မနေ့က (၁၃.၄.၀၈) သင်္ကြန်အကျနေ့မှာ ကျွန်တော်တို့ ဒီမှာအတူတူရှိနေကြတဲ့ သူငယ်ချင်း (Blogger)တွေ ပထဆုံးအကြိမ် စုံစုံလင်လင် ဆုံဆည်းခဲ့ကြပါတယ်။ သင်္ကြန်တွင်းမှာ သူများတွေ ကိုယ်စီကိုယ်စီ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ပါးနေတဲ့အချိန်မှာ ကျွန်တော်တို့လည်း အမှတ်တရလေး ဖြစ်သွားအောင် အခုလို ဆုံကြဖို့ စီစဉ်လိုက်ကြတာ ဖြစ်ပါတယ်…။
အဲဒီနေ့က ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုလေးဟာ အပျော်သဘော အမှတ်တရ သဘောမျိုး တစ်ခု တည်းအတွက် သီးသန့်မဟုတ်ပဲ မကြာခင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး တည်ထောင်ကြမယ့် Website လေးတစ်ခုအကြောင်းကို ဆွေးနွေး တိုင်ပင်ကြဖို့လည်း ပါဝင်ပါတယ်။ ထို Website လေးမှာတော့ ကျွန်တော်တို့ တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းအရာများ၊ ကျွန်တော်တို့ ဖန်တီးထားတဲ့ အနုပညာများနဲ့အတူ အခြားအခြားသော အကျိုးရှိနိုင်တဲ့ အခန်းကဏ္ဍများကို ထည့်သွင်းသွားဖို့ ရည်ရွယ် ထားပါတယ်။
ကျွန်တော်တို့ဆုံဆည်းမှုရဲ့ ပထမခရီးစဉ်အနေဖြင့် Парк Культуры (Park Of Cultre) လို့ ခေါ်တဲ့ ပန်းခြံကို ပထမဆုံး စတင်ချီတက်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ၀မ်းတွင်းသာယာစိုပြေရေးကိုလည်း အဲဒီ့နေရာမှာပဲ ဖြေရှင်းပြီး အမှတ်တရ ဓါတ်ပုံတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ အဲဒီ့နောက်မှာတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ ရုရှားနန်းတော်ရင်ပြင် Красная Плошадь (Red Square) ကို ဆက်လက်ထွက်ခွာခဲ့ပြီး မှတ်တမ်းဓါတ်ပုံများဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့ အမှတ်တရ ဆုံဆည်းမှုလေးမှာ ထူးဆန်းမှုလော တိုက်ဆိုင်မှုလောမသိတဲ့ အဖြစ် အပျက်လေးတစ်ခုကိုတော့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်..။ ဘာလဲဆိုတော့ မိုးရွာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိနေထိုင်တဲ့ နေရာမှာ ဒီလိုအချိန်မျိုးမိုးရွာလေ့ ရွာထမရှိပါဘူး။ ဘာလို့ ကျွန်တော်က မိုးရွာတာကို အထူးအဆန်းတစ်ခုအနေနဲ့ ပြောရကြောင်းကို သိချင်ရင်တော့ အခုကျွန်တော်တို့ အစီအစဉ်မှာ ပါတဲ့သူများကိုဖြစ်ဖြစ် ကျွန်တော်တို့နှင့်အတူ တစ်နှစ်တည်း ကျောင်းအတူတူ တက်ခဲ့ကြတဲ့ တစ်ခြား သူငယ်ချင်းများကိုပဲ မေးကြည့်လိုက်ကြပါတော့ :)
ကျွန်တော်တို့ရဲ့ ဆုံဆည်းမှု အမှတ်တရနေ့ရက်လေးကို ကျွန်တော်တို့ ချစ်တဲ့ စာဖတ်သူများ၊ Blogger ညီအစ်ကိုများ၊ မောင်နှစ်များအားလုံးကို ဝေမျှရင်းနဲ့ “မင်္ဂလာနှစ်သစ်မှာ ကျွန်တော်တို့ချစ်တဲ့ မြန်မာပြည်သူ မြန်မာပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုတောင်းပေး လိုက်ပါတယ်။ ထို့အတူ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးသည်လည်း ယခု ထက်ပိုမို၍ စည်ပင်သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။”
Moscow River ကို တံတားပေါ်ကနေ မှတ်တမ်းတင်ထားတာပါ...
