Rec Comment OF M!иикy@иs^s Blog

ဘ၀အတွက် ကဗျာ

လွန်ခဲ့တဲ့ ၂နှစ်တုန်းက စပ်ထားခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ရေးလိုက်ပါတယ်။ ဘ၀ကိုဆက်ပြီး ရင်ဆိုင်နိုင်ဖို့ အားအင်တွေလျော့နေတဲ့ သူတစ်ယောက်အတွက် ရေးပေးခဲ့တာပါ။ ကဗျာရဲ့ အတိတ်လေး မပျက်စေချင်လို့ ခေါင်းစဉ်ကိုလဲ အရင်ကအတိုင်းပဲ တင်လိုက်ပါတယ်။ အသစ် မပြောင်းလိုက်ပါဘူး။

၆၀ တန် ကဗျာတစ်ပုဒ်

ဘ၀ခရီးလမ်း
ဘယ်လိုပင်ကြမ်းကြမ်း
မမောမပန်း
လျှောက်လှမ်းသူသာ
အောင်ပန်းတစ်ရာ ဆွတ်ခူးနိုင်၏...
ဘ၀မြစ်ကြော
ရေစုန်မျှောကာ
အားလျော့ကုန်ခမ်း
မကြိုးပမ်းလျှင်
အဘယ်မှာ "ကမ်း" ကပ်မည်နည်း...

ကဗျာလေးဖတ်ပြီး ဘ၀အတွက် အားအင်တွေတိုးလာနိုင်ပါစေ...

2 Comments:

ရန်ကင်း said...

၆၀ တန်တာကန့် ကွက်ပါတယ်။ အရိုးဆုံးနဲ့ အထိမိဆုံးကဗျာဆိုရင် ၁၀၀ ပေးတယ်။
သူငယ်ချင်းပြန်ပြင်စေချင်ပါတယ်။

မောင်ထုဆစ်သော "ပန်းလေး" said...

ကြိုးစားထား ကမ်းကပ်တော့မယ်... :D :P