သူငယ်ချင်းတစ်ယောက်ပေးလိုက်တဲ့ ဓါတ်ပုံဖိုင်ထဲက ဟာသလေးကို ပြန်ရေးလိုက်တာပါ။ ပန်းခြံတစ်ခုအတွင်းက ခုံတန်းတစ်ခုတွင် သမီးရည်းစားစုံတွဲ ထိုင်နေ၏။ ကပ်ရက်ခုံတန်း တစ်ခုတွင် အဖိုးကြီးတစ်ဦး စာဖတ်နေသည်။ သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောနေသမျှကို အဖိုးကြီးက အတိုင်းသားကြားနေရသည်။
"မောင် ခေါင်းနည်းနည်းမူးလာတယ်"
ကောင်လေးက နဖူးလေးကို နမ်းလိုက်သည်။ ထို့နောက်
"မူးသေးလားဟင်"
"ဟင့်အင်း ပျောက်သွားပြီ"
အတန်ကြာသော် ကောင်မလေးက
"မောင် ဇက်ကြောတွေ တက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းပေးလိုက်၏။
"ဘယ်လိုနေသေးလဲ"
"အင်း သက်သာသွားပြီ"
ခဏကြာသော်
"မောင်ရေ အိမ်မှာ အဝတ်လျှော်လာရလို့လားမသိဘူး တဆစ်ဆစ်နဲ့နာနေတယ်"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယလေးနမ်းပေးလိုက်၏။
အဖိုးကြီးက နားကြားပြင်းကတ်သဖြင့် စကားတခွန်းလှမ်းပြောလိုက်သည်။
"ဒီမှာ မောင်ရင် ၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီပါအုံးကွာ။ ဦးမှာ လိပ်ခေါင်းဖြစ်နေလို့" တဲ့
သူငယ်ချင်းတွေထဲက ကူညီပေးနိုင်တဲ့သူရှိရင် ကူညီပေးလိုက်ကြပါအုံးနော် :P
-
5 Comments:
ဝင်ဖတ်သွားတယ်..ပေါက်ပေါက်ရှာရှာ..မင်းကျန်စစ်..ပဲနော်..ဖတ်ပြီးတော့လဲ ရီသွားတယ်..ဟင်း.... :P
ဟုတ်ပါ့သူတို့ကလည်း အဖြစ်သည်းနေတာကိုး။ နည်းတောင်နည်းသေးတယ်။ ရယ်လိုက်ရတာအစ်ကိုရယ်။
ဟီး..ဟီး..
ွှအဲလိုရယ်သွားတယ်ရဂျာ...
ဒါနဲ့ကောင်လေးက အဲဒီအဘိုးကြီးကိုရော ကူညီလိုက်ဘူးလား.. ဟား..ဟား
ဒါနဲ့ အဲဒီကောင်လေးက မင်းကျန်စစ်လားဟင် သူငယ်ချင်းတွေကို အကူအညီ တောင်းနေတော့ အဲလိုထင်လိုက်လို့ .. သူများ အဖြစ်ဆို ကိုယ့်အပူ လုပ်ပြီး အကူအညီ တောင်းစရာ လိုမှ လိုပါ့မလား လို့ပါ ဟတ်ဟတ် (တွေ့လား စတာ ဗရုတ်ကျတာ လိုက်မမီ ပါဘူးဆို)
မောင်ကျန်စစ် ကို ဘယ်အဖိုးကြီး က အဲလို ပြောလိုက်တာလဲ ဟင်? :P
Post a Comment