ညအခါ လသာသာ
မကစားနိုင်အား မနားနိုင်အား
အတွေးမှုန်ဝါးဝါးတွေကို
မှေးမှိန်လို့ မထားနိုင်တဲ့ ည …
တစ်ညတာတိုင်းမှာ မငြီးတွားပဲ
လဝါဝါ စက်ဝိုင်းဟာ ခရီးသွားမြဲမို့
လမင်းကို ခရီးသည်လို့
ဒီညခင်းမှာ သတ်မှတ်လိုက်မယ် …
ရာသီနှစ်လ ချိန်ဝါဒကြောင့်
ဖောင်းဖောင်းပြည့်တင်း လမင်းရှိသလို
သေးချွန်ကွေးကောက်
မှေးပျောက်တဲ့ အခါလည်းရှိတယ် …
သွားရာလမ်းကြောင်း
နေရာပြောင်းတဲ့အခါလည်းရှိတယ် …
လမင်းသွားရာ ခရီးတိုင်းမှာ
လမ်းစမမှား ပျောက်ရှမသွားအောင်
ကူညီဖေးမ လမ်းပြပေးဖို့
မှုန်မှုန်သေးသေး ကြယ်စင်လေးက
တာဝန်ယူပေးချင်ခဲ့တယ် …
လမင်းတိမ်ကွယ် ညလွင်ပြင်ဝယ်
ငွေကြယ်စင်က မျှော်မှန်းဆရင်း
စိုးရိမ်မကင်း သူ့ရင်တွင်းဝယ်
တမ်းတမ်းတတ ရှိခဲ့ရတယ် …
အဘယ်သို့ပင်
လမင်းကြယ်စင် ရှုတိုင်းမြင်လို့
အမြင်တွဲဆက် အခွဲခက်ပေမယ့်
ဘဝကံကြွေး မလှတဲ့အရေးကြောင့်
မြေသို့ထိုးစိုက် ဦးခိုက်ရတော့မယ် …
ကြယ်ကြွေကိုကြည့် တောင်းဆုပြည့်ရင်
ငွေကြယ်ကိုယ်တိုင် တောင်းဆုပန်မည်
နောင်ဘဝများ နီးစေသား .....
နောက်ဆုံးအလင်း ထင်းစေသား .....
-
5 Comments:
အဲဒီကဗျာလေးက ကြယ်လေးကို မကြွေစေချင်ဘူး မကြွေပါနဲ့ အကြွေမစောပါနဲ့ ကြယ်လေးရေ ကောင်းကင်မှာ ကြယ်အဖော်အပေါင်းတွေ အများကြီးပါ နော် မွန်ပြောချင်တာ နားလည်မှာပါ
ဘာလို့ ဒီလောက်တောင်ကဗျာတွေကောင်းနေရတာလဲကဗျာဆရာရဲ့ ရင်ထဲကခံစားချက်တွေကိုမြင်နေရတယ်..ခောတ်သစ်မင်းကျန်စစ်ရေ......
ကဗျာလေး အရမ်းကြိုက်တယ် စာလေးရွတ်နေရသလိုပဲ ကဗျာနဲ့ ပက်သက်ရင်မှတ်ချက်ကောင်းကောင်းမပေးတတ်လို့ ဗျ...ဆောရီးနော်
အစ်ကိုကြီးကျန်ရစ်...
တစ်ညတာတိုင်းမှာ မငြီးတွားပဲ
လဝါဝါ စက်ဝိုင်းဟာ ခရီးသွားမြဲမို့ တဲ့။ နဘေလေးလှလိုက်တာ။
ကဗျာလေး တစ်ပုဒ်လုံး လှတယ်။
အမှတ်တရတခုကို မှတိမိနေတာပဲ ၆၀ အတွက်ရေးထားတာဆိုပီး ၀မ်းသာပါတယ်
Post a Comment