Rec Comment OF M!иикy@иs^s Blog

တမ်းတမိတဲ့ ဒီဇင်ဘာညများ

လခထုတ်ပြီးလို့ ဝယ်ခြမ်းနေရတာနဲ့ ကျောင်းစာနဲ့မအားလို့ မရေးဖြစ်တာ ကြာသွား တယ်ဗျာ။ အချိန်အခါအလိုက် ရေးချင်နေတာတွေ အများကြီး ဖြစ်နေတယ်ဗျ။ တန်ဆောင် မုန်းလပြည့် အကြောင်းကိုတော့ မရေးဖြစ်လိုက်ဘူး။ ခုတော့ ဒီဇင်ဘာမို့ ဘယ်သွားသွား ခရစ်စ်မတ် အငွေ့အသက်လေးတွေပဲ ရနေတာမို့ ခရစ်စ်မတ်အကြောင်းလေးပဲ ရေးလိုက်ပါတယ်။ နိုဝင်ဘာလကုန်လို့ ဒီဇင်ဘာလဝင်ကတည်းက လူအားလုံးဟာ နှစ်သစ် ကိုကြိုဆိုဖို့ တက်ကြွ နေကြစမြဲပဲလေ။ ခုလည်း ဆိုင်တိုင်း အိမ်တိုင်းရဲ့ရှေ့မှာ ခရစ်စမတ် သစ်ပင်တွေကို အကြီးကြီး ဖန်တီးထားတာမို့ ခရစ်စမတ်ပင်တွေ ကြားမှာ လမ်းလျှောက်နေ ရသလိုကို ခံစားရပါတယ်။ နှင်းလွင်ပြင် ဖွေးဖွေးဖြူနဲ့ အရိုးပြိုင်းပြိုင်း သစ်ပင်တွေ ကြားမှာ ရာသီကို ကြံ့ကြံ့ခံလို့ စိမ်းစိမ်းလန်းလန်း အရွက်တွေ ဝေဆာနေတာဟာလဲ ခရစ်စမတ်ပင် တွေပါပဲ။ လိုးလိုးလက်လက် လက်ဆောင်ပစ္စည်း လှလှလေးတွေနဲ့ တွေ့သူအားလုံး လည်ပြန် ငေးကြည့်ချင်လောက်အောင် ပြင်ဆင်ပြီး လူအားလုံးကို ကြိုဆိုနေတဲ့ ခရစ်စမတ် သစ်ပင်ကို မြင်မိတာနဲ့ ပျော်မိလာပါတယ်။ ခရစ်စမတ် ဖိုးဖိုးကြီးပုံဝတ်ထားတဲ့ သူကလည်း အိတ်ကြီးတစ်လုံးကို လွယ်ရင်း ခရစ်စမတ်ပင်နားမှာ လမ်းသွားလမ်းလာတွေကို နှုတ်ဆက်လို့ပေါ့။့ ခရစ်ယာန်မဟုတ်လို့ သေချာတော့မသိပေမယ့် ငယ်ငယ်ကတည်းက ခရစ်စမတ် သီချင်းတွေနဲ့ နှစ်တိုင်း ရင်းနှီးခဲ့တယ်လေ။ အတိတ်ကို ပြန်သတိရမိပါရဲ့ဗျာ… ဖေဖေရဲ့ မိတ်ဆွေတစ်ယောက်ဟာ ခရစ်ယာန်တစ်ယောက်မို့ ဒီဇင်ဘာရောက်တိုင်း သီချင်းတိုက်ရင်း အလျှူခံရင်း အိမ်ကို ရောက်ရောက် လာတတ်တာက စတာပါပဲ။ ဂစ်တာတီးတာ သဘောကျတဲ့ ကျွန်တော်က ညအေးအေးမှာ ဂစ်တာသံ လွင်လွင်နဲ့ သံစဉ်ဆန်းဆန်းလေးတွေ နှစ်စဉ်ဆိုတတ်တဲ့ ခရစ်ယာန်အဖွဲ့ထဲလိုက်သွားပြီး သီချင်းတိုက်တာကြည့်ရင်း သီချင်းတော်တော် များများ လိုက်ညည်းတတ်လာခဲ့ပါတယ်။ သူငယ်ချင်းတွေရော လူကြီးတွေပါ တပျော်တပါး ဝိုင်းဖွဲ့ပြီး စကားပြောနေခဲ့ကြတာတွေ ၊ သီချင်းတိုက်ရင်း တစ်ယောက်မှားလို့ အားလုံး အစအဆုံး ပြန်ဆိုခဲ့ရတာတွေ မမေ့နိုင်စရာပေါ့။ ဒီဇင်ဘာ ဆောင်းလေညှင်း အေးအေးမှာ သီချင်းတိုက်ရင်း တီးတဲ့လူချွေးပြန်သလို ဆိုရင်းချွေးပြန်ခဲ့ သူထဲမှာ ကျွန်တော်ပါ ပါဝင်ခဲ့ဖူးတယ်လေ။ ဘယ်လိုပဲ မောမော ကျွန်တော်အရမ်းပျော်ခဲ့တာ။ နှစ်ဟောင်းရဲ့ နောက်ဆုံးညမှာ ခင်မင်ရာ အိမ်တွေကို တဖွဲ့လုံးသွားပြီး သီချင်းလေးတွေဆို ၊ ဆုတွေတောင်းနဲ့ အိမ်ရှင်ကလည်း ဝမ်းပမ်းတသာနဲ့ ကြိုပြီးဝယ်ထားတဲ့ မုန့်တွေနဲ့ ဧည့်ခံလို့ပေါ့။ ညဥ့်တအားနက်လို့ ၁၂ နာရီထိုးခါနီးရင်တော့ countdown အတွက် လူတွေ ပိုစုံနေကြပြီပေါ့။ နှစ်တိုင်း အဲဒီညတွေဆို မိုးအလင်းပဲ ဆင်နွဲခဲ့တဲ့ အဲဒီအချိန်တွေကို ခုတော့ အရမ်းလွမ်းမိတယ်ဗျာ။ နှစ်တွေ နှောင်းလာပေမယ့်လဲ ဒီအစဉ်အလာလေးက မဟောင်းနွမ်းသေးပဲ ရှိနေအုံးမှာပါ။ ဘယ်အချိန် ဘယ်နေရာ ရောက်ရောက် ဒီအချိန်ရောက်ရင် အတိတ်ကို တမ်းတမှုတို့နဲ့အတူ ရင်ခုန်နေဆဲပါ ဒီဇင်ဘာညတို့ရေ….

