Rec Comment OF M!иикy@иs^s Blog

ဘဝလက်တွဲဖော်အား...

လကုန်ခါနီးကတည်းက ပိုက်ပိုက်လည်းကုန်လို့ ကိုးနတ်ရှင်ကို မဆက်သနိုင်တာနဲ့ ကိုးနတ်ရှင်က မင်းကျန်စစ်ကို အဆက်ဖြတ်လေရဲ့။ အသစ်လည်း မရေးနိုင် လည်လဲ မလည်နိုင်ဖြစ်သွားရတယ်။ လခထုတ်တော့လည်း တခြားကျောင်းက သူငယ်ချင်း တစ်ယောက် ကွန်ပျူတာ ပြသနာဖြစ်လို့ သွားကြည့်တာကနေ ၁၀ ရက်ဆက်တိုက် နေဖြစ်သွားလို့ တော်တော်ကို အဆက်ပြတ်သွားတာ။ လာလည်ပြီး အသစ်မဖတ်ပဲ ပြန်သွားရတဲ့ သူငယ်ချင်းတွေကို အားနာမိတယ်။ ခုတော့ မလေးမ တက်တာနဲ့ပဲ အပျင်းထူပြီး နှပ်နေလို့ မရတော့ဘူးဖြစ်သွားတယ်။ ကဲ… ရေးပြီ မလေးမရေ…

ခေါင်းစဉ်လေးက ဘဝလက်တွဲဖော်တဲ့။ တကယ်ကိုပဲ ဘဝလက်တွဲဖော်ဆိုတာ လူတိုင်းမှာ တွေးဖူး ခံစားခဲ့ဖူးကြတဲ့ ခံစားချက်လေး တစ်ခုပါ။ ဘဝလက်တွဲဖော်ဆိုတာကို ငယ်ငယ်က စဉ်းစားခဲ့စဉ်ကပေါ့။ စဉ်းစားတိုင်း ပျော်သလို ကြည်နူးမိသလို ခံစားမိခဲ့စမြဲပဲ။ အရင်ဆုံး ရှာဖွေမိခဲ့တာက “အချစ်” ။ တကယ်မချစ်တဲ့ သူကိုတော့ လက်တွဲဖော်အဖြစ် ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလေ။ အချစ်ဆိုတာကို ရှာဖွေမိတဲ့ အချိန်မှာ စစ်မှန်တဲ့ ရင်တွင်းက နှစ်ဦးသား ခိုင်ခိုင်မြဲမြဲ လက်တွဲနိုင်လောက်မယ့် အချစ်ကို ရှာရခက်ခဲ့ပါတယ်။

ဒါပေမယ့် ငယ်ငယ်က မျက်မှန်မတတ်ရသေးတော့ ဘောင်ခတ်မကြည့်တတ်သေးဘူးပေါ့။ ဖြူဖြူမြင်ရာ အကုန်ချစ်မိနေတာပဲ :P ချစ်သူထားရတဲ့ အရသာဆိုတာကိုပဲ ရှာဖွေမိတာကိုး။ အမှတ်တရ ရှိခဲ့ဖူးတာလေး ပြောပြအုံးမယ်။ ငယ်ငယ်ကပေါ့ ကောင်မလေး တစ်ယေက်ကို အရင်ဆုံး ရည်းစားစကား လိုက်ပြောတုန်းက ကတုန်ကရင်ဖြစ်ပြီး စက်ဘီးမှောက်လဲပြီး အရှက်ကွဲခဲ့ဖူးတယ်။ အဲဒီလောက်အထိ အချစ်ဆိုတာကို ကြိုးကြိုးစားစား ရှာဖွေခဲ့တဲ့ မင်းကျန်စစ်ပါ။ ဟိုမင်းကျန်စစ်က စော်ကြည်သလောက် မင်းကျန်စစ်ကတော့ ခေလိုက်ပါဘိ အချစ်ကံ :D

