Rec Comment OF M!иикy@иs^s Blog

မျှော်နေတယ် “နွေ”

နွေဂိန္မာန် သန္ဓေတည်တော့မှာမို့
ဆောင်းဟေမာန်ဇီဝိန်ချုပ်မယ့် အသက်ငွေ့ငွေ့တို့မှာ
ကောင်းကင်က နှင်းပွင့်တို့ မျက်ရည်စက်အဖြစ် ငိုကြွေးကြပြီ …

ဆောင်းတစ်တွင်းလုံး အိပ်စက်ခဲ့ရတဲ့
သစ်ပင်ပန်းမန်တို့ရဲ့ တက်ကြွလန်းဆန်းမှုတွေ
နေခြည်နွေးနွေးနဲ့အတူ ရှင်သန်ထကြွလာကြပါတော့ …

မှောင်မိုက်တဲ့ ညတာရှည်ရက်တွေကြားမှာ
အေးစက်ခြောက်သွေ့ခဲ့ရခြင်းတွေအတွက်
ငါလည်း နွေးထွေးမှုတွေတလှည့် လိုအပ်နေပြီလေ …

နွေအကြို ဥသြမရှိပါဘူး
မြောက်လေရူးနဲ့ ကြွေလွင့်တဲ့ ရွက်ဝါတွေ မရှိပါဘူး
ထိုးထွက်မယ့် ပုရစ်ဖူးတွေနဲ့
အရည်ပျော်နှင်းရည်တွေ စိုစွတ်နေတဲ့
ငါ့ဝန်းကျင်မှာ အသားကျအောင် နေထိုင်ရင်း
မင်းကိုတော့ မျှော်နေတယ် “နွေ”…

5 Comments:

Anonymous said...

ဘယ်ကိုပဲရောက်ရောက်ပါဗျာ... မြန်မာပြည်နဲ့မတူပေမယ့် နွေဆိုတာကိုတော့ ကြိုဆိုချင်ပါသေးတယ်.. ကဗျာလေးကောင်းတယ်ဗျာ.. ရင်ထဲကို တစ်မျိုးပဲ.. မြန်မာပြည်မှာ နွေရဲ့အရသာကို မခံစားရတော့ဘူးဆိုတော့ ၀မ်းနည်းမိသလိုလို.. ဘာပဲဖြစ်ဖြစ် ကိုယ်ရောက်နေတဲ့နေရာကို အခြေခံပြီးရေးလို့ ကြိုက်တယ်.. :)

ဒီဇင်ဘာနှင်း said...

အော် နွေဆိုတာတောင်ရောင်တော့မယ်နော်။ လာလည်ပါတယ်။ ကိုမင်းကျန်စစ်ကိုလဲ လင့်ခ် ထားလိုက်တယ်နော်။ အားလုံးအတွက်ကျေးဇူးပါ။ို

တင့်ထူးရွှေ said...

မျှော်နေတဲ့ နွေ ကြိုက်တယ် အာစရိ
တစ်စုံ တစ်ခု ကို သတိရ လိုက်သလို
တစ်မျိုးကြီးပဲ ဗျ ။ ။

Anonymous said...

နွေဝင်စလေးမှာ..ရွက်ဟောင်းတွေကြွေတာလေး ကို
အိမ်ရှေ့ ၀ရံတာလေး မှ တဆင့်
ငေးမောလို့
ပူပြင်းလှတဲ့ နွေ လေးကို ကြိုဆိုခဲ့ဖူးတယ်..
လေပြင်းတစ်ချက်အဝှေ့
ပါးလေးကို တိုးဝှေ့ကျီစယ်ရင်း.
သစ်ရွက်တွေ .တရှဲရှဲ မြည်သံလေး ဖန်ဆင်းလို့...
သြော် လွမ်းမောရတဲ့ နွေ...
ရောက်လာပြန်ပြီ ပေါ့...
မန်းလေး ရဲ့ နွေဥတု လေးနဲ့ အတူ
အရာအားလုံး ကို လွမ်းမိ ပြန်ပေါ့....
ငါချစ်တဲ့ မြို့ လေး ရေ..
တစ်နေ့ နေ့မှာ အရောက်ပြန်ခဲ့မှာ..ပါ...
ထာဝရ ကြိုနေပါ..ချစ်တဲ့ မြို့လေးရယ်...
မင်းကျန်စစ်ရေ ...ကဗျာလေး.ကို ခံစားရင်း.
အဝေးရောက် သူ ရဲ့ ခံစားချက်လေးကို ရေးသွားတယ်နော်..

မွန် said...

မျှော်နေတယ်မြွေ အဲ နွေတဲ့ အလဲ့ ဟိ