စာမေးပွဲရှိတဲ့ကြားကပဲ ကွန်ပျူတာ မျက်နှာလေး လှအောင်တော့ XP Background photo လေးတွေ မျှဝေပြီးပြီ။ သူငယ်ချင်းတွေ ကြိုက်လို့ ယူသွားကြတာ သိရလို့လည်း ဝမ်းသာမိပါတယ်။ ဒါပေမယ့် ကွန်မက်လေးတွေတောင် မတွေ့ရဘူးနော်။ စာမေးပွဲပြီးမှ ဆီပုံးမှာ ပြန်ရှာရတယ်။ ဒီတခါတော့ သူငယ်ချင်းတို့ရဲ့ အမှတ်တရ ဓါတ်ပုံလေးတွေကို ဘောင်သွင်းနိုင်အောင် မျှဝေလိုက်ပါတယ်။ Adobe Photoshop လို အသုံးပြုရမခက်ခဲပဲ လွယ်ကူစွာနဲ့ ဓါတ်ပုံများကို ဘောင်သွင်း အလှဆင်နိုင်အောင်ပါ။ Adobe Photoshop လို လေးလဲ မလေးပါဘူး။ size လည်း လိုသလို ပြောင်းနိုင်ပါသေးတယ်။ Full version ရနိုင်အောင် Serial key ( Password ) တွေလည်း ရှာပေးထားပါတယ်။ Trial version ဆိုရင်တော့ (၁၅) ရက်ပဲ အသုံးပြုလို့ ရနိုင်ပါတယ်။ အရင်ဆုံး Frame Show Set up ကို Run လိုက်ပါ။ ပြီးရင် Frame Pack 1, 2, 3 ကို ထပ် Run လိုက်ပါ။ အသုံးပြုနိုင်တဲ့ Frame လေးတွေကတော့ Classical, Love, Miss U, Thinking of u, Music, Birthday, Anniversary, Christmas, Season, Sport, Location, Family စတာတွေနဲ့ သက်ဆိုင်တဲ့ Frame လေးတွေပါ။ Run ပြီးစမှာ ပေးထားတဲ့ Frame လေးတွေထက် ပိုကောင်းတဲ့ Frame လေးတွေကိုလည်း download ချပေးထားတာလည်း စုစုပေါင်း (၁၄၀) ကျော် ပါပါသေးတယ်။ ဒါမှ အားမရသေးရင်လဲ ထပ်ရှာပြီး ချလို့ ရပါသေးတယ် ( Frame Download ကို ပြောတာ :P ) ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းများ ဒီမှာ Download လို့ ရနိုင်သဗျာ။ သူငယ်ချင်းတို့ရဲ့ အူတုံး အသဲတုံးလေးများကို ပေးဖို့ ဓါတ်ပုံလေးတွေကို အလှပဆုံး ဖန်တီးနိုင်ကြပါစေ :P သူငယ်ချင်းတွေကို လှအောင် လုပ်ပေးနေတဲ့ ကျနော့ကို ခုဘဝမှာလဲ ချောသထက်ချော ၊ နောင်ဘဝမှာလဲ ဝက်ဝက်ကွဲ ခန့်ချောကြီး ဖြစ်အောင် ဆုတောင်းပေးဖို့လဲ မမေ့ကြနဲ့အုံးနော့ ဟတ်ဟတ် :D
-
2 Comments:
ခုဘ၀မှာလည်း လှနိုင်ပါစေ နောင်ဘ၀တွေ မှာလည်း ခုထက် ချောပါစေတော် ပုံ-ဖွားဖွား
ဝက်ဝက်ကွဲ ခန့်ချောကြီးဖြစ်ပါစေဗျာ...
Post a Comment