Rec Comment OF M!иикy@иs^s Blog

မွန်းကြပ်မှုရဲ့ ဆင်ခြေ

ကဗျာမဆန် ဘာမဆန်နဲ့
ဒဏ်ရာကို ပန်းလို ပွင့်ကြည့်လိုက်ချင်တယ် …

ဘဝမြေပြင်ကို မထွန်ယက်ပဲ
နှလုံးသားမြေသြဇာကိုပဲ အားကိုးပြီး
စိုက်ပျိုးဖို့ဆိုတာတော့ ခက်တယ် …

အနုပညာမမြောက် ဘာမမြောက်ပေမယ့်
ကိုယ့်မွန်းကြပ်မှုကိုယ် ထွက်ပေါက်ပေးချင်တယ် …

သံယောဇဉ်ကန်သင်းတွေ ကြားမှာမို့
ရေမွန်းနေတဲ့ ငါ့ပျိုးပင်လေးရှင်သန်ဖို့အတွက်
ထွက်ပေါက်လေးပေးဖို့ ခက်တယ် …

လူကြီးလည်းမကျ လူငယ်လည်း မကမို့
ဆန္ဒအတွက် တောင့်တမှုတွေများနေတယ် …

မုန်တိုင်းလိုလဲ အားမပြင်း
လေပြေလိုလည်း နူးညံ့ခြင်းမရှိတော့တဲ့
လေးတွဲ့မှုတွေနဲ့အတူ လောကထဲကို တိုးဝင်ဖို့ ခက်တယ် …

ဆင်ခြေမဟုတ် ဘာမဟုတ်နဲ့
မတော်ရာပေမယ့် ပျော်ရာမို့ နစ်မျောမိတယ် …

ငါရောက်နေတဲ့ ပျော်ရာအရပ်လေးရဲ့
သစ်ပင်တစ်ပင်မှာ စူးချွန်လေးနဲ့ခြစ်ပြီး
အမှတ်တရ စာလုံးပေါင်းမှားလေး ရေးမိတာကို
အပြစ်ပြောဖို့ ခက်တယ် …

8 Comments:

နွေမုန်တိုင်း said...

မုန်တိုင်းလိုလဲ အားမပြင်း
လေပြေလိုလည်း နူးညံ့ခြင်းမရှိတော့တဲ့
လေးတွဲ့မှုတွေနဲ့အတူ လောကထဲကို တိုးဝင်ဖို့ ခက်တယ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲဒါ နွေမုန်တိုင်းကိုပြောတာလား အစ်ကို :D
စကားလုံးလေးကြိုက်တယ်ဗျာ။

ပန်းခရေ said...

ဆင်ခြေမဟုတ် ဘာမဟုတ်နဲ့
မတော်ရာပေမယ့် ပျော်ရာမို့ နစ်မျောမိတယ် …

ငါရောက်နေတဲ့ ပျော်ရာအရပ်လေးရဲ့
သစ်ပင်တစ်ပင်မှာ စူးချွန်လေးနဲ့ခြစ်ပြီး
အမှတ်တရ စာလုံးပေါင်းမှားလေး ရေးမိတာကို
အပြစ်ပြောဖို့ ခက်တယ် …
===========
အပြစ်ပြောဖို့ခက်ပေမယ့်
စားလုံးပေါင်းဆိုတာ
မမှားသင့်တဲ့အချိန်အခါဆိုတာရှိတယ်.....
မမှားအပ်တာရှိတယ်
ပြန်ပြင်လို့ရတယ်ဆိုပေမယ့်
အရာလေးတော့ကျန်ခဲ့တာပေါ့ကွာ
အရာလည်းမကျန်ပါစေနဲ့
ဘာမှမမှားတာကောင်းဆုံးပဲ
မှားမှန်းသိရင်တော့ပြန်ပြင်ပေါ့ကွာ...
ဆင်ခြေဆိုတာ မရှိလေကောင်းလေပဲ
မျှော်လင့်ပါတယ်
သူငယ်ချင်းရယ်
နင်အမှားဆိုတာကို
ပြန်ပြင်နိုင်မှာပါ...

Anonymous said...

တစ်မျိုးလေးနဲ့ ကောင်းတယ်ဗျ ။ ။

Layma said...

တေယ်၂ကြိုက်တယ်..။ တချို့စာသားတွေ ... .။

Unknown said...

~~အနုပညာမမြောက် ဘာမမြောက်ပေမယ့်
ကိုယ့်မွန်းကြပ်မှုကိုယ် ထွက်ပေါက်ပေးချင်တယ် … ~~

Exactly dude!! Directly hit to my heart :)

Anonymous said...

မွန်းကြပ်မှုတွေ ကြားမှာ မတော်ရာပေ မယ့်
ပျော်ရာလုပ်မိတာ ကို အပြစ်မပြောရက် ဘူး..
မွန်းကြပ်မှုတွေ ပျောက်တဲ့အခါမှာတော့.
ပြန်ပြင်သင့်တယ်..
နားလည်မှုလွဲတုန်း..
ရေနစ်သူနေသူကို..
ဝါးကူမလိုနဲ့..
ရေနက်ထဲထိ တွန်းချခံရမှာတော့ ကြောက်မိတယ်..
မွန်းကြပ်မှုတွေ ကြားမှာ မဟုတ်တာ တော့ မလုပ်ဘူးဆိုတာ
ယုံကြည်နေတယ်..
အရာရာကို နားလည်မှု..ယုံကြည်မှု.တွေနဲ့အတူ
မေတ္တာ ၊သစ္စာ အရင်းခံလို့ ..အားလုံးကို
ရင်ဆိုင်ကျော်ဖြတ်ရမှာ ပေါ့နော်
အဆင်ပြေသွားမှာ ပါ..
ချစ်သူနှစ်ဦး ကြားမှာ အတား အဆီးတွေ ကင်းဝေးလို့
ပျော်နိုင်ကြပါစေ..
ကဗျာလေး ကို ဖတ်ပြီး ခံစားသွားတယ်

Anonymous said...

ဒဏ်ရာတွေ ကို ပန်းလို ပွင့်ကြည့်တော့ ငါ့ချာတယ်ရင်းလေး အကောင်းဘူးလေဝေ...း)
ဟုတ်တယ် ခက်တယ်ဟ စိုက်ပျိုးဖို့ဆိုတာကလေ...း)
ရောက်ရှိခဲ့တဲ့ ပျော်ရာအရပ်လေးရဲ့
သစ်ပင်တစ်ပင်မှာ စူးချွန်လေးနဲ့ခြစ်ပြီး
အမှတ်တရ စာလုံးပေါင်းမှားလေး ရေးမိတာကို
အပြစ်ပြောဖို့ ခက်တယ် ဆိုရင်လည်း ဆက်မပြောတာ အကောင်းဆုံးပေါ့ဟာ...း)
ငါလဲ မျှော်လင့်ပါတယ် အနာဂတ်နေ့ရက်တွေကို အဆင်ပြေစွာနဲ့ ဖြတ်သန်းနိုင်ပါစေသယ်ရင်းရေ...း)

Anonymous said...

ဒီကဗျာလေးက အရင်ရေးဟန်တွေနဲ့  သိပ်မတူပဲတစ်မျိုးခွဲထွက်နေတယ် ဖတ်ရတာ နုနုလေးနဲ့ ကောင်းတယ်ဗျ။ ကဗျာမရေးတာကြာပေမယ့် တယ်လက်သွက်ပါလားအစ်ကိုရ။ ဘာတွေဖစ်နေလဲ သိတယ်နော် အဆင်ပြေပါစေလို့ ပဲ ပြောခဲ့ပါရစေ ။