Rec Comment OF M!иикy@иs^s Blog

ဒီဇင်ဘာည သီချင်း

ဒီဇင်ဘာညများမှာ အလွမ်းဓါတ်ခံရှိသူများတွေအတွက် ဒီသီချင်းလေးကို ကြိုက်လွန်းလို့ ကိုမာန်လှိုင်းဆီက အတင်းအဓမ္မယူပြီး ပြန်တင်လိုက်ပါတယ်ဗျာ။

လိုက်ဆိုနိုင်အောင် စာသားလေးတွေပါ ရေးပေးလိုက်ပါတယ်...
ဒီဇင်ဘာည
အပြင်မှာ နှင်းတွေ ကျဆင်းလို့နေပြီ.... အိမ်မက်ဟောင်းတွေရင်ထဲရောက်လာသည်...
ငါမလိုချင်သော နာရီများ...လွန်ဆန်ချင်နေလည်း
မျှော်လင့်ခြင်းတွေ.....ငါမုန်းလိုက်ချင်ပြီ... ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ......
မြူမှုန်တွေရဲ့ ခြေသံလေးနင်ပြန်မလာတော့ဘူးလား......

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ.....ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ...
ငါငိုနေဆဲ..ယုံပါ ကောင်မလေးရယ်... ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်......ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာ အချစ်ပျောက်လိုက်ရှာရင်းနဲ့လွမ်းနေဆဲ...

ပူလောင်ခြင်းတွေ ....ရင်ထဲပြည့်နေပြီ ဒီဇင်ဘာညကို အံတုလို့နေပြီ...
ငါမလိုချင်သော ဒဏ်ရာလေး... နာကျင်နေပြီပဲ
မျှော်လင့်ခြင်းတွေ..ငါမုန်းလိုက်ချင်ပြီ... ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ...
မြူမှုန်တွေရဲ့ ခြေသံလေးနင်ပြန်မလာတော့ဘူးလား.....

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို... ပြန်လည်တမ်းတရင်း ကြေကွဲ .....
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်... ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်...... ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာငါဟာ အချစ်ပျောက်လိုက်ရှာရင်းနဲ့ လွမ်းနေဆဲ...

5 Comments:

Anonymous said...

I like this song.
I believe you.No need say.
He` he`.Just a kidding.

Anonymous said...

သီချင်းလေးကို..နားထောင်ပြီး.. လွမ်းတယ်..
လွမ်းတဲ့အကြောင်းအရာ တော့ပြောမပြတတ်ဘူး
စာသားလေးတွေ ရေးထားတော့ သီချင်းလေးနဲ့အတူ
လိုက်ဆိုမိရ တယ်ပေါ့.....ကျွန်မလိုပဲ အလွမ်းဓတ်ခံ
ရှိမယ့်သူ လဲတော်တော် များမယ် ထင်ပါတယ်..

Mintasay said...
This comment has been removed by the author.
အဿင်္ခရာ said...

ဝါသနာပါရင် Guiterလိုက်တီးနိုင်အောင် chord လေးပါမျှလိုက်ပါတယ်...

|C_G_| |Am_Em_| |F_C_| |Dm_G_|.... Chord က Loop ပါ...

မောင်လိမ်မာ said...

ကျေးဇူးပဲခင်ည...စာသားရေးရမှာပျင်းနေတာနဲ့အတော်ပဲ