Rec Comment OF M!иикy@иs^s Blog

အချစ်တန်ဖိုး

အချစ်ဆိုတာ လူတွေနဲ့ အရင်းနှီးဆုံးအရာပေါ့။ အမျိုးမျိုးလဲ ဖွဲ့ဆိုကြတယ်။ အရွယ်တိုင်း မှာလဲ အချစ်အမျိုးမျိုးရှိကြတယ်။ လူမှန်းသိတတ်တဲ့အရွယ် ကလေးလေးကလဲ မိခင်ကို ချစ်မယ်။ နည်းနည်းကြီးလာတော့ မောင်နှမ ဆွေမျိုး သူငယ်ချင်းတွေကို ချစ်မယ်။ နောက် ချစ်သူ ရည်းစားကို ချစ်တတ်လာမယ်။ လူ့ဘ၀ကြီးထဲက ထွက်မသွားမချင်းလဲ တစ်မျိုးမျိုး သော အချစ်တွေ ရင်ထဲမှာ ရှိနေမှာပါ။ အေးချမ်းတည်ငြိမ်တဲ့ မောင်နှမလိုအချစ်မျိုးကို (၅၂၈) အချစ်မေတ္တာလို့သတ်မှတ်ကြတယ်။ ရယူပိုင်ဆိုင်လိုမှု ရယက်တွေ ပါဝင်နေတဲ့ ချစ်သူရည်းစား အချစ်ကို (၁၅၀၀) အချစ်မေတ္တာလို့ အားလုံးသိထားကြတယ်။ နှိုင်းတုမမှီတဲ့ မိဘက သားသမီးအပေါ်ထားတဲ့ အချစ်ကိုကျတော့ ဘာလို့ ဂဏန်းတန်ဖိုး သတ်မှတ်ထားတာမရှိရတာလဲ။ နောက်တစ်ခု ဖေမြင့်ရဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးပါရဲ့။ ချစ်သူနှစ်ယောက်လက်တွဲလမ်းလျှောက်လာတဲ့အချိန်မှာ လေပြင်းတစ်ချက်ဝှေ့လို့ ဖုန်သဲတွေ လွင့်လာရင် ကိုယ့်မျက်လုံးကို ကိုယ်အရင် ကာတတ်ကြတာကို ကြည့် ခြင်းအားဖြင့် လူရဲ့ မသိစိတ်ထဲမှာ (တချို့ကတော့ သိစိတ်မှာပါ) ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်ပါတယ် တဲ့။ အဲဒီ ကိုယ့်ကိုယ်ကို ချစ်တဲ့ စိတ်ကရော ဂဏန်းတန်ဖိုး ဘယ်လောက်နဲ့ သတ်မှတ်ပါသလဲ။ ကျွန်တော်ကတော့ ကတ်သီးကတ်သတ်နိုင်တယ်ပဲ ပြောရမလားပဲ။ သိတာလေးတွေရေးခဲ့သလို မသိတာလေးတွေလဲ ရေးမိပြန်ပြီ။ တန်ဖိုးစဉ်းစားလို့ ခေါင်းခြောက်သွားရင်တော့ Cola သောက် ပျောက်သွားပါလိမ့်မယ် :D

4 Comments:

Anonymous said...

နွေကဗျာ>>> မိဘမေတ္တာက အေးမြလွန်းတဲ့၅၂၈ မေတ္တာထဲမှာ ပါပါတယ်..ဂဏန်းတန်ဖိုးနည်းပေမဲ့ အရမ်းကို.ဖြူစင်လွန်းတဲ့.မိဘရဲ့.၅၂၈ မေတ္တာ ပါပဲ ပူလောင်မှုကို.ဘယ်တော့မှမပေးတဲ့ နှိုင်းတုမမှီတဲ့ မိဘမေတ္တာပါ..သတ်မှတ်ချက်ကရှိတယ်.ဒါပေမယ့်.လူတိုင်းရင်ထဲမှာတော့ပိုနေကြမှာပါပဲ..(၁၅၀၀) အချစ်မေတ္တာ ဆိုတာ.များပေမယ့် ပူလောင်သတဲ့..အဲပူလောင်မှန်းသိပေမယ့်လဲ.ကျွန်မတို့က ပုထုဇဉ်လူသားတွေမို့..ပူလောင်တဲ့အရာကို.ခုံမင် နှစ်သက်ကြပြန်တယ်လေ..ကိုယ့်ကိုယ်ကို.ချစ်တဲ့စိတ်ကြတော့.ဂဏန်းတန်ဖိုးလုံးဝမရှိဘူး..အဲဒါဟာ များသောအားဖြစ်လူတိုင်းမှာရှိနေကြတဲ့..လျှိ့ ၀ှက်လွန်းတဲ့ ငါဆိုတဲ့.အတ္တ လေးတစ်ခုပဲလို့ထင်တယ်.ခေါင်းတော့နဲနဲခြောက်သွားတယ်.ဒါပေမယ့်.အနားမှာColaတိုက်ဖို့.ဘယ်သူမှရှိမနေဘူးရှင့်

Anonymous said...

မိဘမေတ္တာက အေးမြလွန်းတဲ့၅၂၈ မေတ္တာထဲမှာ ပါပါတယ်..ဂဏန်းတန်ဖိုးနည်းပေမဲ့ အရမ်းကို.ဖြူစင်လွန်းတဲ့.မိဘရဲ့.၅၂၈ မေတ္တာ ပါပဲ ပူလောင်မှုကို.ဘယ်တော့မှမပေးတဲ့ နှိုင်းတုမမှီတဲ့ မိဘမေတ္တာပါ..သတ်မှတ်ချက်ကရှိတယ်.ဒါပေမယ့်.လူတိုင်းရင်ထဲမှာတော့ပိုနေကြမှာပါပဲ..(၁၅၀၀) အချစ်မေတ္တာ ဆိုတာ.များပေမယ့် ပူလောင်သတဲ့..အဲပူလောင်မှန်းသိပေမယ့်လဲ.ကျွန်မတို့က ပုထုဇဉ်လူသားတွေမို့..ပူလောင်တဲ့အရာကို.ခုံမင် နှစ်သက်ကြပြန်တယ်လေ..ကိုယ့်ကိုယ်ကို.ချစ်တဲ့စိတ်ကြတော့.ဂဏန်းတန်ဖိုးလုံးဝမရှိဘူး..အဲဒါဟာ များသောအားဖြစ်လူတိုင်းမှာရှိနေကြတဲ့..လျှိ့ ၀ှက်လွန်းတဲ့ ငါဆိုတဲ့.အတ္တ လေးတစ်ခုပဲလို့ထင်တယ်.ခေါင်းတော့နဲနဲခြောက်သွားတယ်.ဒါပေမယ့်.အနားမှာColaတိုက်ဖို့.ဘယ်သူမှရှိမနေဘူးရှင့်

မောင်ထုဆစ်သော "ပန်းလေး" said...

အချစ်ရဲ့ တန်ဖိုးတွေက နွေးလိုက်အေးလိုက်နဲ့ ရသစုံတဲ့ 528 + 1500= 2028 ဟုတ်တယ်ဟုတ်.. မင်းကျန်စစ်ရဲ ရသကမ္ဘာလိုပဲပေါ့ :D :P

မောင်ထုဆစ်သော "ပန်းလေး" said...

ငါမသိတဲ့အကြောင်းတွေ ပုံပြောကောင်းလို့ယုံမိတာ သောက်သုံးမိတော့ ခါးသက်လွန်းတယ် :(