Rec Comment OF M!иикy@иs^s Blog

ငါ့အရှုံးအတွက်

အတ္တကို ဦးတည်
မာယာတွေကို ခြယ်သ
မျက်ရည်နဲ့ ခြံရံ
စကားနဲ့ထိုးနှက်
မင်းအလိုရမ္မက်ကြောင့်
ငါ့ရင်ဘတ်တစ်ခုလုံး
စစ်တလင်းဖြစ်ခဲ့ပြီ ...

လှည့်ဖျားမှုကိုယုံကြည်
စာနာမှုကို ရင်တွင်းသိမ်း
ချုပ်ထိမ်းလိုက်တဲ့ကာကွယ်မှု
အားလျော့ဟန်ပြုလို့
တမင်အရုံးပေးလိုက်တာ
မင်းအတွက်အခွင့်ကောင်းလား...

ချစ်ခြင်းကိုလုယူ
ငါ့ရင်ကိုသိမ်းပိုက်
မင်းစိတ်ကြိုက်ထူထောင်မယ့်
မင်းမြို့တော်မှာ
ငါ့အမုန်းတွေနဲ့ပဲ
ခြယ်သပေးမယ် ...

ဒါဟာ
မင်းပြုံးနေမယ့်
ငါ့အရှုံးရဲ့
နာကျည်းမှုပဲ ...

3 Comments:

Anonymous said...
This comment has been removed by the author.
မွန် said...

ဒီကဗျာလေးဖတ်ရတာ ခံစားချက်နဲ့တိုက်ဆိုင်ဆယ်
အရှုံးပေးချင်တာလဲ ခဏခဏပါပဲ
အကိုဘယ်လိုခံစားပြီးရေးထားတာပါလိမ့်
တကယ်ကိုကျစ်လျစ်တဲ့ စာလေးပါ

သဇင်ဏီ said...

အရူံးရဲ့နာကျည်းမူတဲ့..
စာသားလေးတွေ မိုက်တယ် ကိုမင်းကျန်စစ်...