ဒါပေမယ့် အသက်နည်းနည်းကြီးတော့ မျက်မှန်လေးလဲ မတတ်မဖြစ်တတ်လာရတော့ ဘောင်လေးခတ်ပြီး ကြည့်တတ်လာတယ်။ ရုပ်လေး ချောရုံနဲ့ မချစ်မိတော့ဘူး။ ဘဝလက်တွဲဖော်တစ်ယောက်ကို ရုပ်ရည်လေးတင်ပဲ ကြည့်ပြီး မဆုံးဖြတ်ဖြစ်တော့ပါဘူးလို့ ပြောချင်တာပါ။ စိတ်သဘောထားလေးကို ဂရုတစိုက်လေး ကြည့်တတ်လာတယ်။ စိတ်ထားလေး သိမ်မွေ့နူးညံ့မယ် လူမှုဆက်ဆံရေးလေး ကောင်းမယ်စတာလေးတွေ ကြည့်တတ်လာတယ်။ ကိုယ့်အပေါ်ချစ်ပေမယ့် တရွာလုံးနဲ့ တစ်ယောက်ဖြစ်အောင် ဆက်ဆံတတ်တဲ့ သူကိုတော့ ဘဝလက်တွဲဖော်အဖြစ် လက်တွဲဖို့တော့ တော်တော်စဉ်းစားရမှာပဲ။ ဒီမင်းကျန်စစ်က တရွာလုံးကိုတော့ ခံချမပေးနိုင်ပေါင်။

ချစ်ခဲ့တာထက် သစ္စာရှိစွာနဲ့ တစ်သက်လုံး ခိုင်ခိုင်မြဲမြဲချစ်တတ်မယ့် သူမျိုးလေး ဖြစ်စေချင်တယ်။ သူချစ် ကိုယ်ချစ်ဆိုတာထက် နှစ်ဦးနှစ်ဖက်လုံး အပြစ်မမြင်တမ်း ချစ်ရမယ့် သူမျိုးလေး ဖြစ်စေချင်တယ်။ တစ်ဦးရဲ့ ဝါသနာကို လိုက်မလုပ်နိုင်ရင်တောင် မပိတ်ပင်တတ်တဲ့ သူမျိုးလေး ဖြစ်စေချင်တယ်။ မိဘတွေ အပေါ်လဲ မိဘအရင်းတွေနဲ့မခြား ဆက်ဆံပေးတတ်သူ ဖြစ်စေချင်တယ်။ ဒါတွေ အားလုံးကတော့ တကယ်သာ စိတ်မှာ နှစ်နှစ်ကာကာ ချစ်နေမယ်ဆိုရင် ကျော်လွားနိုင်မယ့် အရာတွေမဟုတ်လား။

နောက်တစ်ချက်ကတော့ မိန်းမ မဆန်လွန်းတဲ့ မိန်းမဖြစ်ရမယ်။ မိန်းကလေးသဘောအရ သဝန်ကြောင်တာမျိုးတော့ မုန်းမိတယ်။ ကိုယ့်ချစ်တဲ့ ကိုယ့်ခင်ပွန်းအပေါ် သဝန်တိုစိတ်လေးနဲ့ စိုးရိမ်တတ်တာကို လက်ခံပါတယ်။ သဝန်တိုတယ်ဆိုတာလေးကတော့ ပျော်စရာလေးပါ။ သဝန်တိုတတ်တဲ့ သူကို စတယ် နောက်တယ် ကောင်မလေးကလည်း စိတ်ကောက်တယ် ချော့တယ်။ ဒါတွေက အိမ်ထောင်ကျပြီးတဲ့ ဘဝလက်တွဲဖော်တွေမှာတောင် ရိုးအီ ပျင်းငွေ့မသွားနိုင်တဲ့ ပျော်စရာ ဆိုးနွဲ့တတ်တဲ့ အလေ့အထလေးပါ။ သဝန်ကြောင်တယ် ဆိုတာကတော့ ဆိုးတယ်။ စိုးရိမ်စိတ်ကြီးတစ်ခုအနေနဲ့ နေရာတကာ ပိတ်ပင်နေမယ်။ တဖက်လူကို စိတ်ကျဉ်းကျပ်စေလာမယ်။ အထင်လွဲမှုတွေ ဖြစ်လာနိုင်တယ်။ ဒါတွေကြောင့် သဝန်တိုတယ်ဆိုတာထက်ပိုတဲ့ သဝန်ကြောင်တတ်တဲ့ သူမျိုးမဖြစ်စေချင်ဘူး။ နောက် မိန်းမဆန်လွန်းစွာ နေရာတကာမှာ တွက်ချက်နေတတ်တဲ့ အတ္တသူမျိုးလဲ မဖြစ်စေချင်ဘူး။ ယူပြီးမှ သိရရင်တော့ အရင်မင်းကျန်စစ်လို လာထား နောက်တစ်ယောက်ပဲ :D

