Rec Comment OF M!иикy@иs^s Blog

Screen ကို Lock ချဖို့

ဒီရက်တွေမှာ တကယ်ကို စာနဲ့ လုံးချာလိုက်နေလို့ အသစ်ရေးတာ ကြာသွားတယ်ဗျာ။ ခြင်းခတ်လိုက် ပန်းသီလိုက်နဲ့မို့လဲ ပင်ပန်းသွားတာ :D ။ ဆောင်းပါးတစ်ခုရေးဖို့ အတွက်လည်း လေ့လာနေခဲ့ရလို့ပါ။ ပို့စ်အသစ် မတင်ရရင်လဲ စိတ်မှာမနေတတ်လို့ ဆော့ဖ်ဝဲလေး တစ်ခု လက်တို့လိုက်အုံးမယ်ဗျ။ ဒါလေးကတော့ မိမိကွန်ပျူတာရဲ့ screen ကို Lock ချတဲ့ ဆော့ဖ်ဝဲလေးပါ။ Lock ချထားတုန်းမှာ Matrix ထဲကလို စာလုံးလေးတွေ ကျနေပါတယ်။ အရင်က ကိုယ့်ကွန်ပျူတာနားမှာ ရှိမနေနိုင်တုန်း တခြားသူ မသုံးစေချင်ရင် Window + L နဲ့ window lock ချခဲ့ပါတယ်။ ဒါပေမယ့် လုပ်လက်စတွေ ပျက်သွားပါတယ် ( ဥပမာ- ဖွင့်ထားတဲ့ သီချင်းတွေ ပိတ်သွားပါတယ် ) ။ နောက်တမျိုးက screensaver ထားပြီးရင် password တောင်းအောင် လုပ်ထားပါတယ်။ ဒီမှာတော့ လုပ်လက်စတွေ ပိတ်မသွားပေမယ့် screensaver တက်သွားသည်ထိ စောင့်နေရပါသေးတယ်။ ခုဆော့ဖ်ဝဲနဲ့ကတော့ သွားစရာ ရှိတာနဲ့ ချက်ချင်း Lock ချခဲ့နိုင်ပြီး လုပ်လက်စတွေ ပိတ်မသွားစေပါဘူး။ screen တစ်ခုလုံးကို Password နဲ့ Lock ချခဲ့မှတော့ ဘာမှကို မလုပ်နိုင်တော့ဘူး ရှင်းရော :D ဆော့ဖ်ဝဲအသုံးပြုပုံကလည်း လွယ်ပါတယ်။ ဒီမှာ Download လုပ်နိုင်ပါတယ်။ 614KB ပဲရှိပါတယ်။ ပြီးရင် Run လိုက်ပါ။ Taskbar မှာ X ပုံလေးပေါ်လာပါလိမ့်မယ်။ R-click နဲ့ password ထားလိုက်ပါ။ ဒါဆို ပြီးပါပြီ။ Lock ချချင်တာနဲ့ Xလေးကို clickလိုက်ရင်ရပါပြီ။ အားလုံး ဖုံးဖုံးဖိဖိလေးနေနိုင်ပါစေဗျာ ဟတ်ဟတ်

7 Comments:

ThinkingHoney said...

ကျေးဇူးပဲ
:)

Anonymous said...

ဖုံးဖုံးဖိဖိ လုပ်ဖို့ အချိန်ပြည့်ကြံစည် အားထုတ်နေပုံရတယ်..။ :P ဘာပဲဖြစ်ဖြစ်...အလကားရတုန်းတော့ယူထားလိုက်ဦးမယ်..။ ဒါနဲ့ ဟိုတစ်ခါ desktop ၄ ခုပေါ်တဲ့ဟာကလေ.. trial version expire တဲ့..ဟင့်

layma

အညာသား said...

ညီတော် မင်းကျန်စစ် ရေ..
မြန်မြန်လာပါတော့ဟ
ဒီမှာ ဘာတွေဖြစ်နေမှန်းကို မသိဘူး။ :(

အောင်သူ said...

ကိုမင်းကျန်စစ် မင်္ဂလာပါ။ screenကို lock ချတာလေး downloadဆွဲသွားတယ်ဗျ။ ကျေးဇူးအများကြီးတင်ပါတယ်။

HeAvEn said...
This comment has been removed by the author.
Unknown said...

Unknown said...

အင်ကောင်းပါတယ်