Meaning လေးတစ်လုံးမသိလို့ English- Myanmar SMART Dictionary မှာရှာကြည့်ရင်း စကားပုံဘက်ပါရောက်သွားတော့ ရယ်စရာလေးတွေ တွေ့ခဲ့ရပါတယ်။ ကျွန်တော်ကပဲ ပေါက်ပေါက်ရှာရှာ နိုင်နေတာလား စကားပုံတွေကိုက တိုက်ဆိုင်နေတာလားတော့ မသိပါဘူး :P ကျွန်တော်တို့ သင်နေတဲ့ နိုင်ငံခြားဘာသာရပ်တွေမှ ခက်ခဲတာ မဟုတ်ပါဘူး။ မိခင်မြန်မာ စကားမှာလဲ စိတ်ဝင်စားစရာလေးတွေ အများကြီးရှိနေသေးကြောင်း တွေ့လိုက်ရတယ်။
တစ်ရွာမပြောင်း သူကောင်းမဖြစ်
သေချင်တဲ့ ကျားတောပြောင်း
မိန်းမတို့ အိနြေ္ဒရွှေပေးလို့မရ
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်
ပညာလို အိုသည်မရှိ
ခွေးအိုကြီး လက်ပေးသင်
ပေးကမ်းခြင်းသည် အောင်မြင်ရာ၏
သဒ္ဒါလွန် ကျွန်ဖြစ်
လူနေခြုံကြား စိတ်နေဘုံဖျား
ဒူးနေရာဒူး တော်နေရာတော်
ကိုယ့်ဒူး ကိုယ်ချွန်
အမှီကောင်းရင် တစ်သက်
နှစ်ထပ်ရှိမှ မှတ်မိမယ်
ဟောင်လွန်းတဲ့ ခွေး လူမလေး
အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည်
ငါးစိမ်းမြင် ငါးကင်ပစ်
အနာသိရင် ဆေးရှိ
ကုရာနတ္ထိ ဆေးမရှိ
ဟာသတစ်ခုအနေနဲ့ တိုက်ဆိုင်တာလေးတွေ ရေးတာပါ။ စာဖတ်သူတို့ ရယ်မောပျော်ရွင် နိုင်ပါစေ...
တစ်ရွာမပြောင်း သူကောင်းမဖြစ်
သေချင်တဲ့ ကျားတောပြောင်း
မိန်းမတို့ အိနြေ္ဒရွှေပေးလို့မရ
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်
ပညာလို အိုသည်မရှိ
ခွေးအိုကြီး လက်ပေးသင်
ပေးကမ်းခြင်းသည် အောင်မြင်ရာ၏
သဒ္ဒါလွန် ကျွန်ဖြစ်
လူနေခြုံကြား စိတ်နေဘုံဖျား
ဒူးနေရာဒူး တော်နေရာတော်
ကိုယ့်ဒူး ကိုယ်ချွန်
အမှီကောင်းရင် တစ်သက်
နှစ်ထပ်ရှိမှ မှတ်မိမယ်
ဟောင်လွန်းတဲ့ ခွေး လူမလေး
အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည်
ငါးစိမ်းမြင် ငါးကင်ပစ်
အနာသိရင် ဆေးရှိ
ကုရာနတ္ထိ ဆေးမရှိ
2 Comments:
ဒီအတိုင်းဆိုရင် သိပ်ပြီး သတိထားမိမှာ မဟုတ်ဘူး
တွဲပြီးရေးမှဘဲ အတော်ရယ်ရတယ်။
ရှာလည်းရှာတက်တယ်။
မိန်းမတို့ အိနြေ္ဒရွှေပေးလို့မရ
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်
ဆုတ်လဲစူး စားလဲရူးပါလားနော်..... နံရိုးရှင်ကြီး အာဒမ်ရေ.. ထွက်လာပါတော့ :P
Post a Comment