Rec Comment OF M!иикy@иs^s Blog

အိမ်ထောင် (အချစ်) စတင်လာပုံ

လူတွေ ပြောနေကြတဲ့ အချစ် အချစ်တဲ့… အချစ်ဘယ်က စတင်ဖြစ်ပေါ်လာသလဲ။ အာဒံနဲ့ ဧဝ ပန်းသီးစားရာက စတယ်လို့လည်း ပြောကြတယ်။ အမျိုးမျိုး စုံလို့ပါပဲ။ ကျွန်တော်သိတဲ့ အချစ်စတင်ဖြစ်ပေါ်လာပုံ (သို့) အိမ်ထောင်တစ်ခု စတင်ဖြစ်ပေါ်လာပုံလေးကိုလည်း မသိသေးတဲ့ သူငယ်ချင်းတွေ သိအောင် ရေးလိုက်ပါတယ်။

ကမ္ဘာကြီးပျက်ပြီးတော့ နောက်ကမ္ဘာသစ်တစ်ခု ပြန်တည်ထောင်တဲ့အခါမှာ ဗြဟ္မာတွေ ဗြဟ္မာပြည်ကနေ စုတေးပြီး လူ့ပြည်မှာ ဥပပတ်ပဋိသန္ဓေစိတ်နဲ့ လူလာဖြစ်ကြပါတယ်။ အဲဒီလို လူလာဖြစ်တဲ့ အချိန်မှာ ယောင်္ကျား မိန်းမဆိုတဲ့ ဣတ္ထိ ဘာဝရုပ် ၊ ပုရိသ ဘာဝရုပ် ထင်ထင်ရှားရှား မဖြစ်သေးပါဘူး။ ကိုယ်ယောင် ကိုယ်ဝါတွေလဲ ရှိနေသေးတော့ နေတွေ လတွေလဲ မလိုအပ်သေးဘူးတဲ့။

ဗြဟ္မပြည်က စုတေကာစဆိုတော့ ပီတိလေးတွေနဲ့ပဲ နေနေကြလို့ ဘာမှ မစားကြသေးဘူးတဲ့။ ကမ္ဘာပြုမိုးတွေ ရွာထားပြီး တဖြည်းဖြည်းနဲ့ ရေတွေ ခန်းခြောက်သွားတော့ မြေအထက် အပေါ်ယံမှာ မြေဆီတွေ ကျန်နေခဲ့ပါတယ်။ အဲဒီ မြေဆီတွေက နို့ရည်အထက်မှာ တက်နေတဲ့ မလိုင်ကို ချိုဆိမ့်တဲ့ အနံ့ အရသာ ရှိတယ်လို့ ဆိုပါတယ်။ တစ်ယောက်က မွှေးကြိုင်နေတဲ့ မြေဆီလေးကို ဘယ်လို အရသာရှိမလဲ ဆိုပြီး လက်နဲ့တို့ပြီး လျှက်ကြည့်ရာက ကောင်းတယ်ဆိုပြီး ကျန်သူများကလည်း သူစားသလို လိုက်စားပါတယ်။ ဒီကစလို့ ရသတဏှာဝင်ပြီး ကိုယ်ရောင် ကိုယ်ဝါတွေလည်း ပျောက်သွားရောလို့ ဆိုပါတယ်။

ဒီလိုနဲ့ မြေဆီတွေ စားရင်း စားရင်း ကုန်သွားတော့ ကံအားလျော်စွာ သလေးဆန်တွေ ပေါ်လာပါတယ်။ ဒီသလေးဆန်ဟာ အိုးထဲထည့် မီးကျောက် တင်လိုက်တာနဲ့ အလိုလို မီးတောက်ပြီး ထမင်းကျက်တာနဲ့ မီးလည်း ငြိမ်းသွားပါတယ်။ မြေဆီတွေ စားနေတုန်း စားသမျှ အဆီအသားဖြစ်ပြီး အဖတ်အကာ တချို့သာ ကျန်တယ်လို့ ဆိုပါတယ်။ အဲဒီ အဖတ်အကာ အချို့ကိုလည်း ဝမ်းမီးက လောင်လိုက်တဲ့အတွက် ကုန်ခန်းကုန်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကျင်ကြီး ကျင်ငယ်ဆိုတာ မဖြစ်သေးပါဘူးတဲ့။

သလေးဆန်တွေ စားလာတဲ့အခါမှာတော့ ကျင်ကြီး ကျင်ငယ်ဆိုတာ ဖြစ်လာပြီး ကျင်ကြီး ကျင်ငယ် ထွက်ရာ အပေါက်တွေလည်း ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒီတော့မှ ယောင်္ကျား ၊ မိန်းမ ပုံသဏ္ဌာန်ဖြစ်တဲ့ ဣတ္ထိ ဘာဝရုပ် ၊ ပုရိသ ဘာဝရုပ် တွေလည်း ထင်ထင်ရှားရှား ဖြစ်လာပါတော့တယ်။ ဗြဟ္မာပြည် မရောက်ခင် မိန်းမဖြစ်ခဲ့သူက ဣတ္ထိ ဘာဝရုပ် ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့သူက ပုရိသ ဘာဝရုပ် ပေါ်လာတယ်လို့ဆိုပါတယ်။

နားနဲ့ မနာ ဖဝါးနဲ့နာ ဆိုတဲ့အတိုင်းပဲ နားနဲ့ မဖတ် မျက်စိနဲ့သာ ဖတ်တော့လို့ ပြောရမလားပဲ သူငယ်ချင်းတို့ရေ။ တစ်ယောက်နဲ့ တစ်ယောက် အင်္ဂါမတူလို့ တစ်ယောက် အင်္ဂါကို တစ်ယောက် တပ်မက် နှစ်သက်တဲ့ တဏှာရာဂ တွေ ဝင်လာပြီး စိတ်မချည်းတည်းနိုင်တော့ပဲ ကာမကိစ္စကို စတင် မှီဝဲကြပါသတဲ့။ ဒီတော့ ကျန်တဲ့သူတွေက မပြုကောင်းတာ ပြုရပမလားဆိုပြီး ခဲနဲ့ ဝိုင်းပေါက်ကြပါသတဲ့။ ကာမကိစ္စကို မွေ့လျော်သွားသူတွေဟာ ပုန်းအောင်းရင်းနဲ့ အိမ်ယာများ သီးသန့် တည်ထောင်ပါသတဲ့။ ဒီခေတ် မင်္ဂလာဆောင် ခဲပေါက်တဲ့ ဓလေ့ဟာ ကမ္ဘာဦးကတည်းက ဖြစ်ပေါ်လာတဲ့ အဲဒီအဖြစ်လေးကို အရင်းတည်ပါသတဲ့ဗျာ။

ကျွန်တော့် မင်္ဂလာဦးညလေး ရောက်ရင်တော့ ခဲနဲ့လာမပေါက်နဲ့နော်။ သူငယ်ချင်းတွေကို အဝကျွေး အဝတိုက်မယ်။ အဟဲ :D

(သုတ်ပါထေယျ ပါဠိတော် ၊ မြန်မာပြန် အဂ္ဂညသုတ်နဲ့ ဆရာတော် အရှင် ဇနကာဘိဝံသရဲ့ သဂြိုဟ်ဘာသာဋီကာ အခြေပြု ပဋ္ဌာန်းတော် စာအုပ်တို့မှ ကောက်နှုတ်ပါသည်)

13 Comments:

Anonymous said...

သယ်ရင်းရေ..လေးစားသွားပြီကွာ...မင်းပြောမှ သိရတော့တယ်..ဟီး...ဟီး..ခဲတော့အပေါက်မခံချင်ဘူးနော်..

Anonymous said...

အချစ်ဗြဟ္မာကြီး ၄ ဦးကြောင့်ကွယ် ဆိုတဲ့သီချင်းလိုပေါ့နော်
ခြုံငုံကြည့်ရင် အစားမက်လို့ အချစ်ဖြစ်လာတာပေါ့
အချစ်အစ အစားက ဟဲဟဲ
ချစ်ရင် အစားခံရမယ်ပေါ့ နော်

Anonymous said...

ပြောပြတော့လဲမှတ်သားစရာလေးပေါ့...အရေးထဲ..ကြော်ငြာကဝင်သေးတယ်..ခဲနဲ့ ပေါက်တဲ့ခောတ်ရှိသေးလို့ လား ?..ကိုမင်းကျန်,,ရဲ့

Anonymous said...

မသိသေးလို့မှတ်သားသွားပါတယ်။
ပန်းသီးစားရာကစတယ်ဆိုတာပဲသိထားတာလေ။
ခုမှမြေဆီလျှက်တာတွေ သလေးဆန်ချက်တာတွေ သိတော့တယ်။

လင်း said...

ကောင်းကောင်းမကျွေးရင်တောခဲမိုးရွာမှာဘဲ

သဇင်ဏီ said...

အော်.. ဂလိုကိုး...
ခွိခွိ...

လင်းဦး(စိတ်ပညာ) said...

သူငယ်ချင်း ခဲနဲ့ပေါက်မှာကြောက်ရင်တော့
အ၀ကျွေးရမှာနော် ..
စိန်မမဆိုတဲ့ ချာတိတ်ကလည်း အစားကြီးတယ်..
သူကတော့ ခဲနဲ့ပေါက်မှာမဟုတ်ဘူး ..
လေသေနတ်နဲ့ ပစ်လိမ့်မယ်

ပန်းခရေ said...

ခဲနဲ့ပေါက်မယ်နော်ဟီးးးးးးးး
ကောင်လေးမမက အစားကြီးတယ်နော်..
ခဲပေါက်တာကို အခုမှသိတယ်...
တယ်လေ့လာထားသကိုး...
မင်းကျန်စစရဲ့ ဟဲ
မင်္ဂလာဆောင်တော့ဟာ
ဟီးးးးမြှောက်ပေးနေတာ....
ပိုက်ဆံပြတ်နေတယ်..လိုချင်လို့ဟီးးခဲဖိုး..ခဲဖိုး..
ဟဲ....။
စိန်မမ

Anonymous said...

နားနဲ့မဖတ်..မျက်စိနဲ့ဖတ်သွားပါတယ်....။

Anonymous said...

တော်တော်လဲ .တတ် သိနေ တဲ့ .မင်းကျန်စစ်လေး ပါလားနော်...အခုမှပဲ အချစ်စ ပုံကို သေသေချာချာ သိရတော့တယ် နော်..မင်းကျန်စစ်.အ၀ မကျွေး ရင်ခဲ နဲ့ပေါက်မယ့် သူများနေ ပါ့လားနော်.. :P

Anonymous said...

အခုမှပဲ သေချာသဘောပေါက်တော့တဲ့ တော်လိုက်တဲ့သူဌေးကြီး ဦးကျန်ပစ်ရယ် နောက်လဲ ဗဟုသုတလေးတွေ ဆက်ရေးပါအုံး
အားပေးနေပါတယ်

Winkabar said...

သြော် သြော် ဒီလိုကိုး ပေါက်သွားပြီကိုမင်းကျန်စစ်ရေ။
သတိထားနော်။ တော်ကြာအပေါက်ခံနေရဦးမယ်။ :P

Pinkgold said...

အင်း ခုမှပဲ ဖတ်မိသကွယ်
အချစ်က ဒီလို ဒီလို ဖြစ်ပေါ်လာတာလား ဟ ဟ မင်းကျန်းစစ်ရော မေဆီလေးကို ဘယ်လို အရသာ၇ှိလဲ ဆိုပြီး စားကြည့်ပါလား ဟီးဟီး