲများကြောင့် အနည်းငယ် ကြန့်ကြာခဲ့ရာ ရုရှားရောက် မြန်မာ Blogger ကျောင်းသားတစ်ဦး၏ မိဘများထံမှတစ်ဆင့် ဆက်သွယ် ပေးပို့ လှူဒါန်းနိုင်ခဲ့ပါသည် ။
၎င်းကျောင်းသား မိသားစုမှ လက်ခံရရှိသော (ပထမအကြိမ်) အလှူငွေများနှင့်အတူ အလှူငွေ ငွေကျပ် (၁၀) သိန်း အား ထပ်မံ ထည့်ဝင်လှူဒါန်းကာ ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် ကန်ဦးဇေတ၀န်ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ထံသို့ လှူဒါန်းပြီး ၊ စေတနာရှင် လူငယ်ဆရာဝန်များနှင့်အတူ မုန်တိုင်းဒဏ်အား အဆိုးရွားဆုံး ခံစားခဲ့ရသော ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့နယ် အတွင်းရှိ အစဲကြီးရွာ၊ ညောင်တနီးရွာ နှင့် သိဖက်ရွာ သုံးရွာတို့အား ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၄၀) ခန့်တန်ဖိုးအားဖြင့် ရှိသော တာလဘတ် အမိုးများ ၊ ဆန် ၊ ပဲ ၊ အ၀တ်အထည်နှင့် ဆေးဝါးများအား ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားများကိုယ်စား (၁၆.၅.၀၈) တွင် ကိုယ်တိုင်ကိုယ်ကျ (တိုက်ရိုက်) သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာပြည်သူပြည်သားအပေါင်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင် ကြစေရန် အသိပေး တင်ပြအပ်ပါသည်။အလှူဒါနပြုလုပ်ရာ ဘုန်းတော်ကြီးကျောင်း
လှူဒါန်းမည့်ပစ္စည်းများအားတွေ့ရစဉ်
အ၀တ်အထည်များအား လှူဒါန်းပေးအပ်စဉ်
တာလဘတ် အမိုးစများအား လှူဒါန်းစဉ်
စေတနာရှင် လူငယ်ဆရာဝန်များမှ ဆေးဝါးကုသပေးနေစဉ်
ဆေးဝါးကုသမှု ခံယူနေစဉ်
လျှူဒါန်းပစ္စည်းများ ပေးအပ်ပြီးနောက် မြင်တွေ့ရစဉ်
လှူဒါန်းမှု ခရီးစဉ်မြင်ကွင်း
လှူဒါန်းပစ္စည်းများ ၀ယ်ယူမှုစာရင်း
-