Rec Comment OF M!иикy@иs^s Blog

သစ်တစ်ပင်လိုငါ

အနွေးထည် ပွပွတွေ
အထပ်ထပ်ကျပ်စည်းထားတဲ့ငါ
အနှစ်အသား နည်းနည်း
အခေါက်အပွေး ထူထူ
သစ်ပင်လိုလူအဖြစ်နဲ့
ဘဝပေးတဲ့ အသိနည်းနည်း
ဥာဏ်ရည်ကျဲကို အရောင်တင်ရင်း
လောကလမ်း သဲသဲမဲမဲမှာ
မလဲမကွဲအောင် သွားရအုံးမယ်...

မသိခြင်း အခေါက်တွေပါး
အသိပင်စည်ထွားတဲ့အချိန်
ခြေကုတ်အမြစ်ခိုင်ခိုင်နဲ့
အကိုင်းအခက်တွေဝေလို့
လောကကို လှစေနိုင်သူဖြစ်ရမယ်...

ကျောင်းအပြန် နှင်းမှုန်တွေကြားမှာ အနွေးထည် ထူထူထဲက ခေါင်းပြူရင်း အပြင်လောကကို ကြည့်လိုက်တော့ ကျနော် သိခြင်း မသိခြင်းတွေ အများကြီးအတွက် အားတင်းရင်း ရေးလိုက်မိတဲ့ ကဗျာတစ်ပုဒ်ပါ။

4 Comments:

Anonymous said...

ဒီကဗျာလေးကို ကြိုက်တယ်.. :)

တင့်ထူးရွှေ said...

သစ်ပင်လို လူပေါ့နော် ၊ ကောင်းတယ်ဗျ :D

Anonymous said...

အနွေးထူထူအောက်က ခေါင်းပြူထွက်ရင်း အတွေးတွေ လင်းလက်တောက်ပနေပုံပဲ...။

Anonymous said...

ကောင်းလိုက်တဲ့အတွေးလေး
ဂါတ်တယ်