Rec Comment OF M!иикy@иs^s Blog

စိတ်မကောင်းဖြစ်မိခြင်း

ဒီနေ့ မနက် စောစော နိုးလာတယ်။ မနေ့က ကျောင်းပြန် ပင်ပန်းပြီး စောစောအိပ်သွားလို့ မနက်ပို့စ်အသစ် ရေးမယ်ဆိုပြီး ထလာတာ။ အွန်လိုင်း ဝင်ပြီး မျက်စိတစ်ချက်ဝေ့လိုက်ရုံပဲ ရှိသေးတယ် စိတ်မကောင်းစရာက စတွေ့တော့တာပဲ။ ညကလဲ မလေးမ အပြောခံရလို့ စိတ်မကောင်းလဲဖြစ် စိတ်လဲတိုနေရတာ။ ခုတလော ဘာလို့ အဆင်မပြေတာတွေ ဖြစ်နေကြတာလဲ မသိတော့ဘူး။ ခုလည်း ကိုစိုးထက် နားပြီတဲ့။ တခြားဘက်မှာတော့ ပြောင်းရေးနေမှာပါတဲ့။ စာရေးဖို့ အားတင်းပြီး ထလာတဲ့ ကျနော် တော်တော်ကို စိတ်ဓါတ်ကျသွားတာဗျာ။ အရင်ရက်တွေကလည်း နှုတ်ဆက်သွားတဲ့ သူတွေ တယောက်ပြီး တယောက်တွေ့နေခဲ့ရတယ်။ ကျနော်တို့ဟာ မိဝေးဖဝေး ရေခြား မြေခြားမှာ မိဘဆွေမျိုးတွေ လွမ်းတဲ့စိတ်ကို မျိုသိပ်ပြီး မမြင်ဖူး မတွေ့ဖူးသူချင်းတွေ ခင်မင်ရင်း တစ်ယောက်နဲ့ တစ်ယောက် အဖော်ပြုကြရင်း ပညာသင်တဲ့သူကသင် အလုပ်လုပ်ကြတဲ့ သူကလုပ်နဲ့ နေနေကြတာမဟုတ်လား။ တယောက် မပျော်ရွှင်နေချိန်မှာ ဝိုင်းဝန်း အားပေးမယ် တယောက် အခက်အခဲ ဖြစ်နေချိန်မှာ ဝိုင်းဝန်း ဖြေရှင်းပေးမယ် ဗဟုသုတတွေ ကဗျာတွေ ခံစားချက်တွေကို ရေးကြရင်း အမြင်ချင်းတွေ ဖလှယ်ကြမယ်။ စရင်း နောက်ရင်း စိတ်ညစ်စရာတွေ ဖြေဖျောက်ကြမယ်။ ဒါလေးတွေနဲ့ ဘလော့ရပ်ဝန်းလေးက လည်ပတ်နေတာပါ။ တခါတလေမှာ တစ်ယောက်နဲ့ တစ်ယောက် အမြင်လွဲတာတွေ တိုက်ခိုက်တာတွေနဲ့ ရန်ဆောင်နေကြရင် စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဗျာ။ အပြင်က လူမှုရေး ပြသနာကြောင့် ဘလော့ရေးတာကိုလည်း မရပ်စေချင်လို့ အားပေးခဲ့ပါသေးတယ်။ မလေးမ Tag game အစဖော်ပေးလိုက်တာကလည်း ပျော်စရာ ရည်ရွယ်ချက်နဲ့ ဖြစ်မယ်ဆိုတာ မလွဲပါဘူး။ စိတ်မပါရင်တောင် ရှောင်ထွက်ပြီး မသိချင်ယောင် ဆောင်နေရင် ဘယ်သူမှ အပြစ်ပြောမှာ မဟုတ်ပါဘူးဗျာ။ စိတ်မကောင်းဖြစ်စေမှာမျိုးတော့ မရေးသားစေချင်ဘူး။ မလေးမရေ ကျနော်ကတော့ ကျနော့်ကို Tag သမျှကို မသိမတတ်သေးတဲ့ အကြောင်းအရာ ဆိုရင်တောင် ဦးနှောက်ကို အရည်ညှစ်ပြီး ရေးပေးနေအုံးမယ်ဗျာ။ မတွေးဖြစ်တာတွေ မသိသေးတာတွေကို လေ့လာချင်စိတ် ပေါက်အောင် လုပ်ပေးတယ်လို့ပဲ ခံယူပါတယ်။ ကိုစိုးထက်လဲ ရေးစရာတွေများလို့ လက်လွှတ်လိုက်တာလို့ ထင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် ပြန်ရေးပါဗျာ။ အကျိုးပြုဘလော့မဟုတ်ပေမယ့် သာမာန်ဘလော့လေးတွေမှာလည်း ပျော်ရွှင်စရာကောင်းတဲ့ ကိုကြီးစိုးတို့ မိသားစုလေးအကြောင်းကို ဖတ်ရတာ စိတ္တသုခပြည့်ဝစေပါတယ်။ တခြား သူငယ်ချင်းတွေလည်း ကိုယ်ပိုင် အလုပ်ကိစ္စကြောင့် အဆင်မပြေတာတွေကြောင့် ဘလော့ရေးခြင်းမှ နားဖို့ စဉ်းစားနေကြရင် အားပေးလိုက်ပါတယ်ဗျာ။ ရှိခွင့်သာနေသေးသရွှေ ရှိနေနိုင်သေးသရွေ့ ရှိနေကြပါဦးလို့ တိုက်တွန်းပါရစေ။ ကျနော်လဲ ရှိနေနိုင်သေးသရွေ့ ရှိနေမှာပါ။

