ဒီနှစ်သင်္ကြန်ကတော့ အမှတ်တရတွေ အများကြီးဖြစ်ရတယ်ဗျာ။ ကျနော်ရေးထားတဲ့ ဝတ္ထုကို ဘလော့မှာ တင်တော့ အပိုင်းလိုက်ဖြစ်နေလို့ ဖတ်ရတာ အားမလို အားမရဖြစ်နေမှာ ၊ ဇတ်လမ်းကို အဆက်ပြတ်သွားတဲ့ သူတွေ ရှိနေမှာစိုးလို့ ကိုသင်ကာ နဲ့ ကိုဟန်သစ်ငြိမ်တို့ကို ဝတ္ထုစာအုပ်လေး တစ်အုပ်အဖြစ် လုပ်ပေးဖို့ ပူဆာလိုက်ပါတယ်။ သင်္ကြန်အကြိုနေ့မှာပဲ ကိုသင်ကာရဲ့ အိုင်ဒီယာ ၊ ပန်းချီလက်ရာနဲ့ ကိုဟန်သစ်ငြိမ်ရဲ့ အတွင်းဒီဇိုင်း အပြင်အဆင်တို့ကြောင့် သင်္ကြန်အကြိုနေ့ ညနေမှာပဲ ဝတ္ထုတစ်အုပ် အသွင်အတိုင်း ပြီးသွားခဲ့ပါတယ်။ ပြီးပြီးချင်း တင်မလို့ကို ဘယ်လိုမှ မအားပဲ သူငယ်ချင်းတွေဆီ ရောက်သွားလို့ ချက်ချင်း မတင်ဖြစ်ခဲ့လိုက်ဘူးဗျာ။ တခါတည်း ဖတ်လို့ရအောင် ဒီလိုလေး တင်ပေးလိုက်ပါတယ်။
စာအုပ်ဖိုင်ကိုတော့ ဒီမှာယူနိုင်ပါတယ်ဗျာ။ စိတ်ရောကိုယ်ပါ အားထည့်ပြီး လုပ်ပေးခဲ့ကြတဲ့ ကိုသင်ကာနဲ့ ကိုဟန်သစ်ငြိမ်တို့ကိုလည်း ကျေးဇူးအများကြီး တင်ရကြောင်းပါဗျာ။ ဖွဲ့တည်ရာအတွက် စာမူတွေလည်း ကိုသင်ကာရဲ့ လေဘီယာတွေ သောက်ပြီး အတတ်နိုင်ဆုံး ကောင်းအောင် ရေးပြီး ပို့ပေးပါ့မယ်ဗျာ။း)
-
3 Comments:
အခုမှပဲ အစအဆုံးဖတ်ဖြစ်တော့တယ်။ ဇာတ်သိမ်းလေးလှလိုက်တာ။ အရမ်းကောင်းတယ် ကိုမင်းကျန်စစ်ရေ။
မိုက်လှချည်လားဟ...ရေးတဲ့သူကိုရော..၀ိုင်းပြီးကူညီ လုပ်ပေးကြတဲ့သူတွေကိုရော လေးစားတယ်ကွာ..။
ကိုသင်ကာရဲ့ အိုင်ဒီယာ ၊ ပန်းချီလက်ရာနဲ့ ကိုဟန်သစ်ငြိမ်ရဲ့ အတွင်းဒီဇိုင်း အပြင်အဆင်တွေက မိုက်တယ်ကွချာတယ်ရင်းလေးရ...း)
ခုလိုဆိုတော့လည်း ဟုတ်လှချည်လားကွ ဖတ်ရတာ ပိုအဆင်ပြေသွားတာပေါ့ကွာ...း)
Post a Comment