နေကောင်းသွားပါပြီ သူငယ်ချင်းတို့ရေ။ ညနေပိုင်း ကျောင်းအပြန် နှင်းပြင်မှာ သွားဆော့မိ တာဗျ :P မှတ်လောက်သားလောက်အောင် ၂ပတ်လုံး ဖျားတော့တာပဲ။ နှာကလဲ စီးလိုက်တာ မှ အရမ်း။ နှာဗူးကို လက်ကကို မလွှတ်နိုင်ဘူး။ တစ်ရူးဆို အထုပ်ကြီး နှစ်ထုပ်တောင် ကုန်သွားတယ်။ ဆေးတွေလဲ အစုံသောက်လို့ နားက ပန်ကာမှုတ်နေသလားပဲ။ နှစ်သစ်ကို ကြိုမှ ကြိုရပါ့မလားတောင် မှတ်နေတာ။ နေမကောင်းတုန်းမှာ ကျောင်းလဲမသွားနိုင် သူငယ်ချင်းတွေဆီလည်ပြီး စာလဲ မဖတ်နိုင်သေးတော့ အိပ်ယာထဲလှဲရင်း ဟိုရှာဒီရှာနဲ့ ပေါက်တတ်ကရတွေ လျှောက်ရှာမိတယ်ဗျ (software ကိုပြောတာနော် :D)။ ညီမလေး အိုကိစုက DJ ဝါသနာပါလှပါတယ်ဆိုလို့ အရင်က ရှာဖူးတဲ့ DJ software ပေးလိုက်ပါတယ်။ သူများပွတ်တာကိုပဲ အားကျနေတဲ့ ညီမလေး ခုတော့ သူ့ဟာသူပွတ်နေလေရဲ့ ( DJ DJ )။ ကျေးဇူးတင်ကြောင်းတွေလဲ တဖွဖွပြောလို့ ။ သူစိတ်ချမ်းသာရင် ဘလော့ရပ်ကွက်လေး ငြိမ်းချမ်းပါတယ်လေ.... :D ။ နေမကောင်းတုန်း အားပေးစကားပြောပေးတဲ့ သူငယ်ချင်း အားလုံးနဲ့ ဆေးသောက်ဖို့ ပွစိပွစိပြောပေးတဲ့ အမေစိန်မမကို ကျေးဇူးပါဗျာ။ Eဆေးနဲ့ Eမုန့်တွေ ကျွေးတဲ့ အန်တီမယ်လိုဒီကြီးကိုလဲ ခုနေကောင်းသွားပြီမို့ Eလက်ဆောင် ပြန်ပေးတဲ့ အနေနဲ့ DJ software တွေ ပေးလိုက်တယ်ဗျ။ စိတ်ဝင်စားရင် ကိုယ်တိုင် ပွတ်နိုင်အောင် မျှဝေထားပါကြောင်းဗျား...... :P
ဒီတစ်ခုကတော့ သုံးလို့လွယ်ပြီး Effect စုံတဲ့ ပွတ်စရာလေးပေါ့။ မူရင်း စီဒီတွေ တင်ပြီး ပွတ်နိုင်သလို စိတ်ကြိုက် mp3 တွေလဲ DJ mix လို့ရပါတယ်။ ဒီမှာ Download လိုက်နိုင်သဗျ။
Install လုပ်တဲ့အခါ လိုတဲ့ Name နဲ့ serial key ကတော့ ကူးပြီးထည့်လိုက်ပါဗျာ
Name: Arjan Eekels , Key: EZDJ-85D28-F3PP-445GC
နောက်တစ်ခုကတော့ သုံးရနည်းနည်း ခက်တယ်။ အသံထွက်တော့ အရမ်းကောင်းတယ်ဗျ။ ဗီဒီယိုတွေပါ mix လုပ်လို့ရတယ်။ ဒီမှာ Download လုပ်နိုင်ပါတယ်။ သူကတော့ Trial version ပဲရတယ်ဗျ။
software တွေကတော့ အများကြီးပါ ကြုံတာလေး သိတာလေးကို ဖောက်သည်ချပြတာ။ ကလိချင်တဲ့ သူငယ်ချင်းတွေ own tune ပွတ်ရင်း ပျော်နိုင်ပါစေ :P
ဒီတစ်ခုကတော့ သုံးလို့လွယ်ပြီး Effect စုံတဲ့ ပွတ်စရာလေးပေါ့။ မူရင်း စီဒီတွေ တင်ပြီး ပွတ်နိုင်သလို စိတ်ကြိုက် mp3 တွေလဲ DJ mix လို့ရပါတယ်။ ဒီမှာ Download လိုက်နိုင်သဗျ။
Name: Arjan Eekels , Key: EZDJ-85D28-F3PP-445GC
နောက်တစ်ခုကတော့ သုံးရနည်းနည်း ခက်တယ်။ အသံထွက်တော့ အရမ်းကောင်းတယ်ဗျ။ ဗီဒီယိုတွေပါ mix လုပ်လို့ရတယ်။ ဒီမှာ Download လုပ်နိုင်ပါတယ်။ သူကတော့ Trial version ပဲရတယ်ဗျ။
1 Comment:
ခုလိုရှာပေးထားတာကောင်းပ...။
လေးမကတော့ ဒီဂျေပွတ်ရာက မွတ်နေအောင် လည်ထွက်သွားတဲ့ ဆရာဦးဘဂျမ်းရေးတဲ့ ကာတွန်းလေးထဲက ကြွက်ဖြူလေးကိုပဲ မြင်ယောင်နေလို့...။ လက်မဆော့တော့ဘူး...။ သူများပွတ်ထားတာပဲ သည်းခံပြီးနားထောင်တော့မယ်...။ :P
Post a Comment