Rec Comment OF M!иикy@иs^s Blog

ငါ့နှလုံးသားလေး

အချစ်ဆိုတာ ရှာဖွေမိတိုင်း
သတ်ပုံအမှားတွေနဲ့ပဲ
ကြုံခဲ့ရတဲ့ ငါ့နှလုံးသားလေး ...

သတ်ပုံအမှားတွေမှာ ပျော်ဝင်
ခုံမင်မိတဲ့ မာယာတွေအောက်မှာ
ငါ့နှလုံးသားလေး နစ်မွန်းခဲ့ရတယ် ...

သုံ့ပန်းဖြစ်သွားတဲ့ ငါ့နှလုံးသားကို
မာယာဆေးအထပ်ထပ်ချယ်လို့
အလင်းဆိုတာ ကွယ်လုနီးနီးပေါ့ ...

အလင်းတန်းလေးတစ်ခု ငြိတွယ်မိချိန်မှာတော့
မာယာတွေအောက် အမောဖောက်ခဲ့တဲ့
ငါ့နှလုံးသားလေးက နွမ်းညစ်နေပြီလေ ...

5 Comments:

Anonymous said...

ညစ်နွမ်းသွားတဲ့ သုံ့ ပန်း နှလုံးသားလေးကို ဖူဂျီနဲ့  လျှော်လိုက်ပါ..။

တင့်ထူးရွှေ said...

ငါတို့တော့ Tide နဲ့လျှော်တယ် .. ၊ ပျော်ရွှင်ပါစေသယ်ရင်း

Anonymous said...

ကဗျာလေး ကိုဖတ်ပြီး ခံစားရတယ်....နွမ်းညစ်နေတဲ့ နှလုံးသားလေး ကို...တစ်ချိန်မှာ ..အဲဒီ အလင်းတန်းဆို တာလေး က..ထွန်းလင်းတောက်ပ မှု နဲ့ အတူ..အရာရာကို .စစ်မှန်သော မေတ္တာ တရားနဲ့ နှလုံးသားလေး ကို..အ တောက်ပဆုံး.လင်းလက်စေရမှာ ပါ....

Anonymous said...

သတ်ပုံမှားတွေနဲ့ကြုံခဲ့ရတယ်ဆိုတဲ့ တယ်ရင်းကြီး...
ခုကော လျှော်ပီးပါလားဟ...ငြိတွယ်မိတဲ့ အလင်းတန်းလေးက ထာဝရလင်းလက်ပေးနိုင်ပါစေနော...:)

သဇင်ဏီ said...

တနားပါတယ်ဟယ်.. နှလုံးသားလေးက ရစရာကိုမရှိတော့ဘူး...
မြောက်ဝင်ရိုးစွန်းမှာ ခဏသွားသိမ်းထားလိုက်..
ဘယ်တော့မှ မပုပ်သိုးပဲ ၇ှင်သန်နေအောင် :)