ဒါကတော့ (Park Of Cultre) ပန်းခြံအ၀င် ဂိတ်ဝမှာပါ... (Park Of Cultre) ပန်းခြံထဲမှာပါ... Red Square နားမှာရှိတဲ့ ကမ္ဘာ့မြေပုံပေါ်က အမိမြန်မာပြည် မြေပုံရှေ့မှာပါ... ရေမလာတဲ့ ရေပန်းကြီးဘေးမှာပါ... :P << ရေလာရင်တော်တော်လှပါတယ် :) >> ဒါကတော့....ဒီလိုပေါ့... :) လှေခါးထစ်လေးများ.... Moscow River နဲ့ အမှတ်တရ...
ကျွန်တော်တို့ သူငယ်ချင်းတစ်စုကတော့ မျှားပြာ ညိမ်းညို မောင်ကောင်းအောင် မင်းကျန်စစ် တင့်ထူးရွှေ နတ်ရှင်နောင် BLACK DREAM နဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ဘလော့ဂ်စဖွင့်မယ့် ကိုရင်ညိန်း တို့ဖြစ်ပါတယ်။
-
12 Comments:
ဟ..ဘာကောင်ကြီးတွေလဲ..။ ဂြိုလ်သားတွေထင် တယ်..။ တစ်ကောင်မှ ကောင်မလေးတွေ ခိုက်လောက်တဲ့ ရုပ်ရည်မပါ ပါလား :P ... အခုလို စောစောစီးစီး မြင်ဖူးထားတော့လည်း ဝေးဝေးကရှောင်လို့ရတာပေါ့... :P
Heey Hey Heey..,
Every where i go, i saw all your guys pictures.
U guys seen like Boys Band..., Gaw ma swan (hehe, Kidding) Popular Burmese Bloggers who studies in Russia, huh!!!
It's looked an awesome snaps and Glad you guys have unity together and have funs..,
All the best and keep rolling!!
Soe Mya Nandar Thet Lwin
မောင်မောင်ဂေါ်မစွံတွေကို ပုံနဲ့တင်ပြီး ကြေငြာပေးထားတာ ကျေးဇူးပါပဲ ကြံဖတ်ရာ... ဒါမှ ဝေးဝေးရှောင်လို့ ရမှာ... ဟီး... တူငယ်ချင်းတွေကို စုံစုံလင်လင်နဲ့ အ၀ဓာတ်ပုံကြည့်ခွင့်ရတာ ၀မ်းသာပါတယ်ဗျို့....
အဟမ်းအဟမ်း.... ရုပ်တွေကတော့ ကိုစိုးထက်ကြီး ပေးထားတဲ့အမည်နဲ့တောင် မတန်လောက်သေးဘူး.. ဟီးဟီး...
ဟဘယ်လိုဖြစ်ဒါလဲ သင်္ကြန်လျှေက်လည်ဒါ ဘယ်သူမှရေမလောင်းဘူးလား? <0_0> <0_0> Thanks for sharing LOL.. Lar mae nit twe mar yae soe de Thingyan le twe ya shi ze byarrr <-_->
မကြာခင်မှာပေါ်ပေါက်လာမယ့် နာ့ချာတယ်ရင်းတွေရဲ့တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းအရာများကို မျှော်လင့်စောင့်စားနေတယ်ကွ...း)
မင်္ဂလာနှစ်သစ်မှာ ချာတယ်ရင်းလေးလဲ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ နာဆုတောင်းပေး လိုက်တယ်နော်...း) နှစ်ဆန်းတစ်ရက်နေ့မှာ ဘလော့စဖွင့်မဲ့ ကိုညိမ်းညိုကိုလဲ ဘလော့ရပ်ဝန်းကနေကြိုဆိုပါတယ်လို့
ပြောလိုက်ပါဦးနော်ချာတယ်ရင်းလေး...း)
အမှတ်တရပုံလေးတေါအားလုံးကိုလဲ အမှတ်တရ ကြည့်သွားပါကြောင်း...:P
ဘူတူတွေလဲလို့ကြည့်နေတာ နာ့တယ်ရင်းတွေကိုးးး
ပဲများလိုက်တာလည်းလွန်ပါရော...ဟင်းကိုပျစ်လို့..း)
မျှားပြာ...ဘလက်ဒရင်းနဲ့ နတ်သျှင်နောင် ပဲလျှော့လို့ ဟိဟိ ဟင်းအရမ်းပျစ်နေပြီ...