4 Comments:

Chit Lay Pyay said...

ဒီဘလော့ဂ်ပေါ်ကို ကောင်းချီး မင်္ဂလာ ရောက်စေသော်၊ အီ ဘလော့င်္ဂ ပေါ်ကို ကောင်းချီး မင်္ဂလာ ရောက်စေသော်၊ အီ ဘလော့ဂ်ပေါ်ကို... ကောင်းချီး .............မင်္ဂလာ ရောက်.................စေ သော်၊ အားလေးလူးရာ... အားလေး လူးရာ၊ကျေးဇူးတင်ပါသည် မိတ်ဆွေများ။

သဇင်ဏီ said...

ပျော်ရွှင်သောX-mas and happy new year ဖြစ် ပါစေ..ကိုမင်းကျန်စစ်

Anonymous said...

အော်.နှစ်တွေတောင် ကုန်ဆုံးတော့မယ်နော်..လွမ်းတယ် တမ်းတမိတယ် ဒီဇင်ဘာညများရယ်.
အဝေးရောက်နေ သူတွေမို့.. ကိုယ့်မြန်မာမှာ..ပျော်ခဲ့ရတဲ့. နှစ်သစ်လေးတွေကြိုခဲ့ ကြသာကို..တမ်းတ နေမိတယ်..နှစ်သစ်လေး တစ်ခုမှာ ကောင်လေးတစ်ယောက် ကြောင့်.၀မ်းနည်းစွာ.
ငိုခဲ့ရတာ ကို.လည်းသတိရမိ လိုက်ပါသေးတယ်
လူတိုင်းမှာ လဲ.မင်းကျန်စစ်လို..နှစ်သစ်အမှတ်တရ
လေးတွေ ရှိနေကြမှာ ပါ.နော်..နှစ်သစ်မှာ..မင်းကျန်စစ်
နဲ့အတူတူ................ပျော်ရွှင်စွာကြိုဆို ကြမယ်နော်...ပျော်ရွှင်ပါစေ....................................ရယ်..

မျှားပြာ said...

ဒီဘလော့ဂ်ပေါ်ကို ကောင်းချီး မင်္ဂလာ ရောက်စေသော်၊ အီ ဘလော့င်္ဂ ပေါ်ကို ကောင်းချီး မင်္ဂလာ ရောက်စေသော်၊ အီ ဘလော့ဂ်ပေါ်ကို... ကောင်းချီး .............မင်္ဂလာ ရောက်.................စေ သော်၊
အဲဒီသီချင်းကို သတိ၇သွားတယ် ။