Rec Comment OF M!иикy@иs^s Blog

ဗိုလ်လုပွဲ

အချစ် ဆိုတာ
ဖလားတစ်လုံး ဖြစ်ခဲ့ရင်
သံယောဇဉ် နဲ့ စွန့်လွှတ်ခြင်းက
ငါ့ရင်ဘတ်ကွင်းပြင်မှာ
နှလုံးသားကို
ဘောလုံးသဏ္ဍာန်ထားလို့
ဖိုင်နယ်ကန်နေလေရဲ့ ..…

ငါသာ ဆုံးဖြတ်ပိုင်ခွင့်ရတဲ့
ကွင်းလယ်ဒိုင်ဖြစ်ခဲ့ရင်
နှစ်သင်းစလုံးကို အနီကတ်ပြ
ကွင်းထဲက ထုတ်ပစ်လိုက်ချင်ပါရဲ့ …

ဒါပေမယ့်ကွယ်… ခုတော့
ဒိုင်လူကြီးက "မင်း"
ငြင်းဆိုခွင့်မရှိတဲ့
ဘောလုံးကွင်းက "ငါ"
အိမ်ကွင်းမှာ ကန်ပါလျှက်နဲ့
ခြေမသာနိုင်တဲ့ "သံယောဇဉ်"
ယှဉ်နိုင်ခွင့် မရှိတော့တဲ့
ဒီဘဝအတွက်
အိပ်ဆေးပျင်းပျင်းတစ်ခွက်လောက်
သောက်လိုက်ချင်တယ်…

8 Comments:

Anonymous said...

အိပ်ဆေး သောက်တာ ပျော့တယ်ဗျ ဘီယာပျင်းပျင်းလေး သောက်ပြီး အိပ်တာက ပိုကောင်းတယ်...ဒိုင်လူကြီးဖြစ်ခွင်ရပါစေဗျာ ..

Anonymous said...

မင်းကျန်စစရ နင်ကလဲဟ အိပ်ဆေးတွေတော့သိပ်အတောက်နဲ့နော့်...
ဘာရီတွေ ပဲ သောက်ပေါ့...နော့ အဟဲ:P

Anonymous said...

အိပ်ဆေး ပျင်းပျင်းလဲ မသောက်နဲ့နော်..မောင်မျိုးပြောတဲ့
ဘီယာပျင်းပျင်းလဲ မသောက်နဲ့နော်...
ိိအိမ်လေးပြောတဲ့
ဘာရီတွေလဲ မသောက်နဲ့နော်....
အဲဒီ နှစ်သင်းလုံးကို မကန်ခိုင်းတော့ ဘူး..
ကဗျာလေး ရေးတဲ့ မင်းကျန်စစ်ကို ပဲ အနိုင်ပေးလိုက်မယ်..
အချစ်ဆိုတဲ့ ဖလားလေး နဲ့ ရေအေးအေးလေး ပဲသောက်လိုက်နော်....ကောင်းတယ်ဟုတ်.. ;)

သဇင်ဏီ said...

အင်းနော်.. အဟဲ..ရူပ်ပါတယ်ကွာ..
pentaly ကန်ခိုင်းလိုက်မယ်...
နောက်တာနော်..ကဗျာလေးကမိုက်တယ်.. အားပေးနေပါတယ်..

Unknown said...

ထင်တောင်မထင်ရဘူးနော်ဒီလိုခံစားချက်တွေရှီနေမယ်ဆိုတာအချစ်ကိုဘောလုံးကစားတာနဲ့ နှိုင်းယှဉ်ပြီးရေးတာလေးကောင်းတယ်..အိပ်ဆေးတော့မသောက်နဲ့ မေ့ဆေးဘဲသောက်လိုက်....စတာနော်ပျော်ရွင်ပါစေရှင်..မင်းကျန်စစ်....

MgThaJan said...

ကောင်းတယ်ဟေ့ :)

Unknown said...

ကောင်းတယ်ဗျို့...
နှစ်သင်းလုံးကိုတော့ မထုတ်ပါနဲ့နော်...

Anonymous said...

အချစ်ဆိုတဲ့ ပူလောင်တဲ့ဖလားကြီးကို ရတဲ့အသင်းကအရှုံးပါပဲ..
တခါတလေ အရှုံးပေးတာ နှလုံးအေးပါတယ်.. ဗေဒါလဲ ဖြစ်နိုင်ရင် အတိတ်မေ့ဆေးသောက်လိုက်ချင်တယ်.. ကဗျာလေးက ရသမြောက်တယ်..