Rec Comment OF M!иикy@иs^s Blog

ဒီဘလော့ရဲ့ အစ...

ကျွန်တော်အရင်က အင်တာနက်သုံးရင် ဗီဒီယို သီချင်းနဲ့ စာအုပ်တွေပဲ လိုက်ရှာဖြစ်ပါတယ်။ နောက်တော့ ရှာရင်းနဲ့ မျက်စိလည်ပြီး ဘလော့တစ်ခုဆီရောက်သွားပါတယ်။ မောင်သန့်ဇင် ရဲ့ဘလော့ပါ။ ရပ်ဝေးမှာ မြန်မာစာ ငတ်နေတဲ့ ကျွန်တော်က မြန်မာစာရှိတဲ့ website မှန်သမျှ ၀င်ကြည့်ရတာရိုးသွားတဲ့အချိန်မှာ တစ်ယောက်အတွေ့အကြုံ အမြင်အသိလေးတွေ ရေးထားတဲ့ ဘလော့ကိုတွေ့လိုက်တော့ စာဖတ်ချင်တဲ့ ကျွန်တော် အရမ်းပျော်သွားပါတယ်။ စာကြည့်တိုက်မှာ စာအုပ်ငှားရသလို ပိုက်ဆံလည်းမပေးရဘူးလေ :) ဘလော့တော်တော် များများလိုက်ဖတ်ဖြစ်ပြီး ဘလော့အကြောင်းနားလည်လာတဲ့ အချိန်မှာတော့ ကျွန်တော် ကိုယ်တိုင်ရေးကြည့်ချင်လာတယ်။ အရင်က Freeweb တွေရေးဖူးပေမယ့် ဘလော့လိုအမြဲ active ဖြစ်မနေတာကို တွေးမိလာတယ်။အရင်ကလည်း Notebook နဲ့ Diary ရေးတတ်တဲ့ ကျွန်တော်က ချစ်သူ့အကြောင်းခံစားရတာလေးတွေကို ဘလော့စာမျက်နှာပေါ်မှာ မှတ်တမ်းလေးသဖွယ် စရေးမိပါတယ်။ ကိုယ်ပိုင်အကြောင်းတွေပဲ ရေးထားတာမို့ ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေကိုပဲ ပေးဖတ်ခဲ့ပါတယ်။ ဒါပေမယ့် တယောက်တဆင့် သိပြီး လာလည်ကြတဲ့ သူတွေများလာတော့ ဗဟုသုတနဲ့ တခြားအကြောင်းလေးတွေ မပါလို့ လာလည်တဲ့ သူငယ်ချင်းတွေကို အားနာလာတယ်။ ကျွန်တော်သိတာလေးတွေလဲ ရေးချင်တာရယ် သူငယ်ချင်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆက်သွယ်ချင်တာကြောင့် ဒီဘလော့လေးကို ထပ်ရေးလိုက်ပါတယ်။ မိဝေးဖဝေး ရပ်ဝေးရောက်နေတဲ့ သူငယ်ချင်းတွေ အချင်းချင်း အားပေးကူညီရင်း ကျန်နေသေးတဲ့ ဘ၀ရဲ့အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြ ရအောင်လားဗျာ…

0 Comments: