အရင်ရေးထားတဲ့ blog က post လေးတခုပါ။ မဖတ်ဖြစ်သေးတဲ့ သူငယ်ချင်းတွေအတွက် ပြန်တင်လိုက်ပါတယ်။ ပျင်းပျင်းရှိတာနဲ့ website တွေလျှောက်ဝင်ရင်း သူများပုံတွေလည်း မဖျက်ချင်တော့ ခပ်ချောချောကိုယ့်ပုံကိုပဲ ဖျက်ဖြစ်လိုက်ပါတယ်။ သူငယ်ချင်းတွေ အသိတွေ ကံကောင်းသွားတာပေါ့။ ulead တွေ photoshop တွေမလိုပဲ website မှာ လုပ်တာပါ။ နဂိုကိုက ဆိုးချင်နေတဲ့ ရုပ်ဆိုတော့ ထူးထူးခြားခြား ဖျက်စရာမလိုပဲ ပျက်သွားခဲ့ပါတယ်။ ရှုစားတော်မူကြပါတော့....နောင်တချိန်မှာ အဖိုးကြီးလာဖြစ်ရင်တော့ ဒီလိုပုံပဲ ဖြစ်သွားမယ်ထင်ပါရဲ့။ ကျွန်တော့်လို ဓါတ်ပုံဖျက်ချင်သူများ စိတ်ဝင်စားမယ်ဆို ဒီနေရာ ကတဆင့်ဝင်ပြီး မိမိဓါတ်ပုံကို ပြုပြင်နိုင်ပါတယ်။ မိန်းကလေးများ အတွက်ပိုပြီး အသုံးတည့်ပါတယ်။ မိတ်ကပ်ပြင်တတ်ရင် ပြင်တတ်သလို လှပအောင် ပြုပြင်နိုင်ပါတယ်။ အခမဲ့ကြေညာပေးတာပါ... :)
-
2 Comments:
အဖိုးင်္ကြးဖြစ်ရင်တောင် ခပ်ဖြောင့်ဖြောင့် အဖိုးင်္ကြးဖြစ်လာ မလားမသိဘူးး)
ပျော်ရွှင်ပါစေ သူငယ်ချင်း
ရုပ်လေးကတော့ခပ်တည်တည်ပဲနော်..ဒါလေးလဲ........ဖို့ကောင်းတာပါပဲ..:P
Post a Comment