ကောင်မလေးအများကြီးကို တစ်ယောက်စောင့် တစ်ယောက် chat လုပ်နေရတဲ့ သူငယ်ချင်း တွေအတွက် ဒီsoftwareလေးကို အသုံးဝင်မယ်ထင်လို့ လက်တို့လိုက်ပါတယ်။ သိပြီသား ဆိုရင်တော့ sorryပါ။ Gtalk မှာ Idle ပြစေတာလေးပါ။ စောင့်နေတဲ့ ကောင်မလေးကိုတော့ ဒီအတိုင်းငြိမ်ငြိမ်စိမ်စိမ် စောင့်နေတာ Idle တောင် ပြနေသလိုလိုနဲ့ တခြားတစ်ယောက်နဲ့ chatချင်တဲ့သူငယ်ချင်းတွေအတွက် အသုံးဝင်အောင်ပေါ့ :P ကောင်မလေးတွေအတွက်တော့ အလိမ်ခံရမှာ စိုးလို့ပါ :D ။ အရင်ကတော့ Idle နဲ့ chat ချင်တယ်ဆိုရင် waterfall screen saverကိုသုံးတာပဲ။ သူကတော့ ဒီsoftwareလေး လောက်အဆင်မပြေဘူး။ screen saverတက်အောင် စောင့်ရတာနဲ့ space bar ပုတ်ရတာနဲ့ အလုပ်ပိုရှုပ်တာပေါ့။ ဒီကောင်လေးကတော့ right click လုပ်ပြီး Always Idle ဆိုပြီး လုပ်လိုက်ရင် ပြီးသွားပြီလေ။
software လိုချင်ရင်တော့ ဒီမှာ Download လုပ်နိုင်ပါတယ်။ မပြောချင်လို့ Idle ပြတာကို ကူညီတယ်ဆိုပြီး လူမှုရေးအရ ရိုင်းတယ်လို့တော့ မထင်လိုက်ပါနဲ့။ သိတာလေး ကို ပြောပြတာပါ…။ ၀ါဝါမြင်တိုင်း ယုံရခက်ပြီနော် :P
-
1 Comment:
ကျွန်မရဲ့.ချစ်သူကတော့ အလိုလုံးဝ မလုပ်ဘူးလို့ယုံကြည်ထားတယ်ရှင့်..ဘာလို့လဲဆိုတော့.သူရဲ့အချစ်တွေကို.ယုံကြည်ပေးတဲ့.ကျွန်မရဲ့အချစ်တွေပေါ့
Post a Comment