လောင်းကစားလုပ်တတ်သူလဲ မဖြစ်စေချင်ဘူး။ ကျွန်တော်ကိုယ်တိုင် ဘာလောင်းကစားမှ မလုပ်သလို ကျွန်တော့် လက်တွဲဖော်ဖြစ်မယ့်သူကလည်း မလုပ်တဲ့သူ ဖြစ်စေချင်တယ်။ မသေချာတဲ့ အလုပ်တစ်ခုကို ကြုံရင် လုပ်တတ်တာဆိုလို့ အစိုးရထီထိုးတာပဲ ကျွန်တော်လုပ်ဖူးတယ်။ အလုပ်အကိုင်လေး တစ်ခုတော့ လူမြင်တင့်တယ်အောင် ရှိစေချင်တယ်။ ခိုင်းစားဖို့ မဟုတ်ပေမယ့် အိမ်ထောင်မှုကိစ္စမှာတင် နစ်မျောမနေပဲ မောင်တစ်ထမ်း မယ်တစ်ရွက်စိတ်လေးနဲ့ တက်ကြွနေအောင်ပေါ့။ စီးပွားပြိုင်ဖို့တော့ မဟုတ်ပါဘူး။ အသက်အရွယ်ကိုထောက်ပြပြီး အနိုင်ယူတတ်သူမျိုးမဖြစ်စေချင်ပါဘူး။ နှစ်ဦးသား စိတ်တူကိုယ်တူ ထူထောင်ကြတဲ့ ဘဝလက်တွဲဖော်တွေမှာ ဒါမျိုးတွေ ရှိမနေစေချင်ပါဘူး။ စီးတဲ့ရေ ဆည်တဲ့တလဟောတို့ ၊ ဘာတဆင်စာ ညာတဆင်စာ ဝယ်ချင်ရင်တဲ့သူဆိုရင်တော့ သားသားလို ပိုက်ပိုက် မလောက်ငှတဲ့ သူနဲ့တော့ မဖြစ်နိုင်ကြောင်းဗျာ။ ခုတော့ စိတ်ကူးထဲက မှန်းထားတာလေးနဲ့ အားလုံးနီးပါး တူညီတဲ့ သူလေးတစ်ယောက်တော့ တွေ့ထားတယ်ဗျ။ သူငယ်ချင်း အားလုံး စိတ်တူကိုယ်တူလေးနဲ့ ဘဝခရီးကို လက်တွဲပြီး ခေါ်သွားနိုင်မယ့် သူလေးတွေနဲ့ တွေ့ကြုံပါစေဗျာ...

ကဲ.. မလေးမရေ စိတ်ထဲရှိသမျှတော့ အားလုံး ရေးချပြီးပြီ။ ကျေနပ်ပါရဲ့လားဗျာ။
ကျနော် အလုပ်တွေ ရှုပ်ပြီး မရေးဖြစ်တုန်းက လာလည်မြဲ လာလည်နေတဲ့ သူငယ်ချင်း အားလုံးကိုလဲ ကျေးဇူးဗျာ။ ရေးဖြစ်အောင် တိုက်တွန်းအားပေးတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူး။
အသစ်မရေးရင် ညကြရင် ကြောင်ကြီးကိုက်မယ်ဆိုတဲ့ ညီလေး ကြောင်မျိုး
ကဗျာတစ်ပုဒ်နဲ့ အားပေးခဲ့တဲ့ VACANCIES နေရာလွတ်များမှ ကိုတည်ညိမ်းကို
ဘာတွေ ဒီလောက်တောင် ရှုပ်နေလဲလို့ သံသယဝင်နေတဲ့ အိမ်လေး
သားပျောက်လို့ စိတ်ပူနေရရှာတဲ့ အမေစိန်
ခင်ပြီးကာစမှာပဲ အသစ်မဖတ်ရလို့ ပူစာနေတဲ့ ကောင်မလေး
လိပ်တစ်ကောင်ရေထဲရောက်သွားပြီလားလို့ မေးကြတဲ့ သူငယ်ချင်း တင့်ထူးရွှေ မျှားပြာ ဖြိုးငယ် ညိမ်းညို
ငြိမ်လှချည်လားဆိုပြီး ဟိုဘက်ရော ဒီဘက်ရော လာလည်ပြီး လျှာလေး ထုတ်ပြသွားတဲ့ ကိုကြီးစိုးထက်
မွေးနေ့ပွဲလုပ်ပြီးတာနဲ့ ပျောက်သွားကြောင်းပြောခဲ့တဲ့ မဏီ
ဒီအထဲမှာ မပါတဲ့ သူငယ်ချင်းအားလုံးကိုလဲ ကျွန်တော် အရင်လို ပုံမှန် ပြန်ရေးတော့မယ်လို့ တခါတည်း ပြောလိုက်ပါတယ်ဗျာ။

