Rec Comment OF M!иикy@иs^s Blog

အညာခြင်းဝိုင်း

ညနေရီ အလုပ်အားရင်လှ
ကြွခြေညီ တဖြုတ်ကယ် မနားနိုင်ဘု
အုပ်အများနဲ့ ပျော်ရအောင် …

ခါးမင်ကြောင် ပတ်လည်ဆေးကိုလှ
အများမြင်အောင် ရေးချယ်သပါလို့
ကျစ်သေးပါတဲ့ ခါးတောင်မြှောင်
တစောင်းသျှောင်နဲ့ ရင်အုပ်ထွား
ရိုးသားပါဘိ တို့ညာသားတို့ …

တဲ့ဖဝါး ခြေဖျားခတ်ပါလို့
ဒူးမဟာ စလွယ်ချိုးတွေနဲ့
ခေါင်းဖနောင့် တွဲစပ်ကာပ
ပေါင်းညီညာ တကယ်မရိုးနိုင်ဘု
ကစားကြ မြေဝိုင်းတွင် …

ခြင်းလှငယ် ဝေယံထက်က
မကျအောင် တို့ထိမ်းကာပ
ပြည်မြန်ဂုဏ် ရိုးရာကစားနည်းမှာ
ခြေမာန်ဟုန် အံ့အားသင့်ရအောင်
(ယောက်ဖတို့ရေ) နွဲစို့တအား ။ ။

နွေရာသီဆို ညနေဖက်မှာ ခြင်းခတ်တဲ့အခါ ဒီနိုင်ငံသားတို့ တအံ့တသြနဲ့ ငေးနေကြတဲ့ မြန်မာတို့ရဲ့ ခြင်းဝိုင်းကို သတိရမိလို့ အညာသားတို့ သွင်ပြင်ဓလေ့နဲ့ တွဲစပ်ပြီး ရေးမိတာပါ။ ကျနော်ကတော့

ထိုးကွင်းရယ် ဝေးပါလှ
ပေါင်လုံးငယ် ဖလံရိုးမှာ
အားစိုက်ကာ ခတ်လိုက်မယ်ပ
နည်းမလှ စနစ်မကျပေဘု
ဝိုင်းပြင်ကို ခတ်ကာထုတ်သမို့
(သူငယ်ချင်းတို့ရေ)
ပြေးကောက်စို့ တအား။ ။

14 Comments:

Anonymous said...

ကောင်မလေးကတော့ ခြင်းခတ်တာ တစ်ခါမှမကြည့်ဖူးဘူး.. ဒါပေမယ့် မျက်လုံးထဲမှာ ပြေးမြင်လို့ရအောင်ကို ရေးထားတယ်နော်.. တော်တော်ကောင်းတယ်.. :)

ကြယ်စင်နတ်သမီး said...

မောင်လေးရေ ဖတ်ရတာလဲ အရမ်းကောင်းတယ်... မြန်မာ့ရိုးရာအမွေအနှစ်ကိုလဲ တိုင်းတပါးသားတွေ သိအောင်ပြတဲ့ မောင်လေးတို့ကိုလဲ ချီကျူးပါတယ်... ကဗျာလေးကို ဖတ်ပြီးတော့ မြန်မာပြည်ကို အရမ်းသတိရတယ်... လွမ်းလဲလွမ်းတယ်... မြန်မာပြည်ကို ပြောတာနော်...

Anonymous said...

သီတင်းကျွတ်လောက်ကစပြီး ခြင်းအလှခတ်တာတွေကို နေ့တိုင်းနီးပါးကြည့်ခဲ့ရမယ် ... အဲဒီအချိန်ဆိုရင် ရပ်ကွက်ဘုရားပွဲတွေက ဆက်နေကြတာလေ ... ဘုရားပွဲတိုင်းလဲ ခြင်းဝိုင်းမပါရင်မပြီးကြဘူး ...
ငယ်ငယ်ကတည်းက ဒီကိုမရောက်ခင်အထိ ကြည့်ခဲ့ရဖူးတာပေါ့ ... ဘယ်တော့မှမရိုးဘူး ... သတိရမိပါတယ် ...

shwenyarthar said...

ငယ်ငယ်က ဘော်ဘော်တွေ နဲ့ ခြင်းခတ်ခဲ့တာလေးတွေကို သတိရမိပါတယ်ဗျာ.. အားလုံးအဆင်ပြေပါစေ.. :P

Anonymous said...

မင်းကျန်စစ် ရေ..ကဗျာလေး တွေ က ကောင်းလှပါလား..
့ခြင်းခတ် တာ ကိုသတိရ လိုက်သေးတာပေါ့..
ဘုရားပွဲတွေ ဆို မနွေ တို့ အိမ်ရှေ့ မှာ
ခြင်းဝိုင်း အမြဲ ကစား ကြတော့..
အိမ်ရှေ့မှာဆို လူတွေ အပြည့်ပဲ..
မင်းကျန်စစ် တို့လဲ...
ဘယ်လောက်တောင် .ခတ်ခဲ့မလဲနော်.. ဟိဟိ.
မြင်ယောင်မိသား :P

Anonymous said...

အောက်က ကဗျာကို ပိုခိုက်တယ်ဗျ..အစ်ကို့ ရဲ့ပုံကို ကွက်၂ကွင်း၂ မြင်ယောင်သွားတယ် ဟားဟားးး အဲ့လောက်တောင်းပဲလား ခြေသလုံးဖလန်ရိုးဆိုတော့ အစ်မကို ဘီလိုရှာကျွေးမတုန်းဗျ......
အစ်မရေ့ စဉ်းစားနော် စဉ်းစား...........(ဟီးးးးးးးးး ချွှန်တွန်း ချွှန်တွန်းး)

MELODYMAUNG said...

ကောင်းတယ်ကွာ
ဘုရားပွဲမှာ ခြင်းအလှခတ်တာတွေပါ သတိရလာပီ

lwansay said...

ကောင်းတယ်ဟေ့ သယ်ရင်းရေ။ နောက်ဆုံးအပိုဒ်က
ရီရတယ်ကွ။း)

ဒီဇင်ဘာနှင်း said...

အစ်ကို ခြင်းခတ်တဲ့ ပုံကို မြင်ယောင်မိတယ် :P ကဗျလေးကကောင်းတယ်နော်

Anonymous said...

ကိုကျန်ရေ.... မန္တလေးမှာက ဘုရားပွဲဆို ခြင်းဝိုင်းက မပါမဖြစ်ဗျ။ ကျွန်တော်ကလည်း ခြင်းအလှခတ် ကို
ိုလိုက်ငေးရတာ ၀ါသနာအတော်ပါသဗျို့။ ဒီလိုနဲ့ မန္တလေးမှာ ကျွန်တော်မရောက်ဖူးတဲ့ ဘုရားပွဲ မရှိဘူးဗျို့။
မဟာမြတ်မုနိဘုရားကြီးက ၀ါဆိုခြင်းပွဲဆို တနိုင်ငံလုံးက ခြင်းဝါသနာရှင်၊ ပညာရှင်တွေ ဆုံဆည်းရာ၊ ပညာဆည်းပူးရာ၊ ပညာပြရာနေရာလေးပေါ့ဗျာ။ ကျွန်တော်
ဆို အလုပ်ပျက်၊အစားပျက် မမောတမ်း အားပေးခဲ့တာဗျ။
အခုကျွန်တော်နေတဲ့ နိုင်ငံမှာလဲ မြန်မာပြည်သားတွေစုပြီး ခြင်းခတ်တာကို သဘောကျပြီး အဖြူ၊အမဲတွေပါ ၀င်ခတ်နေ
သမို့ အိမ်နားက parkမှာ ညနေဆို အလွန်ပွဲစည်နေသဗျို့။

Anonymous said...

အရင်က ရန်ကုန်ညနေခင်းတွေမှာ လည်း ခြင်းဝိုင်းတွေ ရှိခဲ့ဖူးတယ်...။ ခုမတွေ့တာ ကြာပြီ...။

ကျန်စစ် ခြင်းကောက်နေတဲ့ပုံကို မြင်ယောင်နေတယ်..ဟီး..ဟီး...။

ကလိုစေးထူး said...

ကိုမင်းကျန်စစ်ရေ…
ဘလော့ဂ်လောက ကဗျာတွေထဲမှာ ဖတ်ရခဲတဲ့ အဖွဲ့မျိုးပါပဲ။ အရမ်းကောင်းတယ်။ မျက်စိထဲမှာ အဲဒီခြင်းဝိုင်းကို ပုံပေါ်သွားစေလောက်အောင်ပဲ။ အထူးသဖြင့် နောက်ဆုံးပိုဒ်ထဲက ခြင်းခတ်သူရဲ့ သရုပ်က ပိုပေါ်လွင်တယ်ဗျို့။ :P

Anonymous said...

ခြင်းဝိုင်း ဆိုတာကတည်းက ကျွေးသဖခင်ကြီးကို အရမ်း အမှတ်ရတယ်ကွာ... ငယ်ငယ်ကတည်းက အတူတူသွားကြည့်နေကြကွ.. ကိုယ်တိုင်လည်း တော်တော် ခတ်တတ်တယ်.. ငါလည်းအမွေကောင်းလေး ရထားလားမသိဘူး.. မင်းကဗျာထဲက နောက်ဆုံးအပိုဒ်က ငါ့ကို တိုက်ရိုက်ထိနေတာ.. အဟီး.. နွေရာသီမှာ အတူတူခတ်ရအောင်ကွာ.. ငါတို့ဆီလာခဲ့ ဆြာမျှားလည်း ဖြစ်ပါတယ် ဒီလောက်တော့.. :D

Anonymous said...

ဆြာမျှားလား ငါတော့မထင် :P
ကျန်စစ်လိုပဲ လိုက်ကောက်နေရဦးမယ် :P