ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ဘလော့လုပ်ချင်ပြီး ကွန်ပျူတာ ကောင်းကေင်း မသုံးတတ် သူတွေ ၊ HTML နားမလည်သေးသူတွေလဲ ရှိနေကြပါတယ်။ ကျနော်လဲ အရမ်းသိနေလို့ မဟုတ်ပါဘူး။ လေ့လာဆဲ လူတယောက်ပါပဲ။ သူတို့ အကူအညီ တောင်းသလောက်ကိုလဲ အားတိုင်း တတ်နိုင်သလောက် ပြောပေး ၊ လုပ်ပေးခဲ့ပါတယ်။ အားတဲ့အခါ လုပ်ပေးလိုက်လို့ အဆင်ပြေသွားရင် ကျွန်တော်လဲ ကြည်နူးပါတယ်။ ဒါပေမယ့် ကျွန်တော် မအားလို့ မလုပ်ပေးနိုင်ရင် အဆင်မပြေဖြစ်နေမှာကို စိုးရိမ်မိတယ်။ သူတို့ကိုလဲ တတ်စေချင်တယ်။ ဘလော့အတွက် အခြေခံစာအုပ်ကို ပေးထားပြီးမို့ ခုဘလော့မှာ စာရေးရာမှာနဲ့ အလှဆင်တဲ့ အခါမှာ အဆင်ပြေအောာင် HTMLနားလည်ထားရင် ပိုကောင်းနိုင်ပါတယ်။ ဒါကြောင့်နီးစပ်ရာ HTML စာအုပ်ကို scan ဖတ်ပြီး သူငယ်ချင်းတွေကို လက်ဆင့်ကမ်းပေးလိုက်ပါတယ်။ ဒီစာအုပ်ကို အခြေခံပြီး Free Web တွေလဲ ရေးနိုင်ခဲ့ပါတယ်။ (ခုနောက်ပိုင်းတော့ HTML ထက် PHP နဲ့ ရေးသားတာတွေ ပိုတွေ့လာပါတယ်။) အားလုံး မြန်မာလို ရေးထားတာပါ။ ပုံနဲ့စာနဲ့ သေချာ ရှင်းထားလို့ နားလည်လွယ်နိုင်ပါတယ်။ ဒီမှာ Download လုပ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာသုံးရာမှာ လျှင်မြန်အောင် shortcut များ အသုံးပြုနိုင်ဖို့ ကွန်ပျူတာသုံး ကဏ္ဏအသီးသီးအလိုက် ဖော်ပြပေးလိုက်ပါတယ်။ တချို့တွေကိုတော့ ကျွန်တော်ကိုယ်တိုင် မသုံးတတ်သေးပါဘူး။ လေ့လာလို့ရသမျှကိုသာ စုစည်းပြီး ရေးပေးထားတာပါ။ ဒီမှာ Download လုပ်နိုင်ပါတယ်။ မသိသေးတဲ့ သူငယ်ချင်းများအတွက် အကျိုးရှိလာနိုင်ဖို့ မျှော်လင့်ပါတယ်…
-
3 Comments:
အစ်ကိုရေ . .ညီမ ဒေါင်းလုပ် လုပ်ယူသွားတယ်နော်။
ကိုမင်းကျန်စစ်ရေ. ဒါလေးကို helpdesk မှာအားရင်တင်ပေးပါလားဗျာ. ဗဟုသုတရတာပေါ့.
ကျေးဇူး
ခင်မင်လေးစားလျက်
ရန်အောင်
အစ်ကိုရေလင့်လေးတစ်ချက်လောက်ပြန်ကြည့်ပေးပါလား။ လုပ်လို့မရလို့။ ကျေးဇူးပဲနော်။
Post a Comment