အချစ်ကို မယုံမရဲ ဖြစ်နေရတဲ့ အမေစိန် (ပန်းခရေ)ရဲ့ ရင်ထဲက ဘဝလက်တွဲဖော်လေး ကလည်း ဘယ်လိုများ ရှိလေမလဲ သိချင်စမ်းပါဘိ။ ရေးပေးနော့။

10 Comments:

Anonymous said...

ပိုက်၂ မလောက်ငတဲ့ မင်းကျန်စစ်ရေ..
တစ်ရွာလုံးကို ခံမချပေးနိုင်ဘူးဆိုတာ လေး အတော် သဘောကျတယ်ကွယ်...။
လေးမ tag တာကို ရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..။
ဒါနဲ့ ပြောရဦးမယ်...။ လေးမလေ.. ဒီနေ့ မျက်စိလည် လမ်းမှားပြီး..ဟို..နား..က..ဟို...ဟဲ..ဟဲ...သဘောပေါက်တယ်နော်...သဘောပေါက်မှာပါ...။ ဟား...ဟား... ကာလသားလေးများဆိုတဲ့ ခေါင်းစဉ်အောက်..မှားထည့်မိပြီမှတ်တာ... ဟား..ဟား... ။

ပန်းခရေ said...

သားလေးကသိပ်မလည်ဘူးပဲကွယ့်...
လာထားမင်းကျန်စစ်တို့ကထုံးစံအတိုင်း
နောက်တစ်ယောက်ဆိုတာတော့
လွန်တယ်နော်
ငါ့သားကိုအမေအဲလိုပဲဆုံးမသလား
ဟင်...ယူပြီးမှနောက်တစ်ယောက်တော့
မလုပ်နဲ့အစတည်းကမယူခင်ကတည်းက စဉ်းစားပါ
သိလား...အစတည်းကအဆင်ပြေမယ့်လက်တွဲဖော်ကို
ရှာပါ..ပြန်ပြင်တိုင်းမကောင်းဘူးသိလား...
စေတနာနဲ့ပြောတာပါ...
ငါပြောပြချင်တယ်..မပြောတတ်လို့

Anonymous said...

ဖတ်ပြီးတော့..စဉ်းစားမိတယ်..နွေ ချစ်သူက သူဘ၀လက်တွဲဖော် ကို..အဲလိုလေးဖြစ်စေချင်တယ်လို့ ပြောလာရင်ပေါ့...
ကိုချစ်သူ စိတ်တိုင်းကျလေး ကိုလိုက်နေ ပေးချင်နေမိတယ်.မင်းကျန်စစ် ရေးထားသလို ပါပဲ.အိမ်ထောင် တစ်ခုမှာ..တူညီမှုတွေ နားလည်မှုတွေ ရှိရမယ် ဒါမှ..သာယာတဲ့ အိမ်ထောင် တစ်ခု ဖြစ်လာမှာပေါ့...နွေကတော့..ကိုချစ်သူ အနားမှာ ထာဝရ..အားပေးဖော်လေး ဖြစ်ချင်တယ်...နည်းနည်းလေး ပူညံတာ ရှိတတ်ပေ မယ့် စိတ်ထဲမှာ တော့ အတေးအမှတ် ဆိုတာ မထားဘူး..မှားနေတာ တွေကိုလဲ..ပြင်သင့်ရင် ပြင်ရမှာပေါ့. နွေ ကတော့..ချစ်သူ အလို ကျဖြစ်ပြီး ပြုံးပျော်ရွှင်နေ ရင်..ကြည်နူးနေတာ ပါပဲ..
မင်းကျန်စစ်ရေ...သဘော မနောကောင်းတဲ့ ချစ်သူလေးနဲ့ ထာဝရရိုးမြေကျပေါင်းနိုင်ပါစေနော်.. :P

တင့်ထူးရွှေ said...