ကျနော်နိုးလာတုန်းကတော့ ပြည်ထောင်စုနေ့ ကလေးများနေ့နဲ့ ချစ်သူများနေ့အကြောင်းတွေ ရေးချင်စိတ်နဲ့ပါ။ ခုတော့ စိတ်မကောင်းဖြစ်မိတာတွေ ချရေးမိသွားတယ်။ ရေးမိတဲ့အထဲမှာ အမှားပါရင် ခွင့်လွှတ်ကြပါဗျာ...

5 Comments:

စိုးထက် - Soe Htet ! said...

ကျွန်တော်လည်း ရေးရတာ ပြဿနာမရှိပါဘူး

ဒီလိုပါပဲ တစ်ခြား အကြောင်းတွေရော ... အမျိုးသမီးက တော့ ရေးခိုင်းပါတယ် :D

Anonymous said...

ဖတ်လိုက်ရတော့.စိတ်မကောင်း စရာပါပဲ..
ဒါပေမယ့် နွေ ယုံကြည်ပါတယ်..
ဘလော့ကို ကြာကြာ ပစ်နိုင်ကြ မယ် မထင်ပါဘူး.
နွေလို ဘလော့ မရေးတဲ့ သူတောင်..
မအားလို့ မ၀င်နိုင်ရင် .ဘယ်သူတွေ ဘာပို့စ်တွေ .တင်ပြီးပြီလဲ ဆိုပြီး...
သတိရ မိနေ သေးတာ..
ဝင်တာ နဲ့ သူငယ်ချင်းတွေ ဘလော့ ကို လိုက်အားပေး ရတာ..မမော နိုင် မပန်း နိုင် အောင်ပါပဲ..
အားလုံး အဆင်ပြေပါစေ..ကိုစိုးထက်ကြီးလဲ..ပြန်လာခဲ့နော်...နွေတို့ ဆီကို လဲ.လာအားပေးတတ်တဲ့ ကို စိုးထက်..အဆင်ပြေ ပါစေလို့...

Anonymous said...

Thank you for this post. :)

Anonymous said...

စာတစ်ကြောင်းချင်းစီအတွက် ကျေးဇူးတင်ပါတယ်..။
ကျန်စစ်ရေ ..@#$@##$%%&&(*)_+_????

Anonymous said...

ကျွန်တော်လည်းကိုကျန့် လို ပဲခံစားရပါတယ်ဗျာ