Rec Comment OF M!иикy@иs^s Blog

3D Desktop

ဆော့ဖ်ဝဲလေးတစ်ခု လက်တို့လိုက်ပြန်ပြီဗျာ။ ကွန်ပျူတာမှာ သုံးတာတွေ များလို့ Desktop မှာ ရှုပ်ရှက်ခပ်သွားတာ ၊ taskbar မှာ နေရာမရှိလောက်အောင် များသွားတာကို မကြိုက်တဲ့ သူများအတွက် Desktop နေရာအပိုတွေ ရနိုင်တဲ့ ဆော့ဖ်ဝဲလေးပါ။ သာမာန် ကွန်ပျူတာမှာ Window တစ်ခုမှာ Desktop နေရာ တစ်ခုတည်း ရှိပါတယ်။ သုံးရင်းနဲ့ ဖွင့်တာတွေ များလို့ taskbar မှာ နေရာမရှိတော့တာ ၊ Desktop မှာလည်း အများကြီး ရှုပ်နေတာတွေ ကြုံရတတ်ပါတယ်။ လိုချင်တာ ရှာရရင်လည်း တော်တော်နဲ့ မတွေ့နိုင်ဘူး ဖြစ်နေတတ် ပါတယ်။

ခု ဒီဆော့ဖ်ဝဲကတော့ Window တစ်ခုတည်းမှာကိုပဲ Desktop နေရာ ၄ ခုပေးသွားမှာပါ။ Desktop တစ်ခုမှာ ဖွင့်တာ များနေလို့ ဒါမှမဟုတ်လည်း မရှုပ်ချင်လို့ တခြား Desktop မှာ သီးသန့် ဖွင့်ချင်တာတွေကို လုပ်နိုင်ပါတယ်။ ဟိုဘက် Desktop မှာ ဖွင့်ထားတဲ့ Application တွေက နောက်ထပ် ပြောင်းထားတဲ့ Desktop ဘက်မှာ ရှိမနေပါဘူး။ Desktop မှာရော taskbar မှာပါ အလွတ် (ပြောင်) အနေနဲ့ ပြမှာ ဖြစ်ပါတယ်။ (အရေးအကြောင်း ရှိလို့ လုပ်လက်စတွေကို ပိတ်စရာ မလိုပဲ ဖွက်လိုက်သလိုလဲ ဖြစ်စေပါတယ် :P) နောက် Desktop မှာ ဖွင့်တာ သုံးတာတွေကလည်း ရှေ့ Desktop မှာ ပေါ်မှာ မဟုတ်ပါဘူး။ Desktop တစ်ခုမှ တစ်ခုကိုလည်း နည်းမျိုးစုံနဲ့ အလွယ်တကူ ပြောင်းနိုင်ပါတယ်။ Desktop များရဲ့ အနေအထားက 3D သဘောအတိုင်းပါပဲ။ အံစာတုံးလိုပုံပေါ့။ ခု ပေးလိုက်တဲ့ ဆော့ဖ်ဝဲရဲ့ version က နောက်ဆုံး မဟုတ်သေးပါဘူး။ နောက်ဆုံး version က Desktop ၆ ခုတောင် (အပေါ်+အောက်) ရပါတယ်။ ဒါပေမယ့် Trial version ဖြစ်နေတာရော အသုံးပြုရတာ နည်းနည်း ကွာနေတာရောကြောင့် ခု တစ်ဆင့်နိမ့် version ကိုပဲ ပေးလိုက်ပါတယ်။ ဒီမှာ Download ယူနိုင်ပါတယ်။

အရင်ဆုံး ပုံမှန်အတိုင်းပဲ Run လိုက်ပါ။ ပြီးရင် taskbar မှာ သူ့ရဲ့ Item ပေါ်လာပါလိမ့်မယ်။ R-click ကနေ options ကိုသွားပါ။ Activation မှာ မိမိပြင်ချင်သလို ပြင်နိုင်ပါတယ်။ ပုံမှန် အတိုင်းတော့ Shift + Ctrl + Alt တို့ကို တွဲနှိပ်ရင် 3D Desktop ပုံလေး ဖြစ်သွားပါလိမ့်မယ်။ Arrow key နဲ့ တခြား Desktop တွေကို ရွှေ့လိုက်ရင် ရပါပြီ။ တခြား Desktop တွေမှာ မိမိကြိုက်ရာ Background picture ထားလို့ရပါတယ်။ ( Desktop တစ်ခုချင်းဆီမှာ Background picture တစ်ခုဆီထားရင် ပိုရှင်းသွားလိမ့်မယ်။ ) Desktop တစ်ခုချင်းစီမှာ ပေါ်စေချင်တဲ့ Icon တွေလဲ ရွေးလို့ရပါတယ်။ Desktop တစ်ခုမှာ သုံးနေချိန် တခြား Desktop က Attention Messages တွေ ပေါ်စေချင်တာ / မပေါ်စေချင်တာတွေ ရွေးချယ်နိုင်ပါတယ်။