လာထားတစ်ယောက်ဆိုပဲ
ကိုမင်းကျန်စစ် ရဲ့ မဟေသီ လေးရေ သတိတော့ထားဗျ :p

Anonymous said...

အချစ်ကို အရူးမူးရှာတဲ့ အစ်ကိုကြီး စက်ဘီးပဲ လဲလို့ တော်သေးတာပေါ့ နိုးမဟုတ် ဒွတ်ခ...
အစ်ကိုရေးထားတဲ့ လက်တွဲဖော်လေးက ပြီးပြည့်စုံနေပြီထင်တယ် သာယာတဲ့မိသာစုလေးကိုဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ....
ကြောင်ကြီးမကိုက်တော့ဘူးနော့် စာတွေရေးတော့မယ်ဆိုလို့ ...
ပျော်ရွှင်တဲ့ လက်တွဲဖော်လေးနဲ့ ဆုံဆည်နိုင်ပါစေဗျာ...
ကြိုးစားထား အစ်ကိုရေ့ ကျန်ရစ်တော့ အဖြစ်မခဲနဲ့း)

Anonymous said...

မင်းကျန်စစရေ...
နင်ကလဲ လာထားနောက်တယောက်တော့ အလုပ်နဲ့လေဟ...
အဆင်ပြေအောင် ပဲ ကျားစိုးပေါ့ဟာ ...အဟဲ ဆ၇ာ လုပ်ကြည့်တာ...စိတ်ဆိုးကြေးနော်...:P

Anonymous said...

မရလည်း နေပါစေကွာ။ မှီရာတော့ မဆွဲချင်ပါဘူး။ ကြိုးစားနေတဲ့သူအတွက် အောင်မြင်မှုဟာအနီးလေးမှာပါနော်။ ညီမလေးဆိုတော့လည်း ညီမလေးပေါ့ ဟုတ်တယ်ဟုတ် ကိုကြီးကျန်ရဲ့..
goldmyanmar.myanmarbloggers.org

မေပျို said...

လာထားနောက်တစ်ယောက် ဆိုပါလား။ ကြောက်စရာကြီး။

su wai said...

သြော်...သ၀န်တိုတာနဲ့ သ၀န်ကြောင်တာ မတူဘူးကိုး... အရင် ကျန်စစ်မင်းကတော့ မိဖုရားတွေ အများကြီးနော်...မင်းကျန်စစ်ကလဲ လာထား နောက်တစ်ယောက်ဆိုတော့ ကျန်စစ်မင်းစံချိန်ကို ချိုးမယ့်ပုံပဲ :P

မောင်ထုဆစ်သော "ပန်းလေး" said...

မင်းကြီးပြောထားတဲ့ အချက်တွေအားလုံးကြိုက်တယ်။ နောက်ထပ်ကျွန်မအတွက် အရေးကြီးဆုံးတွေက ပြတ်သားတဲ့ ယောကျာင်္ကောင်းတော့လိုချင်တယ်။ ဘ၀မှာ ဆုံးဖြတ်ချက်ကြီးငယ်တွေနဲ့ အမြဲရင်ဆိုင်နေရတဲ့ အခါ အိမ်ဦးနတ်က အမြဲတွေဝေနေမယ်ဆိုရင်တော့ မိသားစုအရေးမတွေးဝံလို့ပါ။ အခြေအနေတိုင်းမှာ ရှေ့ကမားမားရပ်ကာ ကာကွယ်ပေးမယ့်သူလဲဖြစ်ရမှာပေါ့။ အင်းပန်းလေးလဲ တစ်ယောက်တော့တွေ့ထားပါတယ်။ နောက်မှပြောပြတော့မယ် :P