တင့်ထူးရွှေ..ပုန်းမနေနဲ့ ထွက်ခဲ့လို့ (သူ့ကိုက်စားမှာကြောက်နေတယ်ထင်တယ် ...)ကုတ်တုတ်တုတ်လေး..း)
ငါ့သားမင်းကျန်စစ်ကတော့ ကျောမနေနဲ့ ဆရာကြီးဒီဇိုင်းနဲ့ ဟွန့် ကြည့်လို့ကိုမရဘူး (မမြင်ရလှို့) ဟိ
ကောင်းအောင် နင်အကျိင်္င်္ကိုငါမှတ်မိတယ်နော် (ဟိဟိ)
ကျန်တဲ့လူတွေတိဝူးးးးးးး
နာ့တယ်ရင်းပဲပဲတွေပဲတိတယ်...ဟိ
နာ့သားက ပဲများဆုံးပဲကွ...
အမေဆိုတော့သိတာပေါ့(ဟိဟိ)
တစ်ယောက်တစ်မျိုးဆီ
စတိုင်တွေ မလိုင်တွေနဲ့ပါလား
ဂေါ်မစွံတွေ ဟုတ်ပါ့မလား
စွံတယ်လို့ကြားတယ်နော် မျက်စိ မျက်စိ. :P
ရသအစုံပေးမယ့် ၀ဒ်ဆိုဒ်လည်း
အမြန်ဆုံး အကောင်အထည်ဖော်
အောင်မြင်နိုင်ပါစေနော်..
အားလုံးကို နှစ်သစ်နဲ့အတူ
အတာရေ အေးအေးလေး လောင်းပါတယ်
အေးချမ်းကြပါစေ..
ပဲများကြပုံကတော့ အထက်ကပြောတဲ့အတိုင်းပဲ.ဟဲဟဲ
ပဲဟင်းချက်ရင်နဲနဲ ပဲလျော့ကြပေါ့နော်..
ဆွယ်တာ အကျီင်္အဖြူနဲ့  အစ်ကိုကြီး အချောဆုံး ဟားဟား လှံနဲ့ ပစ်ခံရမှာဆိုးလို့  မြှောက်ပြောတာ :P
အိုးအိုးအိုး . . . အကိုကြီးတွေက ပဲအပြည့်နဲ့ပါလား။ ဟီးဟီး ။ ဘယ်သူကဘယ်သူမှန်းတော့မသိဘူး။ ဒါပေမယ့်အခုလိုမြင်ရတာဝမ်းသာပါတယ်။ ပဲကတော့တော်တော်များတယ်။ မိန်းကလေးတွေရှုံးပါ့။ ဟီးဟီး ။ အခုလိုဆုံကြတာ အားကျတယ်။ ပျော်စရာကြီးနေမှာပဲနော်။
ငါမပါတာနာသကွာ ...အဲဒီနေ့က ဘယ်လိုမှ မလိုက်နိုင်လို့ ။ :D ပျော်စရာကြီး ။
သူတို့ကိုယ်သူတို့ MTV ရိုက်နေတယ်များမှတ်နေသလား...မသိဘူး...။
ပဲတွေချည်း ...ပဲ..။
“တစ်ခါတုန်းက မော်စကိုမှာ” .. ဆိုပြီး ဇာတ်လမ်းရေးပြီး video ရိုက်ပါလား...။
လေးမ ဇာတ်ညွှန်းခွဲပေးမယ်...။
ပျော်စရာကြီးကွာ... ကောင်းတယ်... ကောင်းတယ်..
အမြဲံတမ်း စည်းစည်းလုံးလုံးနဲ့ပျော်ရွှင်ကြပါစေ...။
Post a Comment