Rec Comment OF M!иикy@иs^s Blog

တဖွဲ့လုံး အာဖျံခွီးနိုင်ဖို့

ဒီတစ်ခါတော့ သူငယ်ချင်းတွေနဲ့ တပျော်တပါး မျက်နှာစုံညီ ကြည့်ရင်း အာဖျံကွီးလို့ ရမယ့် software လေး တစ်ခုပါ။ သိပြီးသား ဖြစ်နေရင်တော့ သီးခံပါ။ အရင်က webcam နဲ့ ကြည့်ကြ ပြောကြဖို့ တွင်တွင် ကျယ်ကျယ်သုံးတာတွေက VZO , QQ, Yahoo, Skype စတာတွေပါ။ တခြားလည်း ရှိမှာပါ။ ကျွန်တော် သိသလောက်တွေက နှစ်ယောက်ပဲ ကြည့်ရင်း ပြောလို့ ရတာတွေပါ။ ရေခြားမြေခြားက သူငယ်ချင်းတွေ အဖွဲ့ကျပြီး တဖွဲ့လုံး ဝိုင်းဖွဲ့ရင်း ရှုမငြီးတဲ့ မျက်နှာတွေ ကြည့်ရင်း စကားပြောချင်ရင် အခက်တွေ့ပါတယ်။ တစ်ယောက် တစ်လှည့်စီ ပြောနေကြရတယ်။ ဒါမှ မဟုတ် speaker တွေ ဖွင့်ပြီး ပြောနေကြရတယ်။ ခု software နဲ့ ဆိုရင် သူငယ်ချင်း ၆ ယောက် တပြိုင်နက် မျက်နှာကြီးတွေ ကြည့်ရင်း အာဖျံခွီးလို့ ရပါတယ်။ ကိုးနတ်ရှင်သာ ကောင်းရင် အသံလည်း ကြည်လင် ရုပ်လည်း ပြတ်သားပါတယ်။ Yahoo, Skype လို အသုံးပြုပုံ အတိုင်းပါပဲ။ မခက်ခဲပါဘူး။ video mail လဲ ပို့လို့ ရနိုင်ပါတယ်။ Type chat ကို Room လိုက် Presonal လိုက်လည်း ချက်လို့ ရပါတယ်။ မြန်မာ (ဇော်ဂျီ) ဖောင့်နဲ့လည်း ရိုက်လို့ အဆင်ပြေပါတယ်။ စိတ်ဝင်စားရင်တော့ ဒီမှာ Download နိုင်ပါတယ်။ လေ့လာချင်ရင်တော့ ဒီမှာ လေ့လာနိုင်ပါတယ်။ သူငယ်ချင်း အားလုံး အခက်အခဲတွေ ကျော်လွားနိုင်ပါစေဗျာ...

3 Comments:

Anonymous said...

သယ်ရင်းကြီးမင်းကျန်စစရေ...၊
ဇူးဇူးဟ ဇူးဇူး...နင်ပြောသလို ငါတို့သယ်ရင်းတွေလဲ အာဖျံ ခွီးနိုင်အောင် နင်ပေးတဲ့ လက်ဆောင် လေးတိုင်း လိုက်လုပ်ကြည့် ဖို့ ဒေါင်းလုပ် ထားလိုက်ပီနော့...။အဟဲ...:P

စိုးထက် - Soe Htet ! said...

လုပ်ပြီးသားဗျ ရှိတယ် ... မသုံးဖြစ်တာ ....

Anonymous said...

ှဟားဟား.. ကိုးနတ်ရှင် တဲ့လား .. ရတုဆန်လိုက်တာ .. :)