Mouse နဲ့ ပတ်သက်တာတွေမှာလည်း Desktop ရဲ့ ထောင့်စွန်း တစ်နေရာမှာ Cursor ကို click ပေးလိုက်ပြီး အလယ်ကို ပြန်ရွှေ့တာနဲ့ DeskSpace Activate ဖြစ်ပြီး လိုရာ Desktop ဘက်ကို Drag ဆွဲပြီး ပြောင်းနိုင်ပါတယ်။ မိမိလိုရာ Desktop ဆီရောက်ရင် double click ပါ။ နောက်တခုက taskbar ပေါ်မှာ Mouse ရဲ့ Rotation wheel ကို ဖိလိုက်တာနဲ့ activate ဖြစ်တဲ့ နည်းပါ။ နောက်တစ်ခုက Rotation wheel ကို လှည့်လိုက်တာနဲ့ ( Ctrl နှင့်လည်း တွဲပြီး လှည့်ရန်လည်း ရွေးနိုင်သည် ) activate ဖြစ်တဲ့နည်းပါ။ (ဒါကတော့ shortcut key နဲ့ မဟုတ်ပဲ Mouse နဲ့ ချက်ချင်း ပြောင်းနိုင်တဲ့ နည်းတွေပါ။ ကြိုက်တာ တမျိုးတည်းလည်း ထားနိုင်ပါတယ်။ )

Zoom မှာတော့ ထူးထူးခြားခြား သိပ်မရှိပါဘူး။ Display မှာတော့ Background Type မှာ Static Image ပေးပြီး အောက်မှာ မိမိကြိုက်တဲ့ ပုံတစ်ပုံကို ရွေးပေးနိုင်ပါတယ်။ ဒါက Desktop ပြောင်းတဲ့အခါ activate ဖြစ်နေတုန်းမှာ ပေါ်မယ့် နောက်ခံပုံပါ။ Desktop Background ပုံတွေနဲ့ မဆိုင်ပါဘူး။

Desktop မှာတော့ Desktop တစ်ခုချင်းဆီကို မိမိကြိုက်ရာ Hot key သတ်မှတ်ပေးတာပါ။ ဥပမာ- Desktop 1 အတွက် None + win (window) မှာ 1+win လို့ သတ်မှတ်ထားရင် Hot key ဖြစ်တဲ့ win+1 ကို တွဲနှိပ်တာနဲ့ Desktop 1 ကို ချက်ချင်း ရောက်နိုင်ပါတယ်။ Desktop 2, 3, 4 အတွက် window key + 2,3,4 လို့ မှတ်လိုက်ရင် အလွယ်တကူ မှတ်မိနိုင်ပါတယ်။

ကဲ..... အတတ်နိုင်ဆုံးတော့ ရှင်းအောင် ရေးထားပါတယ်။ တကယ်လို့ စိတ်ဝင်စားပေမယ့် ဖတ်ရတာ မရှင်းသေးရင် ဒီမှာ လည်း လေ့လာနိုင်ပါတယ်။ မိမိကွန်ပျူတာမှာ Desktop အမျိုးမျိုးနဲ့ ရှင်းရှင်းလင်းလင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အပိုင်းလိုက် သုံးချင်သလို သုံးနိုင်ပါစေဗျာ။

7 Comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျ ... ကျွန်တော်က သိပ်တော့ မလိုဘူး :P

Winkabar said...

မိုက်တယ်နော်။ ဒီဇိုင်းလည်းအရမ်းလှတယ်။ ညက လိုင်းကျသွားတော့ download ပဲလုပ်လိုက်ရတယ်။ အခုမှသုံးရတာ။ တော်တော်အသုံးဝင်တယ် ပြီးတော့ ကလိလို့လည်းကောင်းတယ်။ မျက်စိနောက်သက်သာတာပေါ့။ ကျေးဇူးနော်။

Layma said...

ဟေး.. ယူသွားပြီနော်..အခက်ခဲတွေ့ရင်တော့ ထုံးစံအတိုင်း...။ နေကြာစေ့ကျွေးပါ့မယ်..။

Anonymous said...

ကျေးဇူးတင်လိုက်တာဗျာ အသစ်လေးတွေ အဲ အသစ်အဆန်းလေးတွေသုံးလို့ရပြီ နောက်ကောင်းတာလေးတွေ ရှိဦးမှာပါ။ မလျှိုနဲ့လေ :D

ဒီဇင်ဘာနှင်း said...

ယူသွားတယ်နော် အသစ်အဆန်းလေးတွေပေါ်ရင်လဲ လက်တို့ဦးနော်

Unknown said...

ဒေါင်းလော့ ဘယ်လိုလုပ်ရလဲ ဗျ ပြောပေးပါအုံး ကျနော်က ဘာမှ မသိလို့

Unknown said...

ဒေါင်းလော့ ဘယ်လိုလုပ်ရလဲဗျ ပြောပေးပါအုံး အနော် မသိလို့