Rec Comment OF M!иикy@иs^s Blog

ခဲလေသမျှ ပဲတွေပွ

ရာသီဥတုက ကျွန်တော့် အကြိုက်ပဲဗျာ။ အပူချိန် (- 5) စင်တီဂရိတ် တဲ့။ ငယ်ငယ်က ကြားဖူးတဲ့ တစ်ဖက်ကျွံ တစ်ဖက်နှုတ်လို့ ဆိုရိုးရှိတဲ့ ရွှံဗွက်မှာ ရုံးကန်နေရတဲ့ လယ်သမားကို ပျင်းတောင် ပျင်းသေးတယ်။ နှင်းတွေ ပုံနေတဲ့ လမ်းပေါ်မှာ လမ်းလျှောက်ရတာ ပိုတောင်ဆိုးသေးသဗျာ။ နှင်းတွေ ထပ်ပြီး ခဲသွားတဲ့ ရေခဲပြင်လမ်းပေါ် လျှောက်ရရင်တော့ ချော်မလဲအောင် ဂရုစိုက်ရတာတောင် ပိုသေး။ လမ်းလျှောက်လို့ အဆင်မပြေတော့ အပြင်သိပ်မသွားဖြစ်ပဲ အဆောင်မှာပဲ နှပ်နေတော့တယ်။ အခန်းထဲမှာတော့ နွေးလို့ စွတ်ကျယ်လေးနဲ့ ကွေးနေရင်း အတွေးတွေက အတိတ်ဆီကို ပတ်စပို့မပါ ဗီဇာမလို လေယာဉ်မစီးပဲ ပြန်သွားခဲ့တယ်။

လေးတန်းအရွယ်ကပေါ့… ပျဉ်ထောင်အိမ်လေးနဲ့ နေခဲ့တုန်းက မိုးအေးအေးလေးနဲ့ ကွေးနေတုန်း ခြင်နဲ့ နပန်းလုံးရတဲ့ အဖြစ်လေးပါ။ ခြင်လုံစကာလည်း မတတ်နိုင်သေးတော့ မိုးရွာတဲ့အချိန် ကိုယ်တော်ချောတို့က အိမ်ထဲကို စုပြုံတိုးဝင်ပြီး ကျွန်တော့်ကုတင်နားမှာ တွေ့ပြီ တွေ့ပြီ သူပဲ သူပဲ ဆိုပြီး ဝဲဝဲလည်လို့ပေါ့ဗျာ။ ( ကျနော်မှာ အဲဒီအရွယ်ကတည်းက ဝိုင်းဝိုင်းလည်နေတာလေ ) မီးသတ်ကားလို တဝီဝီ ဥသြသံပေး ၊ ဆရာဝန်များထက် သွေးကြောအရှာ တော်ကြလေတော့ ကျွန်တော်လဲ ကြောက်ကြောက်နဲ့ ခြင်ထောင်ချရ တော့တာပေါ့။

ဝိုင်းဝိုင်းလို မင်းနဲ့ ကိုယ်နဲ့….. စည်းခြားနေပြီကွာ ဆိုပြီး သူတို့ကို မထီတရီလေး ပြုံးပြနေတုန်းမှာ ဘယ်အချိန်ကတည်းက ဇွဲကောင်းကောင်းနဲ့ ခေါက်ထားတဲ့ ခြင်ထောင်လိပ်ထဲမှာ စောင့်နေမှန်း မသိတဲ့ကောင်က ဆာဆာနဲ့ အတိုးရော အရင်းပါ ပေါင်းတွယ်တော့တာပဲ။ ဗလမရှိပေမယ့် ဇရှိလေတဲ့ ကျနော်ကလည်း သာဝကို လာမစနဲ့ ဆိုပြီး လက်ဆယ်ဖြာ ရှေ့မှာဖြန့်လို့ တိုက်ပွဲဝင် အသင့် အနေအထား ပြင်လိုက်တယ်။ ဘယ်လက်ကလေးက တရွယ်ရွယ်နဲ့ပေါ့ ကျွန်တော်က ဘယ်သန်ကိုး။

