ကောင်လေးတစ်ယောက် ဘဝငယ်ငယ်အသိမကြွယ်သေးတဲ့ အချိန်ကပေါ့။ အဖေနဲ့သား တို့ရဲ့ ထုံးစံအတိုင်း စိတ်တိုတတ်တဲ့အဖေနဲ့ အပြောမခံချင်တဲ့သား ဒီနှစ်ယောက်မှာ ပြသနာ လေးရှိခဲ့ကြတယ်တဲ့။ အဖေက အမေလောက်မချစ်ဘူးလို့လဲ ထင်ခဲ့တယ်။ တစ်နေ့ နေ့လည် မှာ အလုပ်က ပြန်လာတဲ့အဖေက ကျောင်းကပြန်လာတဲ့သား ကက်ဆက်ကျယ်ကျယ်ဖွင့်လို့ ဆူပြီး အလုပ်ကိုပြန်သွားတယ်။ လူငယ်တယောက်ရဲ့ လွတ်လပ်မှုလေးတောင် နားလည် မပေးဘူးဆိုတဲ့ သားရဲ့ရင်ထဲမှာရှိနေတဲ့ နာကျည်းစိတ်လေးနဲ့ တလွဲမာန လေးထားပြီး အိမ်ကဆင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကြုံရာအလုပ်နဲ့ ကြုံသလိုအသက်မွေးမယ်ပေါ့။ အခန်း ထဲမှာ အဝတ်အစားတွေ ထည့်နေတုန်း အမေက မသိသေးပေမယ့် အိတ်ဆွဲပြီး ထွက်လာတဲ့ အခါ တော်တော်မျက်နှာပျက်သွားတယ်။ ဆုံးဖြတ်ပြီးသားမို့ အတန်တန် တားနေတဲ့ အမေကို ကန်တော့ပြီး အိမ်ကထွက်လာခဲ့တယ်။ ခြံဝင်းတခါးကျော်လို့ လမ်းပေါ်အရောက် မှာတော့ မျက်ရည်တွေနဲ့အတူ အပြေးလေးလာဆွဲတဲ့ အမေကို မြင်လိုက်ရတော့ ဆုံးဖြတ်ချက်တွေ ပြန်ပြင်ခဲ့ရပါတယ်။ နှစ်ရက်ကျော်လောက် အခန်းအောင်းခဲ့ပြီးတဲ့နောက် ဒီအကြောင်းကို အမေကအဖေကို ပြောပြလိုက်လို့ အနည်းဆုံးဆူတာနဲ့ ဆုံးမတာထပ်ခံရမယ်လို့ ထင်ထားတာ။ ဒါပေမယ့် အဖေရော အမေပါ မဆူ မမန်ပဲ ဘာဆိုဘာမှကို ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြန်မစတော့တာ ယနေ့တိုင်အောင်ပဲ။ ဒီလိုကိစ္စ ဖြစ်ခဲ့တယ်လို့တောင် မသိကြတဲ့ပုံမျိုးနဲ့နေပေးနိုင်ကြတဲ့ အဖေနဲ့အမေကို မြင်တော့ ကောင်လေးရဲ့ ရင်ထဲမှာလဲ နောင်တတွေ အလိုလိုရသွားပါပြီ။ မိဘတွေနဲ့ ဆုံးမမှုပုံစံတစ်မျိုးကိုလဲ အံ့သြနေမိတယ်။ အသက်တွေကြီးလို့ အသိတွေကြွယ်လာတဲ့အခါမှာတော့ ဖခင်ထံက အတုယူထားတဲ့ စိတ်ဓါတ်တွေ အမူအရာတွေကြောင့် ဘဝမှာ အောင်မြင်မှုတွေ ရလာတဲ့အခါ အဖေကို အရမ်း ကျေးဇူးတင်လာမိတယ်တဲ့။ အဖေနဲ့ သားတို့ရဲ့ ဖြစ်လေ့ဖြစ်ထ ထုံးစံလေးကြောင့် မိသားစုမှာ အနာတရလေးမဖြစ်စေချင်တဲ့စိတ်နဲ့ ဒီအိမ်ပြေးကောင်လေးတစ်ယောက်ရဲ့ အတွေ့အကြုံလေးကို ရေးပေးလိုက်တာပါ။ မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့ပါစေ…
-
5 Comments:
ဖြစ်တတ်ပါတယ်ဗျာ ... :D
Nice post.
Parents are love .
They love are very greate in our life.
They love we by true love.
I love my mother.
ဒီပို့်စ်လေးကို ဖတ်ပြီး မိဘနဲ့ သားသမီးကြားမှာ နားလည်မှုက ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိရပါတယ်။ တကယ်လို့ အဲဒီအချိန်မှာ သူ့အဖေသာ ဆူတာ ပူတာမျိုး လုပ်လိုက်မယ် ဆိုရင် သူ့စိတ်ထဲမှာ ဒီလိုခံစားမှုမျိုး ခံစားမိမှာ မဟုတ်ပါဘူး။ မိဘတိုင်းဟာ သားသမီးကို တိုင်းဆလို့ မရအောင် ချစ်ကြပါတယ်။ အဲဒီအချစ်နဲ့အတူ သားသမီးရဲ့ စိတ်ခံစားမှုကို နားလည်ပေးနိုင်ဖို့လဲ လိုတယ်နော်…။
အတော်စိတ်ကြီးတယ်နော်.. ကြောက်ကြောက် :D
Post a Comment