ဘလော့ကို ခုမှအာရုံပြန်စိုက်နိုင်တယ်ဗျာ။ အသစ်မရေးဖြစ်တာရော လိုက်မလည်ဖြစ်တာရော ခွင့်လွှတ်ကြပါ။ Software တွေ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ တောင်းဆိုကြလို့ ထပ်ပေး လိုက်ပါတယ်။ ခုပေးမှာတော့ မိမိ ကွန်ပျူတာထဲမှာ ရှိတဲ့ File တွေ Document တွေကို တခြားလူ မဖွင့်စေချင်ရင် Lock ချတဲ့ software ပါ။ အရင်က File တွေ Document တွေကို Hidden လုပ်ပြီး ဖွက်လို့ပဲရပါတယ်။ နေရာ သေချာမသိတော့ရင်လည်း ပြန်ရှာရတာ ခက်ပါတယ်။ Folder Options ကနေ Hidden ပြန်ဖော်လိုက်တာနဲ့ လုံခြုံမှု မရှိတော့ပါဘူး။ ခု software ကတော့ password နဲ့မို့ စိတ်ချရပါတယ်။ မိမိပေးထားတဲ့ password မဟုတ်ပဲ ထင်ရာ password များ ရိုက်တာနဲ့ alarm မြည်ပြီး shutdown နှင့် real password မှတပါး လက်မခံတော့ပါဘူး။ (computer owner မဟုတ်တဲ့ သူတစ်ယောက် ခိုးဖွင့်နေခြင်း သိစေနိုင်ပါတယ်) Lock ချထားတဲ့ File တွေ Document တွေကို ဖျက်ပစ်ဖို့ ၊ software ကို password မသိပဲ ဖြုတ်ပစ်ဖို့လည်း မရနိုင်ပါဘူး။ လုံခြုံမှု အရမ်းရှိပါတယ်။ password သာ မေ့နေခဲ့ရင် Lock ချထားတဲ့ File တွေ Document တွေကို window ပြန်ချမှပဲ အသုံးပြုလို့ ရနိုင်ပါတယ်။ Full vertion ဖြစ်ဖို့ Register အတွက် Crack လည်း ပေးထားပါတယ်။
အသုံးပြုနည်းကိုတော့ သိသလောက် ပြောပြလိုက်ပါ့မယ်။ အရင်ဆုံး software Install လုပ်ပြီးတာနဲ့ original password ကတော့ security ပါ။ password ရိုက်ဝင်ပြီးရင် Register အတွက် Crack မှာ ကြိုက်ရာ Name ရိုက် key ရယူပြီး ဖြည့်လိုက်ရင် အဆင်ပြေပါပြီ။ နောက် setting မှတဆင့် မိမိကြိုက်ရာ password ပြောင်းလဲနိုင်ပါတယ်။password အမှားရိုက်တာနဲ့ alarm မြည်အောင် ပုံအတိုင်း လုပ်ကြည့်ပါ။ Active နေရာမှာ click ပေးပြီး ဂဏန်းကတော့ ဘယ်နှစ်ခါပဲ အမှားခံမယ် ဆိုတဲ့ သဘောပါ။အဆင်သင့် ဖြစ်ပါပြီ။ File တွေ Document တွေကို R-click မှ Lock / unlock / (unlock & open ကတော့ password ရိုက်ပြီးတာနဲ့ တခါတည်း File / Document ပွင့်မှာ ဖြစ်ပါတယ်)။ အသုံးပြုပြီးတာနဲ့ Lock ပြန်လုပ်ဖို့တော့ မမေ့ပါနဲ့။ အခြားနေရာ (internet lock, exploder control, system lock) အမျိုးမျိုး အသုံးပြုလို့ ရပါသေးတယ်။ Lock ချထားတဲ့ File ကို Hidden လည်း လုပ်ထားလို့ ရပါသေးတယ်။ သူငယ်ချင်း အားလုံးရဲ့ ဘာညာကွိကွ မသိစေချင်တာတွေကို လုံလုံခြုံခြုံ သိမ်းဆည်းထား နိုင်ကြပါစေဗျာ... :P ။ စိတ်ဝင်စားရင် ဒီမှာ software download နိုင်ပါတယ်။
-
4 Comments:
ဒီပို့စ်လေးက တော်တော် အကူအညီရတယ်။
တခါက ကိုယ့်ကွန်ပြူတာထဲမှာ ယူဇာ အကောင့်အသစ်တစ်ခု ၀င်နေလို့ မျက်လုံးပြူးသွားဖူးတယ်
ကွန်ပြူတာကလည်း သိပ်လုပ်တတ်တာမဟုတ်ဘူး
လောလောဆယ်တော့ ကိုယ့် အက်ဒမင် အကောင့်ကိုပဲ ပတ်စ၀ပ် တပ်ထားလိုက်တယ်။ ရလောက်မလား။
မိုက်ပါတယ် ကိုကျန်စစ်ရေ
သုံးကြည့်လိုက်အုံးမယ်
ကျေးဇူးပါရှင်
ဆွဲသွားတ.ယ်...။ အခက်အခဲရှိရင် ပြန်မေးမယ်နော်..။
ကိုမင်းကျန်စစ်ရေ..အရင်က ဒီ PC Security ဆော့ဝဲ(လ်)လေးကိုပိုင်ဆိုင်ခဲ့ဘူးပါတယ်။
ကျနော်အရမ်းကြိုက်တဲ့ဆော့ဝဲ(လ်)လေးပါ။
သူငယ်ချင်းတယောက်ကြောင့်ပျောက်သွားလို့ နှမြောတသဖြစ်နေရတာ။
တိုက်ဆိုင်တိုင်းပြန်တွေ့မလားလို့ရှာနေမိတာ။
သူရဲ့ Official Website မှာကြတော့လဲ မ၀ယ်နိုင်ဘူးဖြစ်နေတာ။ဒီနေ့တော့ ကိုမင်းကျန်စစ်ကျေးဇူးကြောင့် ကျနော်အရမ်းလိုချင်နေတဲ့ ဆော့ဝဲ(လ်)လေးပြန်ရလိုက်တယ်ဗျာ။ ကျေးဇူးအရမ်းတင်ပါတယ်။ကျနော် blog ကနေတဆင့်သူငယ်ချင်းတွေကိုလဲ ပြန်ဇြန်ဝေလိုက်ဦးမယ်။ ခွင့်ပြုမယ်လို့ယုံကြည်ပါတယ်။
Thank you so much.
Post a Comment