ရှာလိုက်တော့ ခြင်ထောင် နံရံလေးမှာ ကပ်လို့ နားနေတဲ့ သကောင့်သားလေးကို တွေ့ရော။ ပိုင်ပြီဆိုပြီး လျှာလေး တစ်ချက်သပ်လိုက်ပြီး အားရပါးရ ရိုက်လိုက်တုန်းမှာ တရုတ်သိုင်းကား ကြည့်ထားတဲ့ ဒီကောင်က လေတိုးသံကို အတွင်းအားနဲ့ ကြားပြီး ဘယ်က လာတယ်ဆိုတာ သိတယ်ထင်ပ။ ချက်ချင်း ထပြေးရော။ အဲဒီမှာပဲ အရင်နေရာကို အားလွန်သွားတဲ့ ဘယ်လက် ၊ ထပျံသွားတဲ့ဘက်ကို ဦးတည်ချက်ပြောင်းပြီး လိုက်ရိုက်လိုက်တဲ့ ညာလက်တို့ မဒီရဲ့ လွဲနေတဲ့ ဆုံမှတ်များ ဖြစ်သွားပါရောဗျာ။ ကိုယ့်ကိုယ်ကိုလည်း ကြောင်ပြီး လက်ဝါးလေး နှစ်ဖက်ပွတ်နေမိတုန်း ခြင်ထောင် အပြင်မှာ စာရင်းတွက်နေတဲ့ ဖေဖေနဲ့ မေမေ ကလည်း မျက်စိအဝိုင်းသားလေးနဲ့ ကြည့်လို့။

မျက်စိမှိတ်ရိုက်ရိုက် တရေးနိုးရိုက်ရိုက် ကုန်းရိုက်ရိုက် ကွရိုက်ရိုက် ရိုက်ချင်သလိုရိုက် မလွဲတဲ့ လက်ဝါးနှစ်ဖက် တစ်သက်မှာ တခါတော့ လွဲခဲ့တယ်ဗျာ။ ဒါပေမယ့် ကျွန်တော့် အရှက်ကို သူ့ဘဝကြီးနဲ့ လဲခဲ့နိုင်သဗျ။ လျှပ်စစ်ကြက်တောင်တံကြီးနဲ့ စီရင်ခွင့်ရလိုက်တယ်။ :P သူငယ်ချင်းတွေလည်း ဘယ်လိုမှ မထင်မှတ်တာကို တစ်ကြိမ်တစ်ခါ လောက်တော့ ကြုံဖြစ်မယ် ထင်ပါတယ်ဗျာ။ အားလုံး ပျော်ရွှင်ပါစေ ...

6 Comments:

Anonymous said...

ဘယ်တန်လေးမောင်မင်းကျန်စစရေ...၊
ကောင်းလှခည်လားဟ နင်ရဲ့ လျှပ်စစ်ကြက်တောင်တံကြီးက.အဟဲ နာလဲ လာဌါး မှ နြ့ တူတယ်နော...။

မြူနှင်းလေး said...

ကိုကျန်စစ်ရေ....

အစဉ်မပြေခင်မှာ ပဲနဲ့ဘဲ နှစ်ပါးသွားပီး...
အဆီပြန်လေးကို လွမ်းလွမ်းနေတတ်ပြီဗျ...။

တနေ့တော့ ဖြစ်လာမှာပါ...
သို့သော်...

အားလုံးအစဉ်ပြေပါစေဗျာ...

Anonymous said...

တယ် .... အကုသိုလ်ကြီးသကိုးကွဲ့ ...။.

သဇင်ဏီ said...

လုပ်ပီ.. ခြင်တွေလျှောက်ရိုက်နေတယ်.. :D
သူတပါးအသက်သတ်ခြင်းမှရှောင်ကျဉ်ပါ၏ဘုရား :D

Pinkgold said...

ဟားဟား မင်းကျန်ရစ်တို့က ဒါမျိုးလေးလဲ ရေးတတ်သကို
နေပါအုံး ၀ိုင်းဝိုင်းလည်နေတဲ့ အကြောင်း ရေးပြီးတော့ ခါချခဲ့ရတဲ့ အကြောင်းလေးပါ ရေးပါအုံး ဖတ်ရတာပေါ့ (ပရွက်ဆိတ်တွေ ခါချခဲ့တာ ပြောပါတယ် အဟိ)

မောင်ထုဆစ်သော "ပန်းလေး" said...

သြော်.... ကြောက်ပါတယ်ရှင်း