Rec Comment OF M!иикy@иs^s Blog

ပန်းသီကြိုး

သူ့ဆံကေသာ လိုက်ဖက်ရာဖို့
သဒ္ဒါလက်ဆောင် မောင်ပေးသည့်ပန်း
အလှဆန်းဆုံး ဖြစ်စေချင် …

သူ့ဆံမြိတ်လွှာ တင့်စေရာဖို့
မေတ္တာလက်ဆောင် မောင်ပေးသည့်ပန်း
အတင့်ဆန်းဆုံး ဖြစ်စေချင် …

သူ့တခေါင်းလုံး ရနံ့ဖုံးဖို့
သစ္စာလက်ဆောင် မောင်ပေးသည့်ပန်း
အကြိုင်လျှမ်းဆုံး ဖြစ်စေချင် …

ဆံကေမြလွှာ ပန်းဝေဖြာဖို့
ဘဝလက်ဆောင် နှောင်ကာချည်ပိုး
အချစ်ကြိုးနဲ့ ဖွဲ့သီချင် …

9 Comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျ ... လူရွှင်တော်တွေ အဓိပ္ပါယ် ဖွင့်တာ သွား သတိရ လိုက်မိသေး ... :)

Anonymous said...

အဓိပ္ပာယ်အရမ်းရှိတဲ့ကဗျာလေးပဲ။ ကောင်းတယ် ကိုမင်းကျန်စစ်ရေ။

Anonymous said...

အရမ်းကောင်တဲ့ ပတ်ပျိုးလေးပဲ ဆယ်တန်းတုန်းက ကဗျာလေးတွေက သံပြိုင်ရွတ်နေရသလိုပဲကောင်းတယ်ဗျ။ အချစ်ကြိုးတွေနဲ့  ချည်နှောင်ပစ်လိုက် လွှတ်မပေးနဲ့ ဗျး).............။

Anonymous said...

ဝိုးးးဂွတ် ဂွတ် ပဲ ပန်းသီကြိုးလေးက တော့...:)
ဆံကေသာ ပေါ်မှာ အလှဆန်းဆုံးပန်းလေးရယ်...
ဆံမြိတ်လွှာပေါ်မှာ အတင့်ဆန်းဆုံး ဖြစ်ဖို့ရယ်...
တခေါင်းလုံး မှာ အကြိုင်လျှမ်းဆုံး ဖြစ်ဖို့ရယ်...
အချစ်ကြိုးနဲ့ ဖွဲ့သီချင် တယ်ပေါ့နော်မင်းကျန်စစရေ
ပြန်လဲအလွှတ်နဲ့နော် ခိုင်ခိုင် မြဲမြဲချည်ထားနိုင်ပါစေဝေးးး...ကောင်း၏ ကောင်း၏

စိုးထက် - Soe Htet ! said...

နောက်တာပါ ဂျီမေးမှာပြောမယ် :D

Anonymous said...

မောင်ပေးသော ပန်းလေးတွေ နဲ့
ချစ်သူ အလှ တင့်တယ်ပြီး
မောင် ချည်နှောင် သော ချစ်ကြိုးလေးနဲ့
ချစ်သူ ဘ၀ တစ်ခုလုံး ခိုင်မြဲ စွာ ချည်နှောင်ကာ
ပျော်ရွှင်မှုတွေ ပြည့်စုံ နိုင်ပါစေလို့....
ကဗျာလေး ကောင်းတယ် မင်းကျန်စစ်ရေ..

Layma said...

သာဓု..သာဓု…အဲလို ဖြစ်စေချင်တယ်ဆိုတော့ ကျန်စစ်ရဲ့ ကောင်မလေးကိုယ်စား…၀မ်းသာပေးတာ…။

ဒီဇင်ဘာနှင်း said...

ကဗျာလေးကကောင်းတယ် အချစ်ကြိုးလေးနဲ့မြဲအောင်ချည်နော်

Anonymous said...

အချစ်ကြိုးနဲ့ချည်ပြီး ပြန်မလွှတ်လိုက်နဲ့နော်။ လွတ်သွားရင် ခံစားရမှာက ကိုယ်ပဲကို.. ပဲာပဲာ..။ ကဗျာလေး ကောင်းတယ်ဗျာ။ မရောက်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဆော့တီးနော်.။ ကဗျာတွေ ထပ်ရေးပါဦးဗျ။