ငါ့နှလုံးသားပေါ် လှမ်းလှမ်းရေးတတ်တဲ့
မင်းလက်ရေးဝိုင်းဝိုင်းလေးတွေ
ငါ့ဆီရွာလာနိုးရယ်နဲ့
စံပယ်ပင်လေး မိုးမျှော်သလို
ငါက စာပို့သမားကို မျှော်လို့…
သစ္စာပန်းတွေ ပွင့်ခဲ့တဲ့ စက္ကူဖြူဖြူပေါ်
အဝေးကရောက်လာမယ့် သတိရခြင်းနဲ့
အဝေးကလှမ်းပို့မယ့် ဆုတောင်းသံမှာ
ငါသူကိုများများ သတိရဖို့
ငါကျန်းမာရေး ဂရုစိုက်ဖို့
ငါကဗျာတွေ ရေးဖြစ်သေးလား
ငါသူ့ကို လွမ်းနေဆဲလားတဲ့…
ဝေးပေမယ့် မဝေးခဲ့တဲ့ မေတ္တာတရားများ
မနီးပေမယ့် နီးခဲ့တဲ့ နားလည်မှုများ
ခုတော့… ဖုန်းကြိုးပြတ်သလို အသံတိတ်လို့
စာပို့သမား လိပ်စာများမှားပို့နေသလား…
ငါ့သစ္စာတရားက
နားလည်မှုကိုင်းဖျားမှာ ချိတ်ဆွဲပြီးသားမို့
မပြောင်းလဲတဲ့ ငါ့အလွမ်းက
ကဗျာရှိရာ ရေကြည်ရာပဲ။
-
13 Comments:
ဦးကျန်လဲ ကဗျာရေးတာ ဘယ်ဆိုးလို့လဲ
စာပို့သမား လိပ်စာမမှားပါဘူးဗျာ ...
ကဗျာ ရှိရာ ရေကြည်ရာတဲ့ မိုက်တယ်ဗျာ စာသားလေး
ကိုကျန်ရစ်ကြီးက ကဗျာရေးတော်လိုက်တယ်
ဂွတ်ဂွတ်....ဒါနဲ့  ပဲဟင်းစားချင်လိုက်တာ ရှိသေးလား ဟီးဟီးး
စာပို့သမားက လိပ်စာမှားပြီး
ငါ့ဆီလာပို့တာသိလား
ဟဟဟဟဟ
တော်လိုက်တာ စာပို့သမားလည်းပါသေး
တော်တယ်တော့သားက
ဟဲ ဆက်ရေးပါအုံး
အားပေးတယ်နော်
ကဗျာလေးတွေကောင်းတယ်
က ဗျာ လေး ကြိုက် တယ် ညီ လေး ရေ ... ထိ တယ် ...
ငါကဗျာတွေ ရေးဖြစ်သေးလား
အဲလိုပြောမဲ့သူက စိမ်းတယ် ..
ကဗျာလေး ကောင်းတယ် ...။
ကောင်းတယ် သူငယ်ချင်း ၊ဟက်ထိတယ်
ဒါနဲ့ မင်းများ လိပ်စာ မှားပေး လိုက်သလားကွာ :)
ကဗျာလေးကိုခံစားသွားတယ်.
ကဗျာလေးကကောင်းတယ်ညီလေးရေ....
စာပို့ သမား က လိပ်စာ မှားပီးးးးးးးးးးးးးးး
တယ်ရင်းကြီး က ဂလို လဲ ဖြစ်လိုက်တာပဲလားဟ...
အော် ငယ်ငယ်လေးရယ်နော်...။
ကဗျာလေးကကောင်းတယ်လို့ပဲ ပြောရမလားမသိ။:)
ဒီကဗျာလေးက လှတယ်
ကဗျာလေးက ကောင်းလိုက်တာ။ တင်စားချက်လေးတွေလည်း လှတယ်။
nice one =]
ကဗျာ
စာသားလေးတွေ
ကောင်းတယ်
ဆက်ရေးပါအုံး
အားပေးနေတယ်နော်
အသက်ရေ စာပို့သမားက ပို့စရာမှ မရှိတော့တာ
၆၀
Post a Comment