Rec Comment OF M!иикy@иs^s Blog

ချစ်သူများနေ့အတွက် အမှတ်တရ ပျော်ပွဲရွှင်ပွဲ

မနေ့က မနက် နိုးနိုးချင်းပဲ (နိုးနိုးချင်းဆိုတာကလဲ နေ့လည် ၂ နာရီ ) ညီလေး သားဖြိုးက ချစ်သူများနေ့အတွက် အမှတ်တရ ပျော်ပွဲရွှင်ပွဲ ဂိမ်းပွဲလေး တစ်ခုလုပ်ဖို့ ပြောလာတယ်။ ဘလော့ဂါတွေမှာ ချစ်တဲ့ ကောင်မလေးတွေနဲ့ ထပ်တူ ချစ်ရတဲ့ ကိုယ့်ဘလော့လေးနဲ့ ပတ်သက်ပြီး ပြိုင်ကြမယ့် ကစားပွဲလေး တစ်ခုပါ။ အကြောင်းအရာလေးတွေနဲ့ စည်းကမ်းချက်လေးတွေပါ သတ်မှတ်ထားလေရဲ့။ ဖတ်ကြည့်လိုက်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါနဲ့ပဲ ညီလေးက တခြား ဘလော့ဂါတွေဆီလဲ မေးလ်ပို့ပြီး ကစားပွဲလေးကို ဖတ်ဖို့ ပြောတာနဲ့ အသိအားလုံးဆီ မေးလ်ပို့ခဲ့တယ်။ အွန်လိုင်း ရှိသမျှ သူငယ်ချင်းတွေကိုလဲ ချက်ချင်း ဖိတ်ခဲ့တယ်။ တစ်နေ့လုံး လူရော လက်ရော ဦးနှောက်ကော နားကို မနားလိုက်ရဘူး။ အကြောင်းအရာနဲ့ စည်းကမ်းချက်လေးတွေကို နားမရှင်းတဲ့ တချို့က ပြန်မေးနေတာနဲ့ ထိုင်ရှင်းပြနေရတာလေ။ ဒါကြောင့် ကျနော်ကိုယ်တိုင် ဘာမှ ကောင်းကောင်း မရေးလိုက်နိုင်ခဲ့ဘူး။ (ဒါကြောင့် ဆုမရတာလို့ ပြောလို့ရအောင် ကြိုရှင်းထားတာ ဟတ်ဟတ်)။ ကစားပွဲလေး လုပ်ရခြင်းရဲ့ အကြောင်းရင်းလေးကတော့

(၁) ဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။

(၂) ခုလိုပျော်ပွဲလေးတစ်ခု လုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။

(၃) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့် အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်... အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ... ဒါကြောင့် ဘလော့ဒ်ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို ဘာလက်ဆောင်များ ပေးကြမလဲဆိုတဲ့ စိတ်ကလေးကနေ စတင် ဖြစ်ပေါ်လာတဲ့ ကစားပွဲလေးပါ။

စည်းကမ်းချက်လေးတွေကတော့ သက်ဆိုင်တဲ့ ခေါင်းစဉ်အောက်မှာ နာမည်တစ်လုံးနဲ့ စာတကြောင်းပဲ ရတယ်တဲ့။

ဆုကတော့ အမှတ် အများဆုံး ရရှိသူ (၂)ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ပထမဆု ရရှိသူကို ညီလေးသားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ် သူကြိုက်တဲ့ (ကောင်လေး (သို့) ကောင်မလေး) နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်တဲ့။

ကစားနည်းလေးတွေကတော့
(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့် စာသားလေး အဖြစ်ပြောင်းရမယ်တဲ့..
ကျနော် ရေးပေးလိုက်တာကတော့

မင်း”အတွက် ဆိုရင် တပါးသူအတွက် မ“ကျန်”တော့လောက်အောင်အထိ “စစ်”မှန်တဲ့ ချစ်ခြင်း“ရဲ့” ပျော်ရွှင်ခြင်း “ရသ”ကိုပဲ ပေးစွမ်းရင်း “ကမ္ဘာ”ငယ်လေးတစ်ခု တည်ထောင်ချင်မိတယ်…

(၂) ချစ်သူ့ အခေါ်ဝေါ်လေး။ ဒါကိုတော့ ချစ်တဲ့သူကို ခေါ်တာဖြစ်ဖြစ် ချစ်တဲ့သူက ခေါ်တာ ဖြစ်ဖြစ် စိတ်ကြိုက်ရေးနိုင်ပါတယ်တဲ့။
ကျနော် ရေးလိုက်တာကတော့

ပုဂံသမိုင်းမှာ တွင်“ကျန်”ရစ်တဲ့ ဟို“စစ်”သားကြီးလို ရဲဝံ့တည်ကြည်တဲ့ ငါ့ကို “မင်း”ခေါ်လိုက်စမ်းတော့ မောင်ကြီးရေ….. လို့

(၃) ချစ်သူ့လက်ဆောင်။
လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။ ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။ တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့ ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။ ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်ရမယ်တဲ့လေ…
ကျနော် ရေးလိုက်တာကတော့

တစ်ခုတည်းသော ရင်ခုန်သံနဲ့
နှစ်ယောက်တစ်ဘဝပေါင်းစပ်ဖို့
သုံးစွဲလိုက်တဲ့ နှလုံးသားကိုအရင်းတည်
လေးနက်စွာနဲ့
ငါးရာနှစ်ဆယ့်ရှစ်ထက် ကျော်မိတာမင်းအတွက်
ခြောက်ခြားစရာတွေ ဖြစ်စေခဲ့သလား
ခွန်အားပြည့်ချစ်ခြင်းတွေနဲ့
ရှစ်ခွင်နယ်တစ်ခုလုံးမှာ
ကိုးစားယုံကြည်ရဆုံး ငါ့အချစ်တွေကို
ဆယ်ယူထွေးပွေ့လိုက်တော့ကွယ်…

ဒီကစားပွဲလေးကြောင့် အရင်နှစ်တွေနဲ့ မတူပဲ စာကြောင်းတွေအတွက် စဉ်းစား အကြံထုတ်ရင်း ပျော်ရွှင် ကြည်နူးမှုတွေနဲ့ အတူ ချစ်သူများနေ့လေးကို ပိုပြီး အမှတ်တရ ရှိနေစေခဲ့တယ်ဗျာ...

6 Comments:

Anonymous said...

ဖြေထားတာတွေက ကောင်းလိုက်တာဗျာ မေးခွန်း ၁ နဲ့  ၂ ကအရမ်းကောင်းတယ် တော်လိုက်တာ ရှယ်ပဲ ဘယ်သူတွေ ဆုရကြမှာလဲမသိ ကျနော်ကတော့ နှစ်သိမ့်ဆုတောင်ရမှာဟုတ်ဘူး ဟီးဟီး
ခံစားချက်တွေနဲ့ ရေးထာတော့
အစ်ကို ဆုရပါစေဗျာ

Anonymous said...

mail မစစ်မိလို့  အသိနောက်ကျသွားတယ်..။ ဒါပေမယ့် မေးလ်ပို့လိုက်ပါတယ်..။ ကျန်စစ်ရဲ့ နံပါတ် ၂ ကို တအားကြိုက်တယ်..။

Anonymous said...

ဆုရပါစေ.လို့ ဆုတောင်းပေးလိုက်တယ်နော်.
ဘယ်လို ပဲ ဖြစ်ဖြစ်..ပျော်စရာလေး တွေပဲ.
စဉ်းစားပြီး..ပျော်နိုင်ပါစေ..လို့ ..
စိတ်ညစ်စရာတွေ ရှိရင် လဲ...
အမြန်ဆုံး ပျောက်ပါစေ လို့..
ရင်ထဲ ကအချစ်တွေ ကို
ချော့ကလက် မရလဲ..
ချစ်သူက နားလည်ပေးမယ် ထင်ပါ တယ်.မင်းကျန်စစ်ရယ်
ချောကလက် ကအရေးကြီးတယ် လို့
ဘယ်ချစ်သူက မှ အဲလို တွေးမယ် မထင်ပါဘူး လေ..

diLo said...

just happen to visit ur blog!
nice!

wat a lovely refreshing post about v-day!
like reading it..
thanks naw :D

will try visit it often

Anonymous said...

မင်းကျန်စစတယ်၇င်းရေ...
အမှတ်တရ ပျော်ရွှင်ပွဲလေး ကို ရေးထားတာလေးတယ်ကောင်းပါလားဟ...:P
နာတော့ ခုတခေါက် အပါတော့ဘူးဝေ့...

Unknown said...

ur poem is gorgeous.Nice writing