အရွယ်တွေ ဘယ်လိုပြောင်းပြောင်း
သင်္ကြန်အကြောင်းကို
သင်္ကြန်သီချင်းတွေ နိုးဆွတယ် ...
ခန္ဓာတွေဘယ်နေရာ ရောက်ရောက်
သင်္ကြန်အခါရောက်တိုင်း
သင်္ကြန်ရဲ့ရသတွေကို တောင့်တမိတယ် ...
ရွှေပြည်တော်လှမ်း ကမ္ဘာတခြမ်းရောက်ရောက်
သင်္ကြန်ကို ဖဲကြိုးဖြတ်ပေးမယ့်
ကိုဖိုးသကြားကြီးကို ကြိုလင့်တဲ့
အတာအိုးလေးကို လွမ်းတယ် ...
အစဉ်အလာတွေ ဘယ်လိုပြောင်းပြောင်း
ခေတ်ဟောင်းကရိုးရာအတိုင်း
ဖလားလေးတစ်ခွက်မှာ ရေအေးလေးနဲ့
မင်းပုခုံးနုနုလေးပေါ် ညင်ညင်သာသာလေး
လောင်းချလိုက်ချင်တယ် ...
-
3 Comments:
ကောင်းလိုက်တဲ့ ကဗျာနုလေးဗျာ ..
မျက်စိထဲ မြင်အောင်ရေးတတ်တယ် ..
စာပန်းချီဆိုတာ ဒါမျိုးပေါ့ ..။
ကဗျာလေး လည်း ကောင်းတယ်
"အစဉ်အလာတွေ ဘယ်လိုပြောင်းပြောင်း
ခတ်ဟောင်းကရိုးရာအတိုင်း
ဖလားလေးတစ်ခွက်မှာ ရေအေးလေးနဲ့
မင်းပုခုံးနုနုလေးပေါ် ညင်ညင်သာသာလေး
လောင်းချလိုက်ချင်တယ် ..."
ကဗျာဖတ်ပြီးတော့..
ချစ်သူကို ရေလောင်းချင်စိတ်ပေါက်တယ်..ဟဲဟဲ.
လေးမကတော့ .. blogger သူငယ်ချင်းတွေကို အိုးမည်းသုတ်ချင်စိတ်ပေါက်တယ်...။
Post a Comment