Rec Comment OF M!иикy@иs^s Blog

Blogger မောင်နှမများအတွက်

သူငယ်ချင်းဘလော့တော်တော်များများဆီကို လိုက်လည်ရင်း စိတ်အလိုမကျလို့ အကြံပေး ချင်တာလေး တစ်ခုရှိလာရတယ်။ ဘလော့ဂါ တော်တော်များများ မိမိရေးထားတဲ့ Post ထဲမှာ တခြား website တစ်ခုကို ညွှန်းထားတဲ့ Link လေးတွေ ထည့်ပေးထားတတ်ကြပါတယ်။ အသိကျယ်ပြန့်စေတဲ့ လမ်းညွန်မှုလေးတွေမို့ အင်မတန်အသုံးတည့်တယ်ထင်ပါတယ်။ ဒါပေမယ့်ပေးထားတဲ့ Link ကို နှိပ်လိုက်ရင် လက်ရှိကြည့်နေတဲ့ window က Link ရဲ့ window အဖြစ် ပြောင်းသွားတာလေးကို သိပ်သဘောမကျလှဘူး။ ဖတ်လက်စ စာမျက်နှာ ပျောက်သွားတာရယ် နောက် စာဖတ်ဖို့ ပြန်ဝင်နေရတာတွေရယ်က စာဖတ်သူအဖို့ နှောင့်နှေးမှုလေးတွေ ဖြစ်နေတယ်လို့ မြင်မိတယ်။ ဒါကြောင့် ပေးမယ့် Link ကို current window မှာ ပြောင်းသွားတာ မဟုတ်ပဲ New window or New Tab နဲ့ ပေါ်စေတာလေးကို ရေးပြလိုက်ပါတယ်။ အရင်က ရေးထားပုံလေးကို ဖြည့်ပြီး ဒီလိုလေး ရေးလိုက်ပါ။ဘလော့ဂါအတွက် နည်းနည်းလေး ပိုအလုပ်ရှုပ်ပေမယ့် မိမိဘလော့ အဆင့်မြင့်ပြီး စာဖတ်သူ အဆင်ပြေစေတာပေါ့။ တတ်လွန်းလို့တော့ မဟုတ်ပါဘူး။ ကောင်းမယ်ထင်တာလေးမို့ Blogger မောင်နှမများကို လက်တို့လိုက်တာပါဗျာ...

2 Comments:

mgthantzin said...

target="_blank" is like standard one. +)

Chit Lay Pyay said...

သူငယ်ချင်းများ ဆိုပြီး အောက်မှာ လင့်ထည့်ထားတာကိုရော ၀င်းဒိုး အသစ်နဲ့ ပေါ်ချင်ရင် ဘယ်လိုလုပ်ရမလဲဟင်