Rec Comment OF M!иикy@иs^s Blog

ကျိန်စာ (သို့) တိုင်တည်ခြင်း

ခေါင်းစဉ်ကြည့်ပြီး ကြောက်သွားကြရင် ခွင့်လွှတ်ကြပါဗျာ။ ခံစားချက်တွေ ရင်နဲ့ မနိုင်လို့ ကွန်ပျူတာ ခလုတ်တွေပေါ် ပွင့်ထွက်လာရပြန်ပါတယ်။ ခံစားချက်တူ သူငယ်ချင်း ဗိုဟိန်းရဲ့ကဗျာလေးပါ။

ကျိန်စာ (သို့) တိုင်တည်ခြင်း

ဗီးနပ်သခင်မရေ
တိုင်တည်ပါရစေတော့.....

ကျွန်တော့်ချစ်သူလေ
ညကိုပိုင်စိုး
အိပ်မက်ကိုခိုးယူ
အချိန်တိုင်းမှာ မင်းမူလို့
အမြင်နှင့်အကြား အပိုင်စားကာ
ကျွန်တော့်နှလုံးသား
သိမ်းယူသွားလေရဲ့......

အပြစ်ရှိသူ သူမအား
ကျိန်စာထား၍
ကလဲ့စားချေပါရစေ.....

သူမသည်
ကျွန်ုပ်ရင်ခွင်မှ
ဘယ်ဘ၀ရောက်ရောက်
မလွတ်မြောက်ပါစေနဲ့
ကျွန်ုပ်မှအပ
မည်သူ့ကိုမှ
ချစ်မရပါစေနဲ့

ယခုကျိန်စာသည်
ကမ္ဘာအဆုံးတည်၍
ဘဝအဆက်ဆက်
ဆုံတွေ့ရကာ
မခွဲမခွာနေပါရစေသား
ဗီးနပ်သခင်မဖုရား......

ချစ်သူတိုင်း တစ်ယောက်အပေါ်တစ်ယောက် ထိုသို့ကျိန်စာဆိုနိုင်ပါစေ...

1 Comment:

Anonymous said...

ကဗျာလေးတွေကို အရမ်းကြိုက်တယ်..ကျိန်စာဆိုတဲ့ကဗျာ အတိုင်း ကျွန်မချစ်သူကိုလဲ.ကျိန်ဆိုပါရစေ.
အများကြီးရေးဦးနော်.ထာဝရ အားပေးနေမယ်နော်..