အေးအတူ ပူအမျှဆိုတဲ့စကား
ကိုယ့်အတွက်တော့ အမှားပါ
အေးရင်လက်ကမ်း ပူနေချိန်တော့
လှမ်းမလာစေချင်ဘူး.....
ပြောချင်တဲ့ အပြောခက်စကား
ချစ်သူကြားခွင့်မရစေရဘူး
ဆုံနိုင်ခွင့် ကံကြမ္မာ
ဇွဲနဲ့သာ မျှော်လင့်နေမှာပါ.....
ဝေးကွာခြင်းတွေအောက်မှာ
မျှော်လင့်ခြင်းတွေ ဒူးထောက်မကျပါရစေနဲ့
တို့နှစ်ယောက်ရဲ့ ယုံကြည်မှုတွေနဲ့
အနာဂါတ်လမ်းကို မီးထွန်းညှိကြမယ်လေ....
-
4 Comments:
ယုံကြည်မှုတွေခိုင်မြဲပါစေ
ယုံကြည်မှုတွေ နဲ့ အနာဂတ်ကို..လှပအောင် တည်ဆောက် နိုင် မှာပါ...
သယ်ရင်းရေ..ဒီကဗျာတော်တော်ကောင်းတယ်
ကဗျာလေးကလှတယ်..
နောက်ဆုံးစာသားလေးကိုအရမ်းခိုက်